မူဝါဒရေးရာဂုရုတွေက ထရမ့်ရဲ့မူဝါဒတွေနဲ့ပတ်သက်ပြီး ဘယ်လောက်ပဲ အဆက်မပြတ်ရေး နေပါစေ အသစ်တက် လာမယ့် အစိုးရအနေနဲ့ ပထမဦးဆုံးနေ့မှာပဲ အိုဘားမားအစိုးရက အကြိမ်ကြိမ် ကျဆုံးခဲ့တဲ့ ကိုင်တွယ်ရမယ့်စိန်ခေါ်မှုတွေ အများကြီး ရှိပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အပြု အမူနဲ့ပတ်သက်ပြီး

အမေရိကန်အစိုးရအနေနဲ့ ဖိဖိစီးစီးကိုင်တွယ်ရမယ့် နိုင်ငံတကာ ဖိအားမရှိတော့ဘူး လို့တောင် ကျနော့်အနေနဲ့ငြင်းချက်ထုတ်ချင်ပါတယ်။ အာရှတိုက်ထဲက ဒေသတွင်းအစီအစဉ်တွေဟာ သူတို့ အကြိုက်မဟုတ်နေတဲ့အတွက် ပြောင်းလဲပစ်ဖို့ တရုတ်အနေနဲ့ ရည်မှန်းထားတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပဲ ပြောခဲ့ပါတယ်။ အရှေ့တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံဟာ ဂျပန်ကို တွန်းအားပေး မှုတွေလုပ်ပါတယ်။ ထိုင်ဝမ်ဟာ ပြန်လည်ပေါင်းစည်းဖို့အတွက် မိခင်နိုင်ငံကို ပြန်လာရမယ်လို့ဆိုပါ တယ်။

ဒီလို အပြောင်းအလဲတွေဟာ အမေရိကန်ရဲ့အမျိုးသားအကျိုးစီးပွားကို တိုက်ရိုက်ရိုက်ခတ်နေ တဲ့ပြင် ဝါရှင်တန်အစိုးရ အနေနဲ့ အကာအကွယ်ပေးဖို့ ကျမ်းကျိန်ထားတဲ့နိုင်ငံတွေကို ထိပါးနေပါတယ်။ ဒါ့အပြင် ဒီလိုပြုမူပြောဆိုလာတာဟာ အမေရိကန်ကို အလုပ်အကိုင်အခွင့်အလမ်းတွေ ဆောင်ယူလာ မယ့် ကုန်သွယ်ရေးရေကြောင်း၊ လေကြောင်းတွေကိုလဲ ဖြတ်တောက်ဖို့ ကြိုးစားရာရောက်နေပါတယ်။ အကယ်၍သာ တရုတ်အနေနဲ့ အာရှပစိဖိတ်ဒေသကို တရုတ်ရဲ့ထီးရိပ်အောက်ကဒေသတွေသာ ဖြစ် တယ်ဆိုတဲ့သဘောမျိုး နှိမ့်ချခဲ့မယ်ဆိုရင် ကနဦးအနေနဲ့ ရုရှားနဲ့ အီရန်တို့လိုအခြားနိုင်ငံတွေဟာ တရုတ်ရဲ့နည်းဗျူဟာကို ကော်ပီကူးယူလာပါလိမ့်မယ်။ ဘယ်လိုနည်းဗျူဟာလဲဆိုတော့ ပင်လယ်ပြင် ထဲမှာ နယ်စပ်နယ်နိမိတ်တွေရယူလိုက်တဲ့နည်းဗျူ ဟာဖြစ်ပါတယ်။ အမေရိကန်ကို ဘေးဖယ်ထုတ်ပြီး ကမ္ဘာ့အစီအစဉ်ကို သူ့သဘောတွေ့တဲ့ပုံစံအတိုင်း ပြင်လိုက်မှာ ဖြစ်ပါတယ်။

အိုဘာမားအစိုးရအဖွဲ့က ပိုပြီးကျယ်ပြန့်သောအာရှပစိဖိတ်ဒေသဆိုတဲ့ ဆုံချက်ဒေသကို ကြေ ငြာခဲ့ကြပါတယ်။ ဒီဒေသ နဲ့ပတ်သက်ပြီး ကြေငြာချက်ထဲမှာ သေသေချာချာ ရည်ရွယ်ထားတာတွေပါ ပေမယ့်လဲ သဘာဝကျကျပဲ ဒေသတစ်ခုကို အာရုံစူး စိုက်လိုက်တာနဲ့ ကျန်ဒေသက အာရုံစူးစိုက်ခံရမှု လျော့နည်းသွားပါတယ်။ အဲ့လို အာရုံစူးစိုက်မှုလျော့ချလိုက်တာကြောင့် အထူးသဖြင့် ဥရောပက အမေရိကန်ရဲ့နဂိုမူလစီးပွားဖက်နိုင်ငံတွေက ဝိုင်းအော်ခဲ့ကြပြီး အာရှပစိဖိတ်ဒေသဆိုတဲ့ဆုံချက်ကို အာရုံစိုက် ရေးဆိုတဲ့မူဝါဒကနေ ဒေသစုံမ ျှခြေရှိရေးဆိုတဲ့မူဝါဒဘက်ကို ပြန်လှည့်သွားပါပြီး အာရှကို အမေရိကရဲ့ဦးစားပေးနံပါတ်တစ် အဖြစ် သတ်မှတ်ရေးဆိုပြီး ပြောင်းလဲခဲ့ပါတယ်။ အဲ့ဒီမူဝါဒကလဲ အစပိုင်းမှာတော့ ခိုင်ခိုင်မာမာအားကောင်းခဲ့ပေမယ့်လဲ ယူက ရိန်းအရေးနဲ့ပတ်သက်ပြီး ရုရှားရဲ့ အလိုရမ္မက်ကြီးတဲ့အပြုအမူတွေ၊ အိုင်းဆစ်စစ်သွေးကြွကိစ္စတွေ၊ ဆီးရီးယားပြည်တွင်းစစ်လို ကိစ္စ တွေပါဝင်တဲ့ နိုင်ငံတကာအရေးတွေနဲ့ အမေရိကန်ပြည်တွင်းရေးမတည်ငြိမ်မှုတွေကြောင့် အားနည်း ခဲ့ပါတယ်။

ကိုယ့်ပြည်သူတွေကို ဓာတုလက်နက်နဲ့ကိုယ်ကိုယ်တိုင်ပြန်တိုက်ခိုက်ခဲ့တဲ့ ဘရှား အာဆတ် တို့လိုလူကိုအရေးမယူနိုင်သလိုမျိုး ကမ္ဘာ့အရေးတွေမှာ စကားလုံးတွေကို လုပ်ရပ်တွေနဲ့ သက်သေ ပြမပြနိုင်တဲ့အခါ အာရှတစ်လွှားကအစိုးရတွေက မျှခြေရှိ တဲ့ဦးစားပေးဆက်ဆံရေးမူဝါဒဟာ စကားလုံး ထက်မပိုတဲ့ အပြောသက်သက်သာဖြစ်တယ်လို့ ယူဆလာကြပါတယ်။ အစစ်အမှန် ပြောင်းလဲခြင်းမရှိ တဲ့နည်းဗျူဟာမဲ့ကြွေးကြော်မှုသက်သက်သာဖြစ်ပြီး နိုင်ငံရေးအရအနှစ်သာရမရှိဘူးလို့ သံသယတွေ ဝင်လာခဲ့ကြပါတယ်။ ထရမ့်အစိုးရဟာ အာရှနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒကို အပေါင်းလက္ခဏာဆောင်တဲ့အပြောင်းအလဲ တွေလုပ်ဖို့ အခွင့်အလမ်းတွေရှိနေပါတယ်။ စာရေးသူ အလုပ်လုပ်နေတဲ့ အမျိုးသားအကျိုးစီးပွားဗဟိုဌာနမှာ သူပြောသွားတဲ့မိန့် ခွန်းထဲမှာ သူက ဒါကိုပြော ဆိုသွားတာရှိပါတယ်။ အမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒအကျပ်အတည်းဘာတွေပဲရှိနေရှိနေ ဒီလိုမူဝါဒ အပြောင်းအလဲဟာ ယုတ္တိဗေဒကျတဲ့ကောက်ချက်တွေပေါ်အခြေပြုပြီး အာရှဗဟိုပြုတဲ့ဆုံချက်မူဝါဒကို အာရုံစိုက်ဖို့လိုပါတယ်။ ကျနော့်အနေနဲ့ အချက်လေးချက်ပါတဲ့ မူဝါဒစီမံချက်ကို တင်ပြချင်ပါတယ်။

၁။ ထရမ့်အနေနဲ့ အာရှဦးစားပေးမူဝါဒကို ဆက်လက်ကိုင်စွဲရပါမယ်။ ထရမ့်အနေနဲ့ အာရှ ဦးစားပေးနိုင်ငံခြားရေးမူဝါဒကိုဆက်လက်ကိုင်စွဲထားတာဟာ ဉာဏ်အမျှော်အမြင်ကြီးရာရောက်ပါ တယ်။ အာရှပထမလို့ ကျနော့်အနေနဲ့ခေါ်ချင်တဲ့မူဝါဒကို တတ်နိုင်သမ ျှဝေါဟာရစကားလုံးတွေနဲ့ ထင်ထင်ရှားရှားကြေငြာရပါလိမ့်မယ်။ ဘာ့ကြောင့်ဒီလိုပြောရသလဲဆိုတာကတော့ ရှင်းပါတယ်။ ရွေး ချယ်စရာနှစ်ခုရှိတဲ့ ထိပ်တန်းဦးစားပေးနိုင်ငံခြားရေးမူဝါ ဒကို စဉ်းစားကြည့်ပါ။ ရုရှား – ရုရှားအနေနဲ့ သူ့လက်တံကို ယူကရိန်းနဲ့ ဆီးရီးယားမှာ ချဲ့ထွင်ဖို့ကြိုးစားနေချိန်မှာ ရုရှားဟာ လူဦးရေနဲ့စီးပွားရေး ဆိုင်ရာစိန်ခေါ်မှုတွေကို ရေရှည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ လာမယ့်နှစ်မှာ သူရဲ့စစ်ရေးအသုံးစားရိတ်ကို ဖြတ်တောက်မှုစတင် လုပ်ဆောင်တော့မှာမို့ ရုရှားရဲ့စစ်ရေးနဲ့သံတမာန်ရေးထိပ်ဆုံးရောက်တဲ့အချိန် (စတင်ကျဆင်းလာမည်ဟု ဆိုလိုပါသည်) ကို တွေ့ရမှာဖြစ်ပါတယ်။ အိုင်ဆစ် – အိုင်ဆစ်ခေါ် အစ္စလာမ္မစ်စစ်သွေးကြွအဖွဲ့ဟာ အရှေ့အလယ်ပိုင်းဒေသနဲ့ ကမ္ဘာလုံးဆိုင်ရာ ရေရှည်စိန်ခေါ်မှုတစ်ခု ဖြစ်ပေမယ့်လဲ အိုင်ဆစ်ဟာ ကြီးစိုးမှုနယ်မြေတွေဆုံးရှုံးနေပြီး အမေရိကကိုတိုက်ခိုက်ဖို့ဆိုတာကလဲ တဖြေးဖြေးအား နည်းလာပါလိမ့်မယ်။ အစွန်းရောက်အမေရိကန်တစ်ယောက်ယောက်ကပဲဖြစ်ဖြစ်၊ ပြည်တွင်းထဲကိုခိုးဝင်လာတဲ့ နိုင်ငံခြားသား တစ်ယောက်ကပဲဖြစ်ဖြစ် အမေရိကန်နိုင်ငံအတွင်းမှာ တိုက်ခိုက်လာမှာကို စိုးရိမ်နေချိန်မှာပဲ အစွန်းရောက်အစ္စလာမ္မစ်ကာလီ ဖိတ်တစ်ယောက်ယောက်က တိုက်ခိုက်လာနိုင်ခြေကတော့ လျော့နည်းသွားပြီဖြစ်ပါတယ်။ အာရှပထမဦးစားပေးနိုင်ငံခြားရေးမူဝါဒ ကိုကိုင်စွဲလုပ်ကိုင်နေချိန်မှာပဲ ၁၁ ထရီလီယံပမာဏရှိတဲ့စီးပွားရေးအရွယ်အစား နဲ့ အမေရိကန်ကို စိန်ခေါ်လာနိုင်လောက်အောင်အင်အားကြီးလာတဲ့ စစ်တပ်အင်အားရှိတဲ့ တရုတ်နိုင်ငံဟာ ဆယ်စုနှစ် အချို့လောက်အထိ ရေရှည်စိန်ခေါ်မှုတစ်ခုတော့ ဖြစ်နေဦးမှာဖြစ်ပါတယ်။ ရုရှားနဲ့အိုင်းဆက်တို့ အကျ ပိုင်းရောက်နေချိန်နဲ့ တရုတ်အင် အားကြီးထွားလာနေတာကို နှိုင်းယှဉ်ကြည့်လိုက်ရင် အမေရိကန် အနေနဲ့ ဘယ်နေရာမှာ အားစိုက်ရမလဲဆိုတာ ထင်ရှားလာပါတယ်။

၂။ ယခုအချိန်ဟာ မဟာမိတ်တွေကို ပြန်ပြီးအာမခံရမယ့်အချိန်ဖြစ်ပါတယ်။ ဒီလိုလုပ်တာဟာ သိပ်တော့လဲ မမိုက်သလိုပါပဲ။ ပြန်လည်ယုံကြည်မှုရှိလာအောင်လုပ်တဲ့အပြုအမူဟာ တကယ်တော့ သိပ်ပြီးအဓိပ္ဗါယ်ရှိလှတာမဟုတ်ဘူးလို့ ခွဲခြမ်းစိပ်ဖြာသူတွေပြောနေသလိုပါပဲ။ သို့သော်ငြားလည်း အာရှက သံတမာန်တွေနဲ့ ကျနော်စကားပြောကြည့်တဲ့အခါ သူတို့ပြောတာက ဆယ်စုနှစ်ချီပြီးကြာခဲ့ပြီ ဖြစ်တဲ့ စာချုပ်တွေမှာပါတဲ့ ဂတိစကားတွေကို အလေးထားယုံမ ျှမက အာရှဒေသတွင်းက အမေရိကန် အကျိုးစီးပွားကိုလဲ ပြန်လည်ထောက်ရှုဖို့အကြောင်းတွေ ပြောပါတယ်။ ကျနော်တို့ဟာ အရှေ့အလယ် ပိုင်းအရေးကနေ မရွေ့နိုင်သူတွေ၊ အခက်အခဲဖြစ်ချိန်မှာ ကတိစကားကို မတည်နိုင်သူတွေလို့ သူ တို့ ကမြင်ပါတယ်။

အဲ့ဒီလို အမြင်ပြဿနာတွေကို ကျနော်တို့အနေနဲ့ ဘယ်လိုဖြေရှင်းနိုင်မလဲ။ အလွယ်တကူ ဖြေရှင်းနိုင်မှာမဟုတ်ပေမယ့် သမ္မတထရမ့်အနေနဲ့ အခြေခံကျကျရှုမြင်ဖို့လိုပါတယ်။ လတ်တလော တင်ပြရရင် ဒေသတွင်းမှာကျင်းပပြီး သူ့အနေနဲ့တက် ရောက်ရမယ့်အစည်းအဝေးမှန်သမ ျှ တက်ရပါ မယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အမေရိကန်ကြွေးမြီအရေးကိစ္စတုန်းက သမ္မတဘား ရက်အိုဘားမားက အရှေ့အာရှထိပ်သီးညီလာခံကိုမတက်ရောက်လို့ဖြစ်တဲ့အတွေးမျိုးကို ချေဖျက်ရာရောက်ပါတယ်။ ကျနော် စကားပြောဖူးတဲ့ အာရှက သံတမာန်တွေက ဒီအကြောင်းကိုပြောဆိုတဲ့အခါ နောက်ကွယ်က ဒေါသကို မြင်နိုင်သလို ဒီလိုမတက် ရောက်ပဲနေတာဟာ အရေးပါတဲ့အမှားတစ်ခုဖြစ်တယ်လို့ ပြောပါ တယ်။ တရုပ်အရာရှိကြီးတွေက အမေရိကန်ရဲ့ပျက်ကွက်မှုကို ထောက်ပြနေတာကိုလဲ သူတို့သတိပြု မိတဲ့အကြောင်း ပြောပါတယ်။ ဒါဟာ ကျနော်တို့အနေနဲ့ စိတ်ပိုင်းပြတ်မှုမရှိတဲ့လက္ခဏာ ကိုပြသရာ ရောက်ပါတယ်။
trump
ဒီလိုအခြေခံကျတဲ့လုပ်ဆောင်မှုကနေတစ်ဆင့် ပိုပြီးကြီးမားတဲ့ယုံကြည်မှုကို တည်ဆောက်နိုင် ပါလိမ့်မယ်။ ဥပမာ – သမ္မတထရမ့်အနေနဲ့ ပစိဖိတ်တစ်လွှားမဟာမိတ် (TPP) ကို တစ်ကယ်ပဲ ဖျက် သိမ်းချင်တယ်ဆိုရင် အာရှမဟာမိတ်တွေအနေနဲ့ တည်ဆောက်လိုတဲ့ စီးပွားရေးဆက်ဆံမှုအတွက် ပိုပြီးခိုင်မာကောင်းမွန်တဲ့နည်းလမ်းတစ်ခုကို ရှာဖွေရပါလိမ့်မယ်။ အထူးသဖြင့် အဲ့ဒီဒေသကနိုင်ငံတွေ တရုပ်အပေါ်လွန်လွန်ကဲကဲမှီခိုနေရမှုကနေ ကင်းလွတ်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ စဉ်းစားချက် ကို အလေးထားရပါမယ်။ ဒုတိယအကျော့ TPP အဖွဲ့ဝင်သစ်တွေအတွက် ဗီယက်နမ်နဲ့ ထိုင်ဝမ်တို့ လိုနိုင်ငံတွေနဲ့ နှစ်နိုင်ငံကုန်သွယ် ရေးသဘောတူညီမှုတွေ ချုပ်ဆိုထားဖို့နည်းလမ်း ရှာရပါမယ်။ တိုင်ပေဟာ ဒီစာချုပ်အဖွဲ့ဝင်ဖြစ်ဖို့ အကြိမ်ကြိမ်သဘောထားတွေ ပြခဲ့ပါတယ်။

စကားလုံးစဉ်းကောမလုပ်နဲ့၊ ဟိုလှည့်ဒီပတ်လည်းမလုပ်နဲ့ “တရုတ်နိုင်ငံရဲ့ ငြိမ်းချမ်းစွာ ဖြစ် ထွန်းမှုကိုကြိုဆိုပါတယ်” တို့၊ “ဘေဂျင်းကို တာဝန်ယူမှုရှိတဲ့ ကမ္ဘာ့မိသားစုဝင်ဖြစ်စေလို တယ်” တို့လိုစကားတွေကို ကျနော်တို့အားလုံးသိပြီးသားပါ။ ဒါပေမယ့် ဒီလို အလုပ်မဖြစ်တဲ့ စကားတွေပြော နေတာ ရပ်ရပါလိမ့်မယ်။ တရုတ်က ဖြစ်ထွန်းနေပြီဖြစ်တဲ့ပြင် အမေရိကန်ဦးဆောင်တဲ့ ဘယ်လိုကမ္ဘာ လုံးဆိုင်ရာစနစ်ထဲမှာမှ တာဝန်ယူလိုတဲ့ဆန္ဒမရှိ ပါဘူး။ တရုတ်က အာရှပစိဖိတ်ဒေသကို လွှမ်းမိုးလိုပါ တယ်။ အမေရိကန်ကို ဒေသတွင်းကနေ ဖြေးဖြေးနဲ့သေခြာတဲ့နည်းလမ်းတွေနဲ့ ကန်ထုတ်နေပါတယ်။ အစစ်အမှန်အခြေအနေအပေါ်အခြေမပြုတဲ့ အဓိပ္ဗါယ်မဲ့ခေတ်ဟောင်းစကားတွေမှာ ကျနော်တို့ တွယ် ကပ်နေချိန်မှာ ကျနော်တို့ဟာ ခွန်အားမရှိ၊ တင်းတင်းကျပ်ကျပ်နဲ့ လှုပ်မရတဲ့ရုပ်ပေါက်နေပါတယ်။ ကျနော်တို့အနေနဲ့ ကျနော်တို့ရဲ့အကျိုးစီးပွားဆုံရာတရုတ်ဟာ ကျနော်တို့ရဲ့စီးပွားဖက်ဖြစ်တယ်လို့ မေ ျှာ်လင့်ထားချိန်မှာ ပြိုင်ဘက်ဖြစ်တယ်ဆိုတာကို လဲ မြင်ဖို့လိုပါတယ်။ ဟီလာရီကလင်တန်ကတော့ ဒီလို မှတ်ချက်ပေးရာမှာ ထင်ရှားတဲ့ပြင် မိမိရဲ့မိတ်ဖက်နိုင်ငံတွေနဲ့ မိမိရဲ့ အမျိုး သားအကျိုးစီးပွား၊ မိမိရဲ့သံတမာန်အကျိုးစီးပွားတွေကို ကာကွယ်ရာမှာလဲ လက်မနှေးခဲ့ပါဘူး။ ကျနော်တို့အနေနဲ့ ပိုပြီး ကြီးမားတဲ့ အကျိုးစီးပွားရှိတဲ့မဟာအင်အားကြီးနိုင်ငံတစ်ခုလို ပြောဆိုရမှာဖြစ်ပါတယ်။

တရုပ်နဲ့ပတ်သက်လာရင် နိုင်ငံရေးအရမှန်ကန်တဲ့ သံတမာန်စကားတွေက ခေတ်မှီသော်လည်း အားမရှိရင် ပိုဆိုးပါတယ်။

အပြောသက်သက်မဟုတ်တဲ့ စစ်ရေးမဟာဗျူဟာ

အိုဘားမားရဲ့ အာရှချိန်ခွင်လ ျှာညှိရေးဗျူဟာဟာ စစ်ရေးလက္ခဏာအရ ထင်ရှားတယ်လို့ လူတွေပြောကြပေမယ့်လဲ ဒါ မလုံလောက်ဘူးလို့ ကျနော် ငြင်းချက်ထုတ်လိုပါတယ်။ တရုပ်ဟာ အမေရိကန်စစ်ရေးအားသာမှုကို ထိန်းထေနိုင်ဖို့အတွက် မဟာဗျူဟာတစ်ရပ်ကို ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်းမှာ ချမှတ်နိုင်ဖို့ကြိုးစားနေပါတယ်။ အေ၂/အေဒီ လိုအတိုကောက် သိကြ တဲ့ အခွင့်ငြင်းပယ်ရေး/နယ်ပယ်ငြင်းပယ်ရေးလို့ ကိုးကားဖော်ပြကြတဲ့ဗျူဟာက တရုတ်ဟာ ခေတ်မှီပြီး အဆင့်မြင့် ကိုယ်ပျောက် နည်းပညာသုံး ရေငုပ်သဘောၤတွေ၊ ခေတ်မှီ မိုင်းဗုံးတွေ၊ အမျိုးမျိုးသော ဒုံးပစ်စနစ်တွေနဲ့ ထိုင်ဝမ်နဲ့ အရှေ့နဲ့ တောင်တရုတ်ပင် လယ်အရေးမှာ အမေရိကန်ကဝင်နှောက်ယှက်လာရင် တန်ဖိုးကြီးကြီးပေးဆပ်ရမယ့် စစ်ရေးပြင်ဆင်မှုတွေကို ဖွံဖြိုးအောင် ဆောင်ရွက်မယ့်အစီအမံရှိပါတယ်။ တရုပ်နိုင်ငံရဲ့ တွေးခေါ်ပုံက ရှင်းလင်းထင်ရှားပါတယ်။ စစ်အေးခေတ်ကုန်ဆုံးပြီးကတည်းက အမေရိကန်အနေနဲ့ မကြုံတွေ့ရတော့တဲ့အခြေအနေဖြစ်တဲ့ စစ်ထဲသာဝင်လာရင် အမေရိကန်တွေရဲ့အသက်ပေါင်းများစွာစတေး ရတဲ့အခြေအနေမျိုးဖြစ်အောင် လေယာဉ်တင်သဘောၤတစ်စင်းလုံးကို ပစ်မြှုပ်ပစ်နိုင်တဲ့အခြေအနေမျိုးဖြစ်အောင်လုပ်ဖို့ ဆိုတာပဲ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ပင်တဂွန်စစ်ဌာနချုပ်က တရုပ်ရဲ့ အေ၂/အေဒီ စွမ်းဆောင်ရည်ကို တန်ပြန်နိုင်ဖို့ ဝေဟင်-ရေပြင် ပူးတွဲစစ်ဆင်ရေးမှာ ကျွမ်းကျင်ပိုင်နိုင်မှုရှိပေမယ့်လဲ ဒီလိုပူးတွဲစစ်ဆင် ရေးအတွက် ဆက်သွယ်ရေးနည်းပညာက ခုထိ ပြဿနာ တွေရှိနေဆဲ့ပဲဖြစ်ပါတယ်။ ဝေဟင်-ရေပြင်တိုက်ပွဲကို အစီအမံအသစ်ဖြစ်တဲ့ JAM-GC ဆိုတဲ့အစီအမံအသစ်နဲ့ အစားထိုးလိုက်ပြီး ဒီအစီအမံအသစ်အနေနဲ့လဲ အသေးစိတ်မွမ်းမံမှုရလဒ်ကို နှစ်နှစ်ကျော်ကြာ စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။

အစိုးရအဖွဲ့သစ်အနေနဲ့ပြုပြင်ပြောင်းလဲမှုလုပ်လိုက်လို့ ထူးခြားလာမယ့်နယ်ပယ်တွေက အမေရိကန်ရဲ့ ရေတပ်ဖြစ်ပါတယ်။ အမေ ရိကန်အနေနဲ့ ဖြစ်ထွန်းလာနေတဲ့ တရုပ်ရဲ့စစ်ရေးစွမ်းရည်ကို တန်ပြန်နိုင်ဖို့ အမေရိကရဲ့စစ်ရေးဗျူဟာကို ရှင်းရှင်းလင်းလင်း သတ်မှတ်ရပါလိမ့်မယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဝမ်းသာစရာသတင်းတစ်ခုက ကျနော့်အနေနဲ့ နှစ်ပေါင်းအချို့အထိကြာအောင် ဆက်ဆံရင်းနှီးခဲ့တဲ့ ရန်ဒီဖော့ကို ရေတပ်စစ်ဦးစီးချုပ်အဖြစ်ခန့်အပ်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ ဖော့ဟာ တရုတ်ကို တန်ပြန်နိုင်မယ့် စစ်ရေးဗျူဟာတစ်ရပ်ချမှတ်ဖို့အတွက် အဖိုးတန်သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။ တရုပ်နိုင်ငံအနေနဲ့ ပင်တဂွန်က စစ်ရေးဗျူဟာချမှတ်သူတွေကို ဘယ်လိုစိန်ခေါ်နေသလဲဆိုတာကို သူကောင်းကောင်းသိပါတယ်။ ပိုပြီးခိုင်မာတဲ့ရေတပ်ကို သူတည်ဆောက်တတ်ပါတယ်။ စစ်ရေးဗျူ ဟာသစ်တစ်ခုချမှတ်ဖို့ အချိန်အချို့ယူရမယ်ဆိုပေမယ့်လဲ ဖော့ကို ခုလိုရွေးချယ်လိုက်ပြီး တရုတ် ရေးရာကျွမ်းကျင်သူ မိုက်ကယ်ပီးလ်စ်ဘာရီနဲ့ ပီတာနာဗာရိုးတို့နဲ့တွဲထားတာဟာ အင်မတန်ကောင်းတဲ့ လက္ခဏာ ဖြစ် ပါတယ်။ ဒီလိုလုပ်လိုက်တာဟာ မူဝါဒရေးရာလမ်းကြောင်းမှန်ကန်လာဖို့ သွင်းအားစု ထည့်သွင်းလိုက်တာဖြစ်ပါတယ်။ ထရမ့်ရဲ့ အစိုးရဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ် တက်လိုက်တာပဲ ဖြစ်ပါတယ်။

ထရမ့်ဦးဆောင်တဲ့အစိုးရဟာ နိုင်ငံခြားရေးမူဝါဒဆိုင်ရာကိစ္စရပ်တွေမှာ မျက်နှာစာပေါင်းစုံ တွန်းရမှာကတော့ ရှင်းပါတယ်။ အစိုးရ သစ်ရဲ့ ရည်မှန်းချက်ဟာ အဓိကကျတဲ့ကိစ္စတွေမှာ ပန်းတိုင် သတ်မှတ်ဖို့နဲ့ မိမိရဲ့ရှုမြှော်ချက်အရ အောင်မြင်မှုရလိုတဲ့ကိစ္စတွေကို ကိုင်စွဲထားဖို့ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ ပဋိပက္ခစီမံခန့်ခွဲရေးဆိုင်ရာစိတ်ခံစားမှုမျိုးမဝင်လာဖို့လိုပါတယ်။ ထရမ့်အနေနဲ့ အာရှ ဝင်ရိုးမူဝါဒကို သေသေခြာခြာကိုင်စွဲဖို့ အားထုတ်လိုမယ်ဆိုရင် အောင်မြင်မှုအမှတ်အသားပြတွေကို သတ်မှတ်ပြီး လုပ်ကိုင်ရင်း တရုတ်ရဲ့ ဒေသတွင်းကိုပြန်လည်ပုံဖော်ဖို့ကြိုးစားမှုကို ထိန်းသိမ်းနိုင်ဖို့ လုပ်ရပါမယ်။

ဘာသာပြန်သူ – ထဝ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.