February 2019

အသက်(၁၅)နှစ်အရွယ် မိန်းကလေးကိုယ်ဝန်ရရှိခဲ့မှုအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ငွေကျပ်(၅)သိန်းဖြင့် ကျေအေးပေးခဲ့

မော်လမြိုင်၊ ဖေဖော်ဝါရီ ၅ မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့တွင်နေထိုင်သည့် အသက်(၁၅)နှစ်အရွယ် မိန်ကလေးကိုယ်ဝန်ရရှိခဲ့မှုအား ကျူးလွန်သည်ဟု တိုင်ကြားခံရသူက လျော်ကြေးငွေ ကျပ်(၅)သိန်းနှင့်လာရောက်ညှိနှိုင်းမှုကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက ကျေအေးပေးခဲ့ကြောင်း သိရသည်။ အသက်(၁၅)နှစ်အရွယ် မိန်းကလေးနှင့် အိမ်နီးချင်းဖြစ်သူ ကိုမျိုးအောင် (၂၅)နှစ်တို့မှာ ၂၀၁၈ခုနှစ် ဧပြီလမှစတင်၍ ချစ်ကြိုက်ခဲ့ရာမှ မိန်းကလေးဘက်မှ ကိုယ်ဝန် ၅လ ရရှိချိန်တွင် ကိုမျိုးအောင်မှတာဝန်မယူလိုသည့်အတွက် မိန်းကလေး၏အဖွားက…

မူးယစ်ဆေးဝါးပြဿနာကို သုံးနှစ်ကြာသည့်တိုင် အောင်မြင်စွာ မတားဆီးနိုင်သေးဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ပြော

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂ မွန်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် မူးယစ်ဆေးဝါးပြဿနာများကို ပြည်နယ်အစိုးရသက်တမ်း (၃)နှစ်ကြာသည့်တိုင် အောင်မြင်စွာမတားဆီးနိုင်သေးဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ဒုတိအကြိမ်လွှတ်တော် (၃)နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြောကြားခဲ့သည်။ မွန်ပြည်နယ်အတွင်းရှိ ကျေးရွာများတွင် ဘိန်းစာရွက်ကိုပြုတ်၍ ကိုကာကိုလာနှင့် ရောနှောသောက်သုံးသည့်အလေ့အကျင့်ကို အဆိုးဝါးဆုံးတွေ့ရှိနေရကြောင်း ဒေါက်တာအေးဇံက ပြောသည်။ “ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ အရေးယူဆောင်ရွက်မှုတွေဟာ အင်မတန်ကိုများပြားတယ်ဆိုပေမယ့်လည်း အောင်မြင်တဲ့အခြေအနေ နဂိုအခြေအနေထက်ပိုမဆိုးအောင် ထိန်းချုပ်နိုင်တဲ့အခြေအနေပဲရှိပြီးတော့ ပိုပြီးတိုးတက်အောင်မြင်လာတဲ့အခြေအနေကို မတွေ့ရှိရပါဘူး “…