|Dawei Watch| ထားဝယ်၊ အောက်တိုဘာ ၂၄

တိုင်းအတွင်း လမ်းဦးစီးဌာနက လုပ်ဆောင်နေသည့် လမ်းတံတား လုပ်ငန်းများကို လာမည့်အပတ်တွင် စတင်လုပ်ဆောင် တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ် /စွမ်းအင်ဝန်ကြီးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလက ထားဝယ်- မလွှဲတောင်လမ်းပိုင်းတွင် အရည်အသွေး မပြည့်မီဘဲ လုပ်ဆောင် ထားသည့်အတွက် ပြည်ထောင်စုက စစ်ဆေးရန် ရပ်နားခိုင်းထားခြင်း ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

“လာမယ့် အပတ်လောက် ဆိုရင် တော့ ပြန်စနိုင်လိမ့်မယ် ထင်တယ်”ဟု ဝန်ကြီး ဦးကြည်လှိုင်က ပြော သည်။

ယင်းလမ်းပိုင်း တိုးချဲ့ လုပ်ဆောင် မှုကို စက်တင်ဘာလ ၉ ရက် ကလိန် အောင်မြို့နယ်ခွဲ စွန့်လွှတ်မြေယာ ပေးအပ်ပွဲ ခရီးစဉ်မှ ပြန်လာသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှောင် တခင် စစ်ဆေးခဲ့ရာ စံနှုန်းနှင့် မကိုက် ညီသည်ကို တွေ့ရှိသဖြင့် ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ ချက်ခြင်းတိုင်ကြားခဲ့ကြောင်း သိရသည်။

ထပ်ချဲ့လမ်းပိုင်းတွင် အနက် ၁ ပေ မြေတူးကာ ကျောက်ဖြည့် ရမည် ဖြစ်သော်လည်း အချို့နေရာများတွင် ၇ လက်မခန့်သာ မြေတူးကျောက်ဖြည့် ထားသည်ဟု တိုင်းဒေသကြီး ဝန်ကြီး ချုပ်က ပြောကြားခဲ့ဖူးသည်။

တင်ဒါအောင်ပြီးနောက် တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို ပေးသွင်းထားရခြင်း၊ လုပ်သားအင်အားနှင့် ယန္တရား အင်အား များအတွက် အပြင်တွင် အတိုးဖြင့် ချေးငှားလုပ်ဆောင်ထားရသည့်အတွက် အခက်အခဲရှိနေကာ အမြန်ဆုံး ပြန် လည်စတင်မည်ဆိုပါက အကောင်း ဆုံးဖြစ်ကြောင်း လမ်းခင်းကျောက် တင် သွင်းရန် တင်ဒါအောင်ထားသူ ဦးထွန်း အောင်က ဆိုသည်။

“အချိန်မီအောင် လုပ်သား အင် အားတွေ ယန္တရားတွေတိုးထားပြီး ကြို တင်ငွေလည်း ပေးထားပြီးဖြစ်တော့ ပြန်လွှတ်လို့လည်း မရဘူးဖြစ်နေ တယ်”ဟု ဦးထွန်းအောင်က ပြောသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် လမ်းတံတား တည်ဆောက်ရေးအတွက် တိုင်းဒေသကြီး ဘတ်ဂျက်ငွေလုံးငွေရင်း ငွေကျပ် ၁၈၄၀၆.၉၈၇ သန်းနှင့် ပြင်ဆင် ထိန်းသိမ်းမှု ဘတ်ဂျက် ငွေကျပ် ၆၉၁၁၁.၃၀၀ သန်း လျာ ထားပြီး ပြည်ထောင်စု ဘတ်ဂျက်အဖြစ် ငွေ ကျပ် ၆၆၅၂.၈၄၂ သန်း ချထား ပြီးဖြစ်ကြောင်း တိုင်းဒေသကြီး လမ်းဦး စီး ဌာနမှ သိရသည်။

ယင်းဖြစ်စဉ်ဖြစ်ပွားပြီး မကြာမီ တိုင်းဒေသကြီး လမ်းဦးစီးဌာနတွင် ဌာနအတွင်း နေရာပြောင်းရွေ့မှုတချို့ လုပ်ဆောင်ခဲ့သည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.