ဓါတ်ပုံ - ဘုန်းထက်

ဘားအံ၊ နိုဝင်ဘာ ၁၅

ဘားအံမြို့နယ်၊ နောင်လုံကျေးရွာ ဘုန်းကြီးကျောင်းတွင် (၁၁၁)ကြိမ်မြောက် ကထိန်ပွဲအဖြစ် မီးပုံပျံအလုံးရေ(၈၀၀)ကျော် တစ်ပြိုင်နက်လွှတ်တင်ခြင်းပါ ပြုလုပ်ခဲ့ကြောင်း သိရသည်။<!--more-->



အဆိုပါပွဲကို တန်ဆောင်မုန်းလပြည့်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ဆွမ်းကြီးလောင်းပွဲတော်လည်းပါဝင်ကာ သံဃာအပါး(၇၀၀)ကျော်အား လှူဖွယ်များလောင်းလှူခဲ့ကြပြီး မီးပုံးပျံလွှတ်တော်ခဲ့ကြသည်။

မီးပုံးပျံများမှာ ပလတ်စတစ်အိတ်ကြီး အလုံးရေ (၄၀၀၀)ကျော်ဖြင့် ပြုလုပ်ထားပြီး မီးဇာမှာ အရှည်(၈) ပေရှိတစ်လုံး၊ ပလတ်စတစ်အိတ်ကြိး အလုံးရေ(၃၀၀၀)ကျော်ဖြင့် ပြုလုပ်ထားပြီး မီးဇာ အရှည် (၇)ပေရှိ မီးပုံးပျံ တစ်လုံး၊ မီးဇာ(၄)တောင်ရှိ အလတ်စားမီးပုံပျံအလုံးရေ(၂၀)ကျော်နှင့် ကျောင်းတိုက်ဆရာတော်၏ သက်တော် (၅၈)နှစ်အထိမ်းအမှတ် မီးပုံပျံ(၅၈)လုံးနှင့် မီးပုံးပျံအသေးပေါင်း(၇၇၇)လုံးတို့ကို လွှတ်တော်ခဲ့ကြသည်။ 

ဓါတ်ပုံ - ဘုန်းထက်
ဓါတ်ပုံ – ဘုန်းထက်

မီးပုံးပျံလွှတ်တင်ပွဲတွင် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဆောင်းဘောက်တင်ဖျော်ဖြေရေး မော် တော် ယာဉ်အစီး(၂၀)ကျော်တို့ဖြင့် လူငယ်အဖွဲ့အသီးသီးတို့မှ ကခုန်ခဲ့ကြပြီး မီးပုံးပျံကြီးများ တစ်လုံးတက်သွားတိုင်း မီးရှူး၊မီးပန်းများပစ်ဖေါက်ခြင်း၊ သေနတ်များပစ်ဖေါက်ခြင်းများဖြင့် ပျော်ပျော်ပါးပါး ဆင်နွဲခဲ့ကြသည်။

(၁၁၁)ကြိမ်မြောက် ဘုရားလုံဘုန်းတော်ကြီးကျောင်း မီးပုံပျံလွှတ်ပွဲတော်သို့ နေဆန်း၊ နဝရတ်နှင့် အနု ပညာရှင်အဖွဲ့က ရုပ်ရှင်ရိုက်ကူးခဲ့ကြပြီး ညပိုင်းတွင်လည်း ကရင်ဇာတ်အလှသဘင်၊ ဒုံးယိမ်းအကများနှင့် ရိုးရာ လက်ဝှေ့ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရသည်။

သတင်း – ကိုကိုထက်(ဘားအံ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.