၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အတွက် တိုင်းရင်းသားလူမျိုးရေးရာမဲဆန္ဒနယ်အပါအဝင် နိုင်ငံရေးပါတီပေါင်း (၁၃)ပါတီ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၂)ဦးနှင့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက် တစ်သီးပုဂ္ဂလအပါအဝင် ကိုယ်စားလှယ်လောင်း စုစုပေါင်း (၅၀)ဦးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။
လွှတ်တော်မဲဆန္ဒနယ်ဖြစ်သော ပြည်သူ့လွှတ်တော် (၁)နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁) (၁)နေရာ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၂)နေရာဖြင့် စုစုပေါင်း (၄)နေရာရရှိသော ကျိုက်မရောမြို့နယ်တွင် နိုင်ငံရေးပါတီ (၉)ခုက ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ကျိုက်မရောမြို့နယ်ရှိ မဲဆန္ဒနယ်နေရာ(၄)ခုစလုံး၌ ပြည်ခိုင်ဖြိုးပါတီက (၃)နေရာ အနိုင်ရရှိခဲ့ပြီး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက (၁)နေရာအနိုင်ရရှိခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၃)နေရာနှင့် ပြည်ခိုင်ဖြိုးပါတီက (၁)နေရာ အနိုင်ရရှိခဲ့ကာ ယခု(၂၀၂၀)အထွေထွေရွေးကောက်ပွဲတွင် ဘယ်ပါတီက အနိုင်ရမလဲဆိုတာကို စောင့်ကြည့်ရမည်ဖြစ်သည်။
သံလွင်တိုင်းမ်သတင်းဌာနအနေဖြင့် ကျိုက်မရောမြို့နယ်မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများ၏ အရေအတွက်အပြင် မဲဆန္ဒနယ်အလိုက် ဝင်ရောက်မည့် ပါတီအမည်၊ ပါတီအမှတ်တံဆိပ်နှင့် ကိုယ်စားလှယ်လောင်းအမည်တို့ကိုလည်း မဲဆန္ဒရှင်များအထောက်အကူပြုရန် အလို့ငှာ စုစည်းဖော်ပြထားပါသည်။
သံလွင်တိုင်းမ်သတင်းဌာန ရွေးကောက်ပွဲပညာပေးရေးအစီအစဉ်