January 2017

ငါးရံ့ဆန်လှော်ပြုတ်

ငါးရံ့ကို အကြေးသင် ရေစင်စင်ဆေးထားပါ။ အိုးကို အပူပေးပြီး ပူလာလျှင် ဆန်လက်တဆုပ် ၏ သုံးပုံတစ်ပုံခန့်ကို လှော်ပါ။ ဆန်ကို နီလာသည်အထိလှော်ပါ။ ဆန်နီလာလျှင် ဓါးပြားရိုက်ထားသော ဂျင်း၊ ကြက်သွန်ဖြူ၊ စပါးလင်၊ ရေကိုထည့်ပါ။ ငါးထည့်ပါ။ ဆနွင်းအနည်းငယ်ထည့်ပါ။ ဆီကိုလည်း ဇွန်းတဝက်ခန့်ထည့်ပါ၊ဆားထည့်ပါ။ မီးဖုတ်ထားသော မျှင်ငပိထည့်ပါ။ ရေဆူလာပြီး ဆန်လှော်နူးလာ သည် အထိချက်ပါ။ ဆန်လှော်နူးလာလျှင် အပေါ့အငန်မြည်း…

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကိုယ်စားလှယ်လောင်း ဦးမင်းဝင်းထွဋ်နှင့်တွေ့ဆုံခြင်း

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိပါက ဥပဒေပြုရေးမဏ္ဍိုင်ကို အဓိကလုပ်ဆောင်သွားမယ် ဆိုတဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကိုယ်စားလှယ်လောင်း ဦးမင်းဝင်းထွဋ်နှင့်တွေ့ဆုံခြင်း တွေ့ဆုံမေးမြန်းသူ – TU Arkar Min မေး- အန်ကယ့်အနေနဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပုံလေးလည်း ပြောပြပါဦး။ ဖြေ-ကျွန်တော်တို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကနေ ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက် ကိုယ်စားလှယ်လောင်း သုံးယောက်ထဲကနေ ရွေးချယ်ခဲ့တာပါ။ အစည်းအဝေးမှာ အတည်ပြုထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက…

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း နိုင်စိန်မြမောင်နှင့်တွေ့ဆုံခြင်း

ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပါက တိုင်းရင်းသားလက်နက်ကိုင်များအပါအဝင် တိုင်းရင်းသား အားလုံးကို ယဉ်ကျေးမှုနှင့် ဘာသာရေးများမခွဲခြားဘဲ ချစ်ခင်ရင်းနှီးအောင် လုပ်ဆောင်သွားမယ်ဆိုတဲ့ မွန်အမျိုးသားပါတီ(MNP) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း နိုင်စိန်မြမောင်နှင့်တွေ့ဆုံခြင်း ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် လစ်လပ်နေရာအတွက် ပါတီငါးခုမှ ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခဲ့ရာ မွန်အမျိုးသား ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း နိုင်စိန်မြမောင်(ခ)နိုင်မြမောင်လည်း ပါဝင်ခဲ့သည့်အတွက် သံလွင် တိုင်းမ်နှင့်တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်များကို ဖော်ပြလိုက်ပါသည်။…

အမေရိကန်သမ္မတသစ်၏မူဝါဒနှင့် အာဆီယံဒေသအရေး

ထဝ် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးဆင်းချိန်မှစတင်ပြီး ကျမ်းကျိန်ရာထူးလက်ခံချိန်အထိ အမေရိ ကန်သမ္မတအဖြစ်ရွေးကောက်ခြင်းခံထားရသူ ဒေါ်နယ်လ်ထရမ့်ရဲ့ကနဦးတစ်ကိုယ်တော်ဧကစာရီ ဝါဒ ဘက်ယိမ်းယိုင်မှုဟာ အမေရိကန်သာလျင်ပထမဦးစားပေးဆိုတဲ့ ပထဝီမဟာဗျူ ဟာမန္တာန်အောက်မှာ ခြေမန်းကွင်းစွပ်ခံရတဲ့နိုင်ငံခြားရေးမူဝါဒဘက်ကို တဖြေးဖြေးပုံပြောင်းလာနေပါတယ်။

အဖိုးတန်မြေမှသည် ကမ်း တဖက်ဆီသို့

Generation Focused Monitor “ ….. ဒါဒို့ပြည်..ဒါဒို့မြေ..ဒို့ပိုင်တဲ့မြေ..ဒို့ပြည်..ဒို့မြေ..အကျိုးကို ညီညာစွာ ဒို့တစ်တွေ..ထမ်းဆောင်ပါစို့လေ.. ဒို့တာဝန်ကျေ..အဖိုးတန်မြေ…” ဆိုသည့် နိုင်ငံတော်သီချင်းက မြန်မာ – ထိုင်း နယ်စပ်ဖြစ်သည့် မြဝတီမြို့ တစ်မြို့လုံးကို လွှမ်းခြုံထားစဉ် လူအချို့က သွားလာလှုပ်ရှားမှုများကို ရပ်ပြီး ငြိမ်သက်စွာ

မရဲဘဲ ကျွဲမဲစီးနေပြီး ဘူးလေးရာ ဖရုံဆင့်နေသူ

TU Arkar Min ဝန်ကြီးဌာနနှစ်ခုကို လွှဲပြောင်းပေးရန် စိတ်ကူးခဲ့သည့်အတွက် သံလွင်တိုင်းမ်က မေးမြန်းသည့်အခါ “ပညာရှင်တွေကို ရှာနေတုန်းပါပဲ” ဟု ပြောကြားချက်အရ ဝန်ကြီးချုပ် သည် မွန် ပြည်နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် စည်ပင်သာယာရေးတို့မှ တတ် ကျွမ်းသည့် ပညာရှင် များကို ယခုအချိန်အထိတိုင် ရှာမတွေ့နိုင်သေးကြောင်း ထောက်ပြ နေသည်ဟုပင် ဆိုရမည်။

ရွှေမှုံရတီကို အကယ်ဒမီ ရစေချင်တယ်ဆိုတဲ့ ညီမဖြစ်သူ ငွေမှုံရတီနှင့်တွေ့ဆုံခြင်း

သရုပ်ဆောင် ငွေမှုံရတီဟာ ၂၀၁၇ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထပ်မံဖြေဆိုဖို့ရှိနေသလို လက်ရှိအချိန်မှာ ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးနေပြီဖြစ်တဲ့အတွက် လက်ရှိအနုပညာလှုပ်ရှားမှုတွေ နဲ့ပတ်သတ်ပြီး သံလွင်တိုင်းမ်က မေးမြန်းထားတာတွေကို တင်ဆက်ပေးလိုက်ပါတယ်။