ပေါင်၊ အောက်တိုဘာ ၂၄

ပေါင်မြို့နယ်ရှိ မဟာသုဒဿနတောင် ဆုတောင်းပြည့်ဘုရားတွင် ရုပ်ရှင် သရုပ်ဆောင် မင်းသား ဟိန်း ဝေယံ အမည်ဖြင့် ယထြာပြုလုပ်ထားခြင်းကို ဘုရားဖူးသူများ စိတ်အနှောင့်ယှဉ် ဖြစ်စေသည့်အတွက် မပြုလုပ် ရန် မြို့သူမြို့သားများက ကွန့်ကွက်ကြောင်း သတင်းရရှိသည်။

ရုပ်ရှင်သရုပ်ဆောင်ဟိန်းဝေယံမှ ဆုတောင်းပြည့် ဘုရားရှိ ပစ္စယံထောင့် ရှစ်ထောင့်လုံးတွင် ဟိန်းေ၀ ယံ အမည်ပါ အလံ ကိုးခု ထောင်ခဲ့ပြီး ဘုရားဂေါပကများ၏ ခွင့်ပြုချက်ဖြင့် ထားရှိခြင်းမဟုတ်ကြောင်း ဂေါကပ များထံမှ သိရသည်။

“ ဒီယထြာ ဘယ်တုန်းက လုပ်ထားလဲ ဆိုတာ ကျွန်တော်တို့ မသိဘူး။ ညကမှ အင်တာနက်မှ တွေ့လို သိတာ။ အခုတော့ ဖြုတ်သိမ်းလိုက်ပြီး။ ဟိန်းဝေယံအမေနဲ့ သူငယ်ချင်းတော်တဲ့ ကျောင်းထိုင်ဆရာတော်ရဲ့ ယောက်ဖ လုပ်တယ်လို့တော့ ပြောတယ်။ ယထြာတော့ လူတိုင်း လုပ်ကြတော့ ကျွန်တော်တို့ ဂေါပကအနေနဲ့ ဘာမှ မပြောစရာ မရှိပါဘူး။ ဘုရားဖူးသူတွေ စိတ်အနှောင့်ယှဉ် ဖြစ်စေမယ့် ယထြာကိုတော့ နောက်မလုပ်ကြဖို့ တားမြစ်သွားမယ်“ ဟု ဆုတောင်းပြည်ဘုရား ဂေါပက စာရင်းစစ် ဦးကျော် ကပြောသည်။

ဟိန်းဝေယံ အမည် စာတန်းပါ အလံတိုင်များကို ထောင်ထားသည့်အတွက် ဘုရားဖူးသည့် ရဟန်းရှင်၊ ပြည်သူများ မင်းသားနာမည်ကို ရှိခိုးကန်တော့ နေရသကဲ့သို့ ဖြစ်နေကြောင်း ကန့်ကွက်သူများက ဆိုကြသည်။

အပူဇော်ခံလိုလျှင် အပူဇော် ခံနိုင်အောင် ကျင့်ပါ၊ ချမ်းသာလိုလျှင် ချမ်းသာအောင် ကျင့်ပါ၊ အကယ်ဒမီ လိုချင်ရင် အကယ်ဒမီ လိုချင်အောင် ကျင့်ပါ ကျေးဇူးပြု၍ ဘုရားနှင့် ဘုရားဖူးသူကြား ကန့်လန့် ကန့်လန့် မလုပ် ပါနှင့် ဘုရားဖူးသူ စိတ်အနှောင့်ယှက် ဖြစ်စေတယ်ဟု လူမှုကွန်ရက်စာမျက်နှာတွင် ကန့်ကွက်ထားခြင်းလည်း ဖြစ်သည်။

“ ဟိန်းဝေယံ အမေ ဒေါ်စန်းစန်းဝင်းက သူ့သား အတွက် ဗေဒင်တွက်တာ ကံနိမ့်နေတယ်။ ဒါကြောင့် ကျွန်တော်ကို ကိုးနဝင်းကြေအောင် သူ့သားနာမည်နဲ့ ဘုရားပေါ်မှာ အလံကိုးခု ထောင်ခိုင်ထားတယ်။ ကျွန်တော်နဲ့ ကျောင်းနေဖက် သူငယ်ချင်းဆိုတော့ လုပ်ပေးတယ်။ ကျွန်တော်လုပ်တာ ဘုရားဂေါပကအဖွဲ့ အားလုံးသိတယ်။ မင်းသားဆိုတော့ ကြိုက်တဲ့ လူလဲ ရှိတယ်။ မကြိုက်တဲ့ လူလဲ ရှိတယ်။ မကြိုက်တဲ့သူတွေက ဒီကိစ္စကို မနှစ်သက်ဘူးပေါ့ ။ “ ဟု ဘုရားပေါ်တွင် ယထြာချေးပေးသည့် ဦးသောင်းညွန့်က ပြောသည်။

ဆုတောင်းပြည့် ဘုရားတွင် လိုအပ်သည့် အရာဝတ္တုများကို ဟိန်းဝေယံက လှူဒါန်းမှုများ ရှိကြောင်း ဦးသောင်းညွန့်က ဆိုသည်။

သတင်း – နဒီ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.