Burma News International(BNI) မှ တိုင်းရင်းမီဒီယာညီလာခံကို 2013 ခုနှစ်မှ စတင်ပြီး တစ်နှစ်တစ်ကြိမ် ကျင်းပလာခဲ့သည်မှာ ၅ ကြိမ်မြောက် ရှိခဲ့ပြီ ဖြစ်သည်။

၆ ကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံကို ၂၀၁၈ ခုနှစ် ဧပြီ(၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ ကရင်ပြည်နယ် ဘားအံမြို့တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

အဆိုပါ တိုင်းရင်းမီဒီယာညီလာခံတွင် စာတမ်းများကိုလည်း ဖတ်ကြားသွားမည် ဖြစ်ပါသည်။
လက်ခံသွားမည့်စာတမ်းခေါင်းစဉ်များမှာ–

(၁) တိုင်းရင်းသားမီဒီယာဖွံ့ဖြိုးရေးအတွက် အကြံပြုချက်စာတမ်း။

(၂) တိုင်းရင်းသားဒေသအတွင်း လွတ်လပ်စွာ သတင်းရယူရေး။

(၃) တိုင်းရင်းသားစာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုများအား မီဒီယာမှတဆင့် မြှင့်တင်ရေး၊

(၄) ငြိမ်းချမ်းရေးကာလအတွင်း သတင်းယူနေသော သတင်းထောက်များ၏ လုံခြုံရေး။

(၅) တိုင်းရင်းသားဒေသအတွင်း မီဒီယာလုပ်ငန်းများ ထူထောင်ရေး။ တို့ဖြစ်ပါသည်။

ထိုစာတမ်းများအား ညီလာခံကျင်းပရေးကော်မီတီသို့ အောက်ပါအီးမေးလိပ်စာဖြင့် ၂၀၁၈ခုနှစ်၊

မတ်လ (၃၁)ရက်နေ့ နောက်ဆုံးထား ပေးပို့နိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Nan Paw Gay (EMC2018 Chairwoman) pawtgyi@gmail.com

Nyo Min (EMC2018 Secretary) md@bnionline.net

Thi Thi Mon (EMC2018 member) ygnoffice@bnionline.net

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.