မော်လမြိုင်၊ ဧပြီ ၅

သင်္ကြန်ပွဲတော်ကာလတွင် ဒုစရိုက်မှုကျူးလွန်သူများနှင့်မင်းမဲ့စရိုက်ဆန်ဆန် ရမ်းကားမှု များ၊ ခိုက်ရန်ဖြစ်ပွားမှုများ၊ ပြည်သူများအပေါ် အနှောင့်အယှက်ဖြစ်စေမည့်

အပြုအမူလုပ်သူများကို ဖမ်းဆီး ပြီးနေ့ချင်းပြီးဆောင်ရွက်နိုင်ရန် အထူးတရားရုံးများကို ဖွင့်လှစ်သွားမည်ဟု တရားရေးဦးစီးမှူးရုံးထံမှ သိရသည်။

မော်လမြိုင်မြို့အပါအဝင် ကျန်မြို့နယ်များတွင် အထူးတရားရုံးများကို သင်္ကြန်ပွဲတော်ကာလ တွင် နံနက် ၉နာရီခွဲ မှ ညနေ ၄နာရီခွဲ ထိဖွင့်လှစ်သွားမည်ဖြစ်ပြီး တရားသူကြီးများနှင့် တရားစွဲ အဖွဲ့ များက ရဲဘက်ကတင်အပ်လာသော ဥပဒေဖြစ်စဉ်များကို ယမန်ရယူ၍ စစ်ဆေးသွားမည်ဟု သိရ သည်။

“သင်္ကြန်ကာလအတွင်းမှာ တရားဥပဒေစိုးမိုးရေးနဲ့ စပ်လျဉ်းပြီးတော့ အခက်အခဲ မရှိအောင် တရားရုံးတွေဖွင့်သွားမယ်။ သင်္ကြန်ကာလမှာ တရားစွဲတင်ရလောက်တဲ့အမှုတွေ မရှိဘူး” မြို့နယ် တရားစီရင်ရေးမှူး ဒေါ်ကြည်ကြည်စိန်က ပြောသည်။

ယမန်နှစ်မဟာသင်္ကြန်ပွဲတော်ကာလတွင် ယမန်ရယူခဲ့သောအမှု (၁၁)မှုသာရှိခဲ့ပြီး ရဲဘက်က တရားစွဲဆိုရန် တင်လာသော အမှု(၄)မှုသာ ရှိခဲ့ကြောင်းသိရသည်။

သတင်း – နောင်ခန့်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.