September 2, 2020

သောင်းနဲ့ချီတဲ့ မသန်စွမ်းတွေ မဲပေးခွင့်ဆုံးရှုံးနေတယ်လို့ မွန်ပြည်နယ် မသန်စွမ်းသူများအသင်း ဥက္ကဌဆို

မော်လမြိုင် ၊ စက်တင်ဘာ (၂) ၂၀၂၀ အထွေထွေရွေးကောက်အတွက် သောင်းနဲ့ချီတဲ့ မသန်စွမ်းတွေ မဲပေးပိုင်ခွင့် ဆုံးရှုံးနေတယ်လို့ မွန်ပြည်နယ် မသန်စွမ်းသူများအသင်း ဥက္ကဌ စောအောင်သိမ်းတင်က ပြောပါတယ်။ မွန်ပြည်နယ် မသန်စွမ်းသူများအသင်းက ကောက်ခံရရှိထားတဲ့စာရင်းတွေအရ မွန်ပြည်နယ်အတွင်းမှာ အသက် ၁၈ နှစ်နဲ့အထက် မဲပေးပိုင်ခွင့်ရှိတဲ့ မသန်စွမ်း အနည်းဆုံး နှစ်သောင်းလောက် ရှိနေပေမယ့် ပထမအကြိမ် ကပ်ထားကြေညာတဲ့ မဲစာရင်းမှာတော့…

ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလတွေ အောင်နိုင်ချေနည်းပါးဟု မွန်နိုင်ငံရေးလေ့လာသူတွေ သုံးသပ်

မော်လမြိုင် ၊ စက်တင်ဘာ (၂) ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်း ယှဉ်ပြိုင်ကြမယ့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေဟာ အောင်နိုင်ခြေနည်းပါးတယ်လို့ မွန်နိုင်ငံရေးလေ့လာသူတွေက သုံးသပ်လိုက်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲဟာ ၂၀၁၅ ရွေးကောက်ပွဲထက် ယှဉ်ပြိုင်မှုပိုမိုပြင်းထန်ပြီး မဲဆန္ဒရှင်တွေဟာ ပါတီကိုအခြေခံပြီး ရွေးချယ်ကြမှာဖြစ်လို့ နောက်ခံအင်အားအခြေအနေတွေကြောင့် တစ်သီးပုဂ္ဂလတွေ အောင်နိုင်ချေနည်းတယ်လို့ ဆိုပါတယ်။ ” မွန်ပြည်နယ်အတွင်းမှာ တစ်သီးပုဂ္ဂလတွေနိုင်ဖို့ သိပ်မလွယ်လှဘူးလို့ထင်တယ်၊ ဘာကြောင့်လဲဆို‌တော့၊ မွန်ပြည်နယ်အတွင်းယှဉ်ပြိုင်မှုက…