March 27, 2018

စစ်တောင်းစက္ကူစက်တွင် ရင်နှီးမြှုပ်နှံခွင့်ရရန် ကိုရီးယားကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့ မွန်ပြည်နယ်အစိုးရအဖွဲ့ထံ လာရောက်တင်ပြ

မော်လမြိုင်၊ မတ် ၂၇ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာရှိ စစ်တောင်းစက်က္ကူစက်တွင် ရင်နှီးမြှုပ်နှံခွင့်ရရန် ကိုရီးယားနိုင်ငံမှ Korea Industrial Complex ကုမ္ပဏီနှင့် တရုတ်နိုင်ငံမှ Famsun Agriculture Industry Zone ကုမ္ပဏီတို့ မွန်ပြည်နယ်အစိုးရအဖွဲ့ထံ လာရောက်တင်ပြကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်သားလူမျိုးရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်က ပြောကြားသည်။ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ကိုရီးယားနိုင်ငံမှ Korea Industrial Complex…

စိမ်းလဲ့တင်အပန်းဖြေစခန်းသည် လုပ်ငန်းလိုင်စင် မရှိသေးဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း ပြော

မော်လမြိုင်၊ မတ် ၂၇ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ စိမ်းလဲ့တင်အပန်းဖြေစခန်းသည် လုပ်ငန်းလိုင်စင် မရှိသေးကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း ပြောသည်။ မွန်ပြည်နယ်လွှတ်တော်မှ အတည်ပြုပြဌာန်းထားပြီးဖြစ်သည့် အပန်းဖြေစခန်းများ၊ တိရိစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ်ဥပဒေအရ ကော်မတီများဖွဲ့စည်းခြင်း၊ ခွင့်ပြုချက်လိုင်စင်များထုတ်ပေးခြင်းများကို ဆောင်ရွက်ခွင့်ရှိရာ ဥပဒေအရ သဘောတူခွင့်ပြုချက် လိုင်စင်များထုတ်ပြန်ပေးခဲ့သည့် လုပ်ငန်းများအခြေအနေကို သထုံမြို့နယ်၊ မဲဆန္ဒနယ်မြေ(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်…

မွန်ပြည်သစ်ပါတီဦးဆောင်ကျင်းပမည့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲရက်ရွှေ့ဆိုင်း

ရေး ၊ မတ် ၂၆ မွန်ပြည်သစ်ပါတီကဦးဆောင်ကျင်းပမယ့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို လာမယ့် ဧပြီလ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ ရေးမြို့မှာပြုလုပ်ရန် လျာထားခဲ့ပေမယ့် အဆိုပါအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမတိုင်ခင် လူထုတွေ့ဆုံရှင်းလင်းပွဲများပြုလုပ်ရန် လိုအပ်တဲ့အတွက် ရက်ရွှေ့ဆိုင်းလိုက်သည်ဟု သိရသည်။ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်း မွန်ပြည်သစ်တပ်တည်နေရာတွေမှာ လူထုတွေ့ဆုံရှင်းလင်းပွဲလုပ်ရန် ယခုလအစောပိုင်းက စီစဉ်ခဲ့သော်လည်း တပ်မတော်မှ လူဦးရေကန့်သတ်မှုအပေါ် နားလည်မှုရအောင် ဆက်လက်ညှိနှိုင်းနေဆဲဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်…

နိုင်ငံရေးဆိုတာ ဝန်ဆောင်မှုလုပ်ငန်းဖြစ်ပြီး ကုန်ထုတ်လုပ်ငန်း မဟုတ်ဟု ဦးကိုကိုကြီး ပြော

မော်လမြိုင်၊ မတ် ၂၅ နိုင်ငံရေးဆိုတာ ဝန်ဆောင်မှုလုပ်ငန်းဖြစ်ပြီး နိုင်ငံရေးက ကုန်ထုတ်လုပ်ငန်း မဟုတ်ကြောင်း နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ တာဝန်ခံ ဦးကိုကိုကြီးက မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်တွင် မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ (မွန်ပြည်နယ်)ရုံး ဖွင့်ပွဲအခမ်းအနားတွင် ပြောဆိုခဲ့သည်။ “နိုင်ငံရေးကို ရိုးရိုးရှင်းရှင်းလေ အဓိပ္ပါယ်ဖွင့်ရင် နိုင်ငံရေးဆိုတာ ဝန်ဆောင်မှုပေးတာပါပဲ။ တကယ်တော့ နိုင်ငံရေးက ကုန်ထုတ်လုပ်ငန်းမဟုတ်ဘူး။…