NEW YORK, NY - NOVEMBER 09: Republican president-elect Donald Trump walks on stage with his son Barron Trump, wife Melania Trump during his election night event at the New York Hilton Midtown in the early morning hours of November 9, 2016 in New York City. Donald Trump defeated Democratic presidential nominee Hillary Clinton to become the 45th president of the United States. Joe Raedle/Getty Images/AFP == FOR NEWSPAPERS, INTERNET, TELCOS & TELEVISION USE ONLY ==

ထဝ်

ဒီလောက်ထိ နီးနီးကပ်ကပ်ဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်မှတ်မိခဲ့ကြပါဘူး။ သမ္မတလောင်း တစ်ယောက်က ပါတီတွင်းမှာကို အင်အားရှိသူ ထင်ရှားတဲ့နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဟီလာရီကလင်တန်။ အခြားတစ်ယောက်ကတော့ တစ်ခါမှ နိုင်ငံရေးရာထူးရဖူးသူမဟုတ်တဲ့ပြင် သူ့ရဲ့ပါတီရီပတ်ဗလစ်ကန်ထဲက အကောင်ကြီးကြီးတွေကိုယ်တိုင်

မကြိုက်တဲ့ ဒေါ်နယ်ထရမ့်။ ဒီလိုတစ်ဖက်သတ်ပြိုင်ပွဲရဲ့ရလဒ်ဟာ ရှင်းရှင်း ပြတ်ပြတ်ဖြစ်ခဲ့သင့်ပါတယ်။ ဒါပေမယ့်လဲ နောက်ဆုံးရလဒ်အရ ထရမ့်အနိုင်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့လတုန်းက ဟီလာရီနဲ့ထရမ့်အကြား လူကြိုက်များမှုကွာဟချက်ဟာ ၇ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းကို ကျသွား ခဲ့ပါတယ်။ လောင်းကြေးထပ်သူတွေက ထရမ့်ကို ငါးလေးတစ်လေးပေးပြီးလောင်း ကြေးထပ်ခဲ့ကြပါတယ်။ ဒေတာဂျာနယ်လစ် ဇင်လုပ်ငန်းတစ်ခုဖြစ်တဲ့ FiveThirtyEight ကဆိုရင် လေးလေး တစ်လေးလောင်းကြေးဖွင့်ခဲ့ပါသေးတယ်။ ရင်းနှီးမြှုပ်နှံသူတွေ ကလဲ ရည်ရွယ်ချက်မဲ့ ညည်းတွားပြောဆိုခဲ့ကြပါ သေးတယ်။ VIX ဆိုတဲ့ စတော့ဈေးကွက်တိုင်းတာမှုစံနှုန်းဟာ ဇွန်လကတည်း က အမြင့်ဆုံးကို တက်ခဲ့ပြီး ဗြိတိန်ဟာ ဥရောပသမဂ္ဂကနေခွဲထွက်ဖို့ မဲပေးခဲ့ကြပါသေးတယ်။

အမေရိကန်တွေရဲ့ရွေးချယ်မှုဟာ ကမ္ဘာ့နိုင်ငံရေးမှာ တုံ့ပြန်သက်ရောက်မှုတွေ ကြီးကြီးမားမား သက်ရောက်ပါလိမ့်မယ်။ ဖီဂျီကနေစပြီး ပြင်သစ်နိုင်ငံအဆုံး ကမ္ဘာတစ်လွှားက ဂုရုတွေကတော့ အမျိုးမျိုး ဟောကိန်းထုတ်ခဲ့ကြပါတယ်။ ဒါပေမယ့် တစ် ခြားနိုင်ငံတွေကလဲ အမေရိကန်တွေလို မဲပေးခွင့်ရခဲ့မယ်ဆိုရင် ဘယ်လိုမဲပေးခဲ့ကြမလဲ။ YouGov ဆိုတဲ့ လူထုစစ်တမ်းကောက် ယူတဲ့အဖွဲ့တစ်ဖွဲ့က နိုင်ငံပေါင်း ၁၉ နိုင်ငံကို စစ်တမ်းကောက်ယူကြည့်ပါတယ်။ ဘယ်သူ့ကို အမေရိကန်သမ္မတအဖြစ် လိုချင် သလဲလို့ လူတွေကို မေးမြန်း ပါတယ်။ ထရမ့်လား၊ ဟီလာရီလား။

ပဲထောပတ်နဲ့ဂျယ်လီရေခဲညှပ်မုန့်လိုပါပဲတဲ့။ ထရမ့်ကတော့ အမေရိကအတွက် မဖြစ်နိုင်ပါဘူးတဲ့။ သူ့အနေနဲ့ အနိုင်ရ နိုင်ချေ ၂၅ % ပဲရှိမယ်လို့ အဲ့ဒီ ၁၉ နိုင်ငံလုံးမှာလုပ်တဲ့ စစ်တမ်းရဲ့အဖြေက ဖော်ပြခဲ့ပါတယ်။ ထရမ့်က ဟီန္ဒူဘာသာကို မြတ်နိုး တယ်လို့ ပြောခဲ့ပေမယ့်လဲ အိန္ဒိယနိုင်ငံသား ၂၀ % ကပဲ သူ့ကိုမဲပေးကြမယ် လို့ဆိုပါတယ်။ အခြားနိုင်ငံတွေမှာလုပ်တဲ့ စစ်တမ်း တွေမှာဆိုရင် သူ့အပေါ်မဲပေးဖို့ဆိုတာနဲ့ပတ်သက်ပြီး ရလဒ် ကပိုတောင်ဆိုးပါသေးတယ်။ ဗီယက်နမ်မှာဆိုရင် ၁၂ % ၊ မလေး ရှားမှာဆိုရင် ၉ % နဲ့ ဒိန်းမတ်မှာဆိုရင် ၄ % ပဲ သူ့ကိုမဲပေးမယ်လို့ စစ်တမ်းမှာ ဖြေထားတာတွေ့ရပါတယ်။

ထရမ့်အနိုင်ရမှုကို ဥရောပကလူပြိန်းကြိုက်ဝါဒီပါတီတွေနဲ့ မျဉ်းပြိုင်ယှဉ်ကြည့်လို့ရပါတယ်လို့ အဲ့ဒီ စစ်တမ်းကဖော်ပြနေ ပါတယ်လို့ဆိုပါတယ်။ ပြင်သစ်က အမျိုးသားရေးတပ်ဦးပါတီနဲ့ ဆွီဒင်က ဒီမိုကရက်ပါတီ တို့က ထရမ့်ကိုထောက်ခဲ့ကြပါတယ်။ ကမ္ဘာတစ်လွှားက သူ့ကို မကြိုက်ကြပေမယ့်လဲ ထရမ့်အနေနဲ့ အေးအေး ဆေးဆေးအိပ်ပျော်နေနိုင်ပါတယ်တဲ့။ ဘာ့ကြောင့်လဲ ဆိုတော့ အင်္ဂလန်က အင်ဒီပန်းဒန့်ပါတီကတော့ သူ့ကို ထောက်ခံတယ်ဆိုတာ သိနေလို့ပါပဲလို့ဆိုပါတယ်။ အင်ဒီပန်းဒန့်ပါတီ ထောက်ခံသူတွေက ထရမ့်ကို ၄၃ % ထောက်ခံပြီး ၂၉ % ကသာ ဟီလာရီကိုထောက်ခံကြပါတယ်။ ထရမ့်ဟာ အင်္ဂလန်က အင်ဒီပန်းဒန့်ပါတီ ခေါင်းဆောင် နီဂယ်လ်ဖာရိတ်ကို ဖိတ်ခေါ်ပြီး သူ့မဲဆွယ်ပွဲမှာ စကားပြောစေခဲ့ပါတယ်။ အကြောင်းရင်းက အင်္ဂလန်ကို ဥရောပသမဂ္ဂကနေခွဲထွက်ဖို့ မဲပေးခဲ့တာကို အားကျလို့ဖြစ်နိုင်ပါတယ်။ ထရမ့်အနိုင်ရတာဟာ ဗြိတိန်အနေနဲ့ ဥရော ပသမဂ္ဂကနေခွဲထွက်ဖို့ မဲပေးခဲ့တာထက် ၅ ဆလောက်ပိုဆိုးမယ်တယ်လို့ ထင်မြင် စရာဖြစ်စေပါတယ်လို့ ဆိုပါတယ်။

ထရမ့်အနိုင်ရတာ အာရှအတွက် ဘယ်လို အကျိုးသက်ရောက်မလဲ

အမေရိကန်နဲ့ တရုတ်အကြား ကုန်သွယ်ရေးစစ်ပွဲဖြစ်လာနိုင်ပါတယ်။ ဆယ်စုနှစ်များစွာအတွင်း အမေရိကန်ရဲ့ အဂ္ဂဗျူ ဟာကို အဓိကထောက်တိုင်သုံးခုအပေါ်မှာ တည်ဆောက်ထားခဲ့ပါတယ်။ လွတ်လပ်တဲ့ကုန်သွယ်ရေးရယ်၊ အဲ့ဒီ ကုန်သွယ်ရေးကနေရလာမယ့် ချမ်းသာကြွယ်ဝမှုနဲ့ သြစတေးလျနဲ့ စင်ကာပူတို့လို သမာရိုးကျနဲ့ သမာရိုးကျမဟုတ်တဲ့ မဟာမိတ်တွေရယ်၊ ဒီမိုကရေစီနှုန်းစံတန်ဖိုးတွေရယ်ပဲဖြစ်ပါတယ်။ ၄၅ ယောက်မြောက် အမေရိကန်ရွေးကောက်ခံ သမ္မတဖြစ်လာသူ ဒေါ်နယ်ထရမ့် အနေနဲ့ အဲ့ဒါတွေကို ဂရုစိုက်၊ မစိုက်ကတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။ သူ အနိုင်ရတာဟာ အာရှဒေသတစ်ခုလုံးက အမေရိကန်ပါဝါနဲ့ အခွင့်အလမ်းတွေအတွက်တော့ စိန်ခေါ်မှုတစ်ခုပါပဲ။

ကုန်သွယ်ရေးနဲ့ စတင်ပြောရမယ်ဆိုရင် အိုဘားမားအစိုးရဟာ နိုင်ငံပေါင်း ဆယ့်နှစ်နိုင်ငံပါဝင်တဲ့ ပစိဖိတ် တစ်လွှားမိတ် ဖက်နိုင်ငံများ ဆိုတဲ့ ကုန်သွယ်ရေးသဘောတူညီမှုကို တိုးမြှင့်ဆောင်ရွက်ခဲ့ပါတယ်။ ထရမ့်ကို မဲပေးသူ တွေက သူ့ကို ဘာ့ကြောင့်မဲပေးခဲ့ကြသည်ဖြစ်စေ အာရှနဲ့ကုန်သွယ်ရေးလုပ်ဖို့မဲပေးခဲ့တာမဟုတ်တာကတော့ သေချာ ပါတယ်။ လွှတ်တော်အမတ် တွေကလဲ အမျိုးသားရေးစိတ်ခံစားမှုတွေနဲ့ပတ်သက်ပြီး အထိပါးမခံနိုင်တဲ့အခြေအနေမျိုး ခံစားနေကြရပါတယ်။

အမှန်တကယ်ဆိုရင် တရုတ်နဲ့ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲဖို့ ထရမ့်က ခြိမ်းခြောက်ခဲ့ပါသေးတယ်။ အမေရိကန်နဲ့ အကြီး ဆုံးကုန်သွယ်ဖက်ဖြစ်တဲ့ တရုတ်နိုင်ငံကနေတင်သွင်းတဲ့ကုန်စည်တွေကို ပြစ်ဒဏ်ခတ်တဲ့အနေနဲ့ သွင်းကုန်ခွန် ၄၅% အထိ ကောက်ခံဖို့ ဂတိပေးခဲ့ပါတယ်။ ဒီလိုကုန်သွယ်ရေးစစ်ပွဲကြောင့် အမေရိကန်သာလျင် အဓိကအကျဆုံး အပြစ်ခံရသူဖြစ်နိုင်ပေ မယ့်လဲ အာရှတစ်လွှားဖြန့်ကျက်ထားတဲ့ ကုန်ထုတ်လုပ်ငန်းတွေကို တဖြေးဖြေးချင်းထိခိုက်စေပြီး အလုပ်အကိုင်ရှားပါးမှုဖြစ်စေ ပြီးတော့ ယုံကြည်မှုတွေကျဆင်းစေပါလိမ့်မယ်။

NEW YORK, NY - NOVEMBER 09: Republican president-elect Donald Trump walks on stage with his son Barron Trump, wife Melania Trump during his election night event at the New York Hilton Midtown in the early morning hours of November 9, 2016 in New York City. Donald Trump defeated Democratic presidential nominee Hillary Clinton to become the 45th president of the United States.   Joe Raedle/Getty Images/AFP == FOR NEWSPAPERS, INTERNET, TELCOS & TELEVISION USE ONLY ==
NEW YORK, NY – NOVEMBER 09: Republican president-elect Donald Trump walks on stage with his son Barron Trump, wife Melania Trump during his election night event at the New York Hilton Midtown in the early morning hours of November 9, 2016 in New York City. Donald Trump defeated Democratic presidential nominee Hillary Clinton to become the 45th president of the United States. Joe Raedle/Getty Images/AFP
== FOR NEWSPAPERS, INTERNET, TELCOS & TELEVISION USE ONLY ==

ထရမ့်အနားက တစ်ဦးထဲသော စီးပွားရေးပညာရှင်ဖြစ်သူ ပီတာနာဗားရိုး (ကျန်တာတွေက လုပ်ငန်းရှင်တွေသာ ဖြစ်တယ်) ကတော့ တရုတ်ဟာ အမေရိကန် ကုန်ထုတ်လုပ်ငန်းတွေကို ဟောင်းလောင်းဖြစ်စေတာဟာ တရုတ်နိုင်ငံမှာ တာဝန်ရှိတယ်လို့ ငြင်းခုန်ပြောဆိုခဲ့သူဖြစ်ပါတယ်။ ကုန်သွယ်ရေးမညီမ ျှမှုဖြစ်ရခြင်းအကြောင်းရင်းခံဟာ ကမ္ဘာ့စီးပွားရေး ပြဿနာကြောင့်ဖြစ်ပြီး ငွေကြေးအမြတ်ထုတ်မှုကြောင့် ဒီလိုဖြစ်ရတာပါလို့ သူကရှုမြင်ပါတယ်။ တရုတ်နိုင်ငံဟာ ဒီလို ငွေကြေးအမြတ် ထုတ်မှုနဲ့ပတ်သက်ပြီး အဓိကကျတဲ့နိုင်ငံလို့ သူကပြောပါတယ်။ ဒီအမြင်ဟာ အများရှုမြင်ပုံနဲ့ အများကြီး ကွာခြားပေမယ့်လဲ ထရမ့်အစိုးရတက်လာရင် သူ့ရဲ့စီးပွားရေးအမြင်တွေဟာ အများကြီးအကောင်အထည်ဖော်လာစရာ အကြောင်းရှိပါတယ်။

ပဲရစ်ရာသီဥတုပြောင်းလဲမှုဆိုင်ရာစာချုပ်နဲ့ အမေရိကန်-တရုတ်ဆက်ဆံရေးရဲ့ အားနည်းလှတဲ့ဆက်ဆံရေးထဲက အလင်းတစ်စဖြစ်တဲ့ တရုတ်နဲ့သဘောတူထားတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာသဘောတူညီချက်တွေကို တရားဝင် ရပ်စဲမယ် လို့ ထရမ့်ကပြောထားပါတယ်။ တရုတ်နိုင်ငံကို ငွေကြေးကိုအသုံးချသူအဖြစ် တံဆိပ်ကပ်ဖို့ ဂတိစကား ပြောကြားခဲ့သလို ဒီအ တွက်ရလာမယ့် နောက်ဆက်တွဲရလဒ်ကတော့ အမေရိကန်ဟာ ငွေကြေးတန်ဖိုးနဲ့ပတ်သက်ပြီး တရုတ်နဲ့ဆွေးနွေးပြောဆိုရမှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။ ဒါပေမယ့် ဒါဟာ ဘယ်လိုအကျိုးသက်ရောက်မှုမျိုးမှ ရှိလာ မှာတော့ မဟုတ်ပါဘူး။ ပြည်တွင်းမှာ ရော ကမ္ဘာ့ကုန်သွယ်ရေးမှာပါ ကုန်သွယ်ရေးရပ်တန့်ဖို့လုပ်သွားမယ်လို့ ခြိမ်းခြောက် ခဲ့သလို တရုတ်နိုင်ငံအနေနဲ့ တရားမဝင်လုပ် ဆောင်ချက်တွေကို ရပ်တန်းကမရပ်ဘူးဆိုရင် ကုန်သွယ်ရေးအငြင်းပွားမှုနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတတစ်ယောက်အနေနဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ အာဏာအားလုံးကို အသုံးပြုပြီး ကုစားသွားမယ်လို့ သူကပြောပါတယ်။ အမေရိကန်သမ္မတတစ်ယောက်အနေနဲ့ ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး တစ်ဖက်သတ်လုပ်ဆောင်ချက် ကို လုပ်ဆောင်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် ကုန်သွယ်ရေးပမာဏရဲ့ ၂၅ % သောပမာဏကိုသာဖြစ်ပြီး ဘယ်လိုလုပ် ဆောင်သည်ဖြစ်စေ ရက်ပေါင်း ၁၅၀ သာ အကြုံးဝင်မှာဖြစ်ပါတယ်။

ဘားရက်အိုဘားမားရဲ့ “အာရှဗဟိုဝင်ရိုး” ဆိုတဲ့ ကမ္ဘာပေါ်မှာ အတက်ကြွအပေါ့ပါးဆုံးနဲ့ အကြီးဆုံးသောတိုက် ကြီး တစ်တိုက်ကို ပိုပြီးအာရုံစိုက်ရေးမူဝါဒဟာ အခုဆိုရင် အခြိမ်းခြောက်ခံနေရပါပြီး။ အမေရိကန်ရဲ့ဦးစားပေးကဏ္ဍမှာ အာရှမိတ်ဆွေ တွေအပေါ် အာရှတိုက်လုံးဆိုင်ရာဂတိကဝတ်တွေကို ပြန်လည်ခိုင်မာစေတာပဲ ဖြစ်သင့်ပါတယ်။ ရာသီဥတု ပြောင်းလဲမှုတို့လို ကမ္ဘာ့ရေးရာတွေနဲ့ ပတ်သက်လာရင် တရုတ်နဲ့ထိတွေ့ဆက်ဆံဖို့၊ နှစ်ဖက်သဘောတူညီမှုတွေလုပ်ထား တဲ့ တရုတ်နိုင်ငံဝင် ရောက်လာမှုကို ချိန်ညှိထားတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံများနဲ့ သဘောတူညီမှုတွေကို ပြန်လည်ခိုင်မာ အောင်တည်ဆောက်ဖို့၊ မြောက်ကိုရီးယားနဲ့ချိတ်ဆက်လုပ်ကိုင်နေတဲ့ တရုတ်စီးပွားရေးလုပ်ငန်းနဲ့ဘဏ်တွေကို ပြစ်ဒဏ်ချ မှတ်တာမျိုး၊ နိုင်ငံတကာက ကျွမ်းကျင်သူတွေစိုးရိမ်နေတာထက်ပိုဆိုးတဲ့ နျူးကလီးယားထိပ်ဖူးတပ်ဆင်နိုင်တဲ့ တာဝေးပစ် ဒုံးကျည်တွေထုတ်လုပ်မှုတွေကို ဆက်မလုပ်ဖို့ မြောက်ကိုးရီးယားကို တရုတ်ကမတားမြစ်တာမျိုးကို ပြောဆိုခြင်းအားဖြင့် တရုတ်ကို ဖိအားပေးဖို့ စတဲ့ကိစ္စတွေကို လုပ်ဆောင်သင့်ပါတယ်။ ဟီလာရီအနေနဲ့ ဒီစိန်ခေါ်မှုတွေကို နားလည်ပါတယ်။ ဒီလိုနားလည်လို့လည်း အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ဖို့အတွက် အာရှကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကို အဆင်သင့်ဖြစ် အောင်ကြိုးစားဖော်ဆောင်နေခဲ့ပါသေးတယ်။ ထရမ့် ကတော့ ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို နားလည်ကြောင်း အရိပ်အယောင်တောင် မပြခဲ့ပါဘူး။ သူ့ကိုအကြံပေးမယ့် ကျွမ်းကျင်သူတွေအဖြစ် ဘယ်သူတွေထမ်းဆောင်ကြမလဲ ဆိုတာကတော့ မရှင်းလင်းသေးပါဘူး။ အာရှရေးရာကျွမ်းကျင်တဲ့ ရီပတ်ဗလီကန်ပါတီဝင်တွေအားလုံးကတော့ သူနဲ့တွဲလုပ် လိုတဲ့ပုံမပေါ်ပါဘူး။

ထရမ့်အနိုင်ရမှုက အမေရိကန်အပေါ် သစ္စာရှိခဲ့တဲ့ဂျပန်နိုင်ငံအတွက်တော့ စိုးရိမ်စိတ်ပျက်စေပါလိမ့်မယ်။ ရွေးကောက်ပွဲမဲဆွယ်ကာလတုန်းက ဂျပန်ဟာ လုံခြုံရေးဆိုင်ရာအမေရိကန်နိုင်ငံရဲ့ဂတိကဝတ်တွေအပေါ်မှီခိုလွန်းတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဂျပန်နဲ့ တောင်ကိုးရီးယားတို့ဟာ အမေရိကန်ထီးရိပ်ကိုခိုနေမယ့်အစား ကိုယ့်ကိုယ်ပိုင်နျူကလီး ယားလက်နက်တွေ ထုတ်လုပ်သင့်တယ်လို့ အကြံပြုပြောဆိုခဲ့ပါတယ်။ ဒါဟာ ဒေသတွင်းမတည်ငြိမ်မှုကို အားပေးလိုက် သလိုပါပဲ။ ဂျပန်ရော၊ တောင်ကီုးရီးယားကပါ ဒါကိုလုပ်ဆောင်ဖို့ စဉ်းတောင်စဉ်းစားကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အမေ ရိကန်အနေနဲ့ ဒေသတွင်း အရေးတွေမှာ ဆက်လက်ပြီးပါဝင်မှုမလုပ်တော့မှာကိုတော့ စိုးရိမ်နေကြမှာပါ။ ထရမ့်ရဲ့ အမေရိ ကန်ထောက်ပံ့တဲ့စည်းမျဉ်းအခြေ ပြုအစီအစဉ်အပေါ် တာဝန်မယူလိုမှုကြောင့် တရုတ်နိုင်ငံအနေနဲ့ ပိုပြီးနေရာဝင်ယူလာစေ နိုင်ပါတယ်။ အထူးသဖြင့် တောင် တရုတ်ပင်လယ်ဒေသတွင်းမှာ လုံခြုံရေးကင်းလှည့်နေတာမျိုးကို အမေရိကန်က ဆက် ပြီးတာဝန်မယူတော့ဘူးဆိုရင် တရုတ်က သေခြာပေါက် ဝင်ရောက်လာမှာဖြစ်ပါတယ်။

တရုတ်လင်းယုန်တွေကတော့ ပထဝီနိုင်ငံရေးအခွင့်အလမ်းတွေကို မြင်နေပါတယ်။ တရုတ်နိုင်ငံရဲ့ အာဏာရ ကွန်မြူနစ်ပါတီက နက်နက်ရှိုင်းရှိုင်းယုံကြည်ထားတဲ့ ယုံကြည်ချက်တစ်ခုက တရုတ်နိုင်ငံဟာ တိုးတက်လာနေတဲ့ ကြယ်စင်တစ်ပွင်ဖြစ်ပြီး အမေရိ ကန်ဟာ ကျဆုံးနေတဲ့ ကြယ်ဟောင်းတစ်လုံးဖြစ်ပါတယ်။ ထရမ့်အနိုင်ရမှုဟာ အမေရိ ကန်ကျဆုံးခန်းအတွက် အကြောင်းတရား တစ်ခုဖြစ်လာဖွယ်ရှိပြီး အမေရိကန်အားနည်းမှုဆိုတဲ့အကျိုးတရားက ဆက် လာဖို့ပဲရှိတယ်လို့ ရှုမြင်ကြပါတယ်။ ဒီလိုဖြစ်လာတဲ့ အတွက် အမေရိကန်နဲ့ အနောက်နိုင်ငံတွေကသာ ပိုပြီး ဆိုးကျိုးခံစား ရဖို့ရှိပါတယ်။ ဂလိုဘယ်တိုင်းမ်သတင်းစာကတော့ “ဒီလူ ကို အိမ်ဖြူတော်ကိုတက်လှမ်းခွင့်ပေးလိုက်ပြီး ဘယ်လို ကသောင်းကနင်းကိစ္စတွေ သူဖန်တီးမလဲဆိုတာကို စောင့်ကြည့်ယုံပဲ” လို့ ရေးသားဖော်ပြခဲ့ပါတယ်။

ရင်းမြစ် – အီကော်နောမစ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.