၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အတွက် တိုင်းရင်းသားလူမျိုးရေးရာအတွက် အပါအဝင် နိုင်ငံရေးပါတီပေါင်း(၁၃)ပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း(၁)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

လွှတ်တော်မဲဆန္ဒနယ်ဖြစ်သော ပြည်သူ့လွှတ်တော် (၁)နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၄)နှင့် (၅) ပေါင်း (၂)နေရာ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၂)နေရာဖြင့် စုစုပေါင်း (၅)နေရာရရှိသော မော်လမြိုင်တွင် နိုင်ငံရေးပါတီ (၅)ခုက နေရာပြည့် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်နေရာ(၅)ခုစလုံး၌ ပြည်ခိုင်ဖြိုးပါတီအနိုင်ရရှိခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာပြည့်အနိုင်ရရှိခဲ့ကာ ယခု(၂၀၂၀)အထွေထွေရွေးကောက်ပွဲတွင် ဘယ်ပါတီက အနိုင်ရမလဲဆိုတာကို စောင့်ကြည့်ရမည်ဖြစ်သည်။

မွန်ပြည်နယ် (၁၀)မြို့နယ်ထဲတွင် မဲပေးသူအများဆုံးဖြစ်သော မော်လမြိုင်မြို့သည် ရွေးကောက်ပွဲများတွင် ပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိပြီး အနိုင်အရှုံးသဲကွဲသည့် ဖြစ်စဉ်များလည်းရှိသည်။

သံလွင်တိုင်းမ်သတင်းဌာနအနေဖြင့် မော်လမြိုင်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများ၏ အရေအတွက်အပြင် မဲဆန္ဒနယ်အလိုက် ဝင်ရောက်မည့် ပါတီအမည်၊ ပါတီအမှတ်တံဆိပ်နှင့် ကိုယ်စားလှယ်လောင်းအမည်တို့ကိုလည်း မဲဆန္ဒရှင်များအထောက်အကူပြုရန် အလို့ငှာ စုစည်းဖော်ပြထားပါသည်။

သံလွင်တိုင်းမ်သတင်းဌာနရွေးကောက်ပွဲပညာပေးရေးအစီအစဉ်မှတ်ချက်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.