၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ကျင်းပသည့် ရွေးကောက်ပွဲများဖြစ်သော ၂၀၁၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၂၀ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတို့တွင် မွန်ပြည်နယ်၌ ပါတီယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများစာရင်းကို သံလွင်တိုင်းမ်သတင်းဌာနမှ ပြုစုထုတ်ပြန်လိုက်ပါသည်။
၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၇)ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့က အနိုင်ရရှိခဲ့သည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၁၈)ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့က အနိုင်ရရှိခဲ့သည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီ (၁၇)ခုက စာရင်းသွင်းထားကြသည်။ရွေးကောက်ပွဲသုံးကြိမ်စလုံးတွင် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
သံလွင်တိုင်းမ်သတင်းဌာန
ရွေးကောက်ပွဲပညာရေးပေးရေးအစီအစဉ်