မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအရ နိုင်ငံရေးပါတီများနည်းတူ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများသည်လည်း ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

မွန်ပြည်နယ်၌ ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၃)ဦး၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၂၂)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၁၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်ရှိ ချောင်းဆုံမြို့နယ်မှ လွဲပြီး ကျန်(၉)မြို့နယ်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ရွေးကောက်ပွဲ (၃)ကြိမ်တွင် စံချိန်တင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းလည်းဖြစ်သည်။ရွေးကောက်ပွဲတိုင်းတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ၏ အခန်းကဏ္ဍကြီးကြီးမားမားရှိသော်လည်း ၂၀၁၀၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲများတွင် အနိုင်ရခဲ့ခြင်းမရှိခဲ့ပေ။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် ကျိုက်ထို၊ ဘီးလင်း၊ ပေါင်၊ မုဒုံမြို့နယ်များမှ လွဲပြီး ကျန်မြို့နယ်များတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ၏ အောင်နိုင်ခြေအခြေအနေကို နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၏ ရလဒ်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

သံလွင်တိုင်းမ်သတင်းဌာနရွေးကောက်ပွဲပညာပေးအစီအစဉ်(နှစ်အလိုက်စာရင်းများကို ပုံတစ်ခုခြင်းစီတွင် ကြည့်ရှုနိုင်သည်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.