မော်လမြိုင်၊ နိုဝင်ဘာ ၁၆

မော်လမြိုင်အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း( GTI )အပါအဝင် တစ်နိုင်ငံလုံးရှိ GTI ကျောင်းများတွင် လုပ်ငန်းခွင်၌ လက်တွေ့လေ့လာရာတွင် အဆင်ပြေလွယ်ကူစေရန် ကျောင်းဝတ်စုံ ယူနီဖောင်းများ ပြောင်းလဲ လိုက်သော်လည်း နည်းပညာတက္ကသိုလ်(မော်လမြိုင်)တွင် ေြ

ပာင်းလဲရန် အစီစဉ်မရှိသေးကြောင်းသတင်း ရရှိသည်။

နည်းပညာတက္ကသိုလ်(မော်လမြိုင်)အပါအဝင် အခြားနည်းပညာတက္ကသိုလ်များတွင်လည်း ကျောင်း ဝတ်စုံ ယူနီဖောင်းပြောင်းရန် ပညာရေးဝန်ကြီးဌာနမှ တစ်စုံတစ်ရာ ညွှန်ကြားမှုမရှိသေးသည့်အတွက် ယူနီ ဖောင်းပြောင်းလဲရန် အစီစဉ်မရှိသေးကြောင်း သိရသည်။

“အထက်ကလည်း ကျောင်းယူနီဖောင်းပြောင်းဖို့အတွက် ညွှန်ကြားထားတာ မရှိသေးဘူး။ ကျောင်း သားတွေဘက်ကလည်း ကျောင်းယူနီဖောင်းပြောင်းဖို့အတွက် ဘာမှတောင်းဆိုလာတာ မရှိဘူး။ ဒါကြောင့် လောလောဆယ်ပြောင်းလဲဖို့တော့ အစီစဉ်မရှိသေးပါဘူး”ဟု အဆိုပါကျောင်း၏ ကျောင်းအုပ်ကြီးဒေါက်တာ မင်းဇော်အောင်က နိုဝင်ဘာ(၁၆)ရက်နေ့တွင် သံလွင်တိုင်မ်းသို့ပြောကြားသည်။

လက်ရှိဝတ်ဆင်နေကြသော ကျောင်းယူနီဖောင်းများသည် စာသင်ကြားရာ၌ အဆင်ပြေစေသော်လည်း လက်တွေ့work shopများပြုလုပ်ရာတွင် အခက်အခဲဖြစ်နိုင်ကြောင်း အဆိုပါကျောင်း၏ ကျောင်းသားသမဂ္ဂ တစ်ချို့က ထောက်ပြထားသည်။

“တစ်ပတ်မှာ Monday ကနေ Friday အထိ ကျောင်းမှာဘဲ စာသင်မယ်ဆိုရင်တော့ အခုယူနီဖောင်းက အဆင်ပြေပါတယ်။ ဒါပေမယ့် အစ်ကိုတို့ workshop ဆင်းတဲ့နေ့မှာ ယောကျ်ားလေးဆိုလည်း သူနဲ့ သင့် တော်ရာပေါ့။ မိန်းကလေးဆိုလည်း ထဘီတွေနဲ့ကအဆင်မပြေဖြစ်တာတွေတော့ရှိတယ် ကျောင်းယူနီဖောင်းက ဒေသအလိုက်ပေါ့ ကိုယ်တို့ကျောင်းမှာ မိုးတွင်းဆိုရင်လည်း အခုယူနီဖောင်းကအဆင်မပြေပြန်ဘူး၊ ကျောင်း သားတွေ အားလုံးစုပေါင်းပြီးတော့ လုပ်နိုင်ရင်တော့ တစ်စုံတစ်ရာ တောင်းဆိုလို့တော့ ရမယ်ထင်ပါတယ်”ဟု အဆိုပါကျောင်း၏ ကျောင်းသားသမဂ္ဂဥက္ကဌ ကိုဘုန်းမြတ်မိုး က ပြောကြားသည်
gti
စက်ရုံအလုပ်ရုံများတွင် လက်တွေ့ဆင်းသည့်အခါ ယခုဝတ်စုံသည် နည်းပညာတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများအတွက် အခက်ခဲဖြစ်စေနိုင်ကြောင်း အဆိုပါကျောင်း၏ ဆရာမတစ်ဦးကလည်း ယခုကဲ့သို့ ပြောကြားသည်။

“Industry တွေသွားရမယ်၊ Heavy Machine တွေကိုင်တွယ်ရတော့မယ်ဆိုရင်တော့ အခုဝတ်စုံတွေက အဆင်မပြေဘူး၊အင်ဂျင်နီယာတစ်ယောက်က ဘောင်းဘီလေးတွေနဲ့မှ အဆင်ပြေမှာပါ။ ကျောင်းတက်ရုံပဲဆို တော့ ဘာမှပြသနာမရှိပါဘူး”ဟု နည်းပညာတက္ကသိုလ်(မော်လမြိုင်)ကျောင်း၏ အီလက်ထရွန်းနစ်ဌာနမှ ဆရာမ ဒေါ်အေးဝတ်မှုံက ၎င်း၏အမြင်ကိုပြောကြားသည်။

GTI ကျောင်းအားလုံးတွင် ယခင်ဝတ်စုံ ရှပ်အကျီ ၤအဖြူရောင်နှင့် ပုဆိုးနက်ပြာရောင်မှ နိုဝင်ဘာလ (၉) ရက်နေ့က စတင်ပြီး ရှပ်အကျီ ၤအဖြူရောင်နှင့် ဘောင်းဘီနက်ပြာရောင်၊ လက်တွေ့ဆင်းရန်အတွက် စပို့ရှပ် အဖြူရောင်နှင့် ဘောင်းဘီ နက်ပြာရောင် တို့ကို ပြောင်းလဲဝတ်ဆင်ရန် သတ်မှတ်ပေးခဲ့ပြီး လက်တွေ့ ဆင်း ချိန်တွင်လည်း ကင်းဘတ်ဖိနပ်များစီးရန် မှာကြားထားကြောင်းသိရသည်။

“ညီမတို့ကျောင်းတွေမှာတော့ ဝတ်စုံတွေပြောင်းလိုက်တဲ့အတွက် Work Shop လုပ်ရတာအဆင်ပြေပါ တယ်။ နည်းပညာတက္ကသိုလ်တွေကိုလည်း ညီမတို့လို အားလုံးတပြေးညီဖြစ်သွားရင်တော့ ပိုအဆင်ပြေတာ ပေါ့” ဟု မော်လမြိုင် စက်မှုလက်မှုသိပ္ပံကျောင်းတွင် ပညာသင်ကြားနေသည့် မအေးမြဝင်းက အကြံပြုသည်။

နိုင်ငံတကာနှင့်တန်းတူ အဆင့်အတန်းမြင့်မားစေရန် နှင့် ယင်းသို့ဝတ်စုံပြောင်းလဲရန် သက်ဆိုင်ရာ ဌာနသို့ မော်လမြိုင် စက်မှုလက်မှုသိပ္ပံကျောင်း၏ ကျောင်းအုပ်ကြီးမှ စတင်ပြီး တင်ပြခဲ့ရာမှ တစ်ဆင့် မြန်မာတစ်နိုင်ငံ လုံးရှိ GTI ကျောင်းများတွင် တပြေးညီ ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

“စက်ရုံတွေ အလုပ်ရုံတွေမှာ လုပ်နေတဲ့ ဝန်ထမ်းတွေ Safety ဖြစ်ဖို့အတွက် ဘောင်းဘီတွေဝတ်တယ်၊ စက်ရုံတွေနဲ့ ချိတ်ဆက်ပြီး လက်တွေ့တွေဆင်းတဲ့အခါ ဘောင်းဘီက မဝတ်လို့ကို မရတော့ဘူး၊အင်ဂျင်နီယာ ပညာရပ်ကိုသင်ရင် အင်ဂျင်နီယာနဲ့ လျော်ညီတဲ့ ဝတ်စုံဝတ်ဖို့တော့လိုမယ် ဥပမာ ဂဟေဆော်တယ်ဆိုရင် လုံချည်ကြီးကို ဂတောင်းကျိုက်ပြီးလုပ်နေရမလားပေါ့” ဟု စက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)ကျောင်းမှ ကျောင်းအုပ်ကြီး ဦးအောင်မိုးက သံလွင်တိုင်းမ်သို့ပြောကြားသည်။

သတင်း – TU Arkar Min ၊ နောင်ခန့်(မော်လမြိုင်)

ဓာတ်ပုံအညွှန်း- အသစ်ပြောင်းလဲလိုက်သည့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများ၏ ကျောင်းဝတ်စုံယူနီဖောင်းအား တွေ့ရစဉ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.