လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်ရှိ မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီ (၁၇)ခုမှ ကိုယ်စားလှယ်လောင်း (၂၉၁)ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၁၁)တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့မှာ မွန်ပြည်နယ်၏ မဲဆန္ဒနယ်အားလုံးဖြစ်သော (၄၅)နေရာလုံးကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။မွန်ပြည်နယ်အခြေစိုက် မွန်ညီညွတ်ရေးပါတီကမူ သထုံနှင့် ဘီးလင်းမဲဆန္ဒနယ်အပါအဝင် ကရင်တိုင်းရင်းသားရေးရာနှင့် ပအိုဝ်းတိုင်းရင်းသားရေးရာမဲဆန္ဒနယ်မပါဘဲ ကိုယ်စားလှယ်လောင်း (၃၅)ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့မှာ ကိုယ်စားလှယ်လောင်း (၂၂)ဦးစီ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။

အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၂)နေရာအတွက် ကိုယ်စားလှယ်လောင်း (၇၈)ဦး ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၁၀)နေရာအတွက် ကိုယ်စားလှယ်လောင်း (၆၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။

မွန်ပြည်နယ်ရှိ မဲဆန္ဒနယ် (၄၅)နေရာစလုံးကို ဘယ်နိုင်ငံရေးပါတီက အများဆုံးအနိုင်ရရှိမလဲဆိုတာကိုတော့ လာမယ့် နိုဝင်ဘာလ (၈)ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်ရတော့မည်ဖြစ်သည်။

သံလွင်တိုင်းမ်သတင်းဌာန

ရွေးကောက်ပွဲပညာပေးရေးအစီအစဉ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.