August 14, 2020

ကိုဗစ်ကြောင့်ကျောက်ပုဇွန် မွေးမြူးရေးလုပ်ငန်းဆက်လက် လုပ်ကိုင်ဖို့အခက်တွေ့

ရေး ၊ ဩဂုတ် (၁၄) ကိုဗစ်-၁၉ အကြပ်အတည်းကာလမှာ ပြည်ပဈေးကွက်အဝယ်မရှိတာကြောင့် ဈေးနှုန်းထက်ဝက် ကျော်ကျဆင်းခဲ့လို့ ကျောက်ပုဇွန်မွေးမြူးရေးလုပ်ငန်း ဆက်လက်လုပ်ကိုင်ဖို့ လုပ်ငန်းရှင်တွေ အခက်တွေ့နေပါတယ်။ ကိုဗစ်-၁၉ ကြောင့် ပြည်တွင်းဈေးကွက်မှာသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကျောက်ပုဇွန် တစ်ကီလိုကို ၁၈၀၀၀ ကျပ်ခန့်သာဈေးရခဲ့ပြီး ပြည်ပအဝယ်ရှိစဉ်က တစ်ကီလို ၃၉၀၀၀ ကျပ်အထိ စျေးရရှိခဲ့တာပါ။ ” နောက်လဆို ရာသီပြန်စပြီဆိုပေမယ့် ဈေးကွက်အနေအထားကမကောင်းဘူးဆိုရင်…