၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အတွက် တိုင်းရင်းသားလူမျိုးရေးရာမဲဆန္ဒနယ်အပါအဝင် နိုင်ငံရေးပါတီပေါင်း (၁၂)ပါတီနှင့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက် တစ်သီးပုဂ္ဂလအပါအဝင် ကိုယ်စားလှယ်လောင်း စုစုပေါင်း (၅၄)ဦးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။

လွှတ်တော်မဲဆန္ဒနယ်ဖြစ်သော ပြည်သူ့လွှတ်တော် (၁)နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁၁) (၁)နေရာ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၂)နေရာဖြင့် စုစုပေါင်း (၄)နေရာရရှိသော ဘီးလင်းမြို့နယ်တွင် နိုင်ငံရေးပါတီ (၉)ခုက ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ဘီးလင်းမြို့နယ်ရှိ မဲဆန္ဒနယ်နေရာ(၄)ခုစလုံး၌ ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာပြည့် အနိုင်ရရှိခဲ့ကာ ယခု(၂၀၂၀)အထွေထွေရွေးကောက်ပွဲတွင် ဘယ်ပါတီက အနိုင်ရမလဲဆိုတာကို စောင့်ကြည့်ရမည်ဖြစ်သည်။

သံလွင်တိုင်းမ်သတင်းဌာနအနေဖြင့် ဘီးလင်းမြို့နယ်မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများ၏ အရေအတွက်အပြင် မဲဆန္ဒနယ်အလိုက် ဝင်ရောက်မည့် ပါတီအမည်၊ ပါတီအမှတ်တံဆိပ်နှင့် ကိုယ်စားလှယ်လောင်းအမည်တို့ကိုလည်း မဲဆန္ဒရှင်များအထောက်အကူပြုရန် အလို့ငှာ စုစည်းဖော်ပြထားပါသည်။

သံလွင်တိုင်းမ်သတင်းဌာန ရွေးကောက်ပွဲပညာပေးရေးအစီအစဉ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.