မုဒုံ၊ အောက်တိုဘာ ၁

မုဒုံမြို့နယ်၊ ဝက်တဲကျေးရွာ၊ကွင်းအမှတ်(၈၄၅(ခ))အတွင်းရှိ လယ်ပိုင်ရှင်တစ်ဦး၏ မိုးစပါးစိုက်ကွက်အတွင်းစိုက်ပျိုးထားသည့် စပ်မျိုးစပါးခင်း၌ စပါးမှိုသီးရောဂါပြင်းထန်စွာကျရောက်ခဲ့ရာ စပါးမှိုသီးရောဂါမှမျိုးစေ့ဆောင်ရောဂါအဖြစ်တည်ရှိနေနိုင်ပါသဖြင့် မှိုသီးရောဂါကျရောက်သောစပါးခင်းမှစပါးများအား

မျိုးအဖြစ်အသုံး မပြုသင့်ကြောင်းတားမြစ်ထားသည်ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးထံမှသိရှိရသည်။

စပါးမှိုသီးရောဂါပြင်းထန်စွာကျရောက်ခဲ့သည့် စပါးမျိုးသည်မြန်မာ့သြဘာလုပ်ငန်းစုကုမ္ပဏီလီမိတက်မှတင်သွင်းထားသောS-6001(Syngenta)စပ်မျိုးစပါးမျိုးဖြစ်ပြီး အဆိုပါကျေးရွာ၊ကွင်းရှိဦးပိုင်အမှတ်(၁၇/၃နှင့် ၁၈/၃)ဧရိယာ(၁၉.၅၃)ဧကအနက်မှ(၈.၀၀)ခန့်အား အဆိုပါစပ်မျိုးစပါးကို စိုက်ပျိုးထားခြင်းဖြစ်ကြောင်းလည်း ယင်းမြို့နယ်ရုံးမှပင်သိရသည်။

“ဘယ်ကုမ္ပဏီဘဲဖြစ်ဖြစ်၊ ဒီမြို့နယ်အတွင်းမျိုးစမ်းသပ်တယ်ဆိုရင်တော့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ကို ဆက်သွယ်ပြီးတော့ ဆောင်ရွက်သင့်တယ်။ နောက်ပြီးတော့ မျိုးတစ်မျိုးရဲ့အားသာချက်၊ အားနည်းချက်ကို ကုမ္ပဏီက သိရှိထားပြီးဖြစ်တဲ့အတွက် စိုက်ပျိုးမည့်တောင်သူတွေကိုလည်း လိုက်နာရမယ့်အချက်တွေကိုလိုက်နာခိုင်းဖို့လိုပါတယ်။ ဒီဖြစ်စဉ်မှာ ဒီမျိုးကို ဧရာဝတီ်တိုင်းက မြို့နယ်တော်တော်များများမှာ မြန်မာ့သြဘာက စိုက်ခိုင်းတယ်လို့သိရတယ်။ အဲဒီမှာ မှိုရောဂါမဖြစ်ဘူး။ ကြိုတင်ဆေးဖြန်းတဲ့အတွက် လိုက်နာဆောင်ရွက်တဲ့အတွက်မဖြစ်တာ ဒီလယ်မှာက ညွှန်ကြားချက်အတိုင်း ဆေးမဖြန်းတဲ့အတွက် ဌာနမှပြောတာကိုလည်း မလိုက်နာလို့ဖြစ် တာ။ နည်းပညာကိုလိုက်နာမှသာလျှင် အချိန်မှီကာကွယ်နိုင်မှာ သို့မဟုတ်က ပြန့်ပွားသွားရင်ကိုယ်လည်းပျက်စီးဆုံးရှုံး၊ သူတစ်ပါးလည်းနစ်နာ၊ နှစ်စဉ်လည်း ဒီမှိုသီးရောဂါမျိုးတွေပြန့်ပွားသွားနိုင်တယ်”ံဟုမြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိဦးဇော်ဝင်းလတ်က သံလွင်တိုင်းမ်ကို ပြောသည်။

အဆိုပါစပါးမှိုသီးရောဂါကျရောက်သည့် စပါးခင်းအား ယနေ့အချိန်တွင်စက်ဖြင့် ရိတ်သိမ်းခြွေလှေ့ခဲ့ပြီး ယင်းစပါးများအား မျိုးစပါးအဖြစ်အခြားတောင်သူများအားဖြန့်ဖြူးရောင်းချခြင်းမပြုရန်နှင့် စားသုံးရန်အလို့ဌာ အခြားတောင်သူများအားဖြန့်ဖြူးရောင်းချခြင်းမပြုရန် လယ်ပိုင်ရှင်အားအကြောင်းကြားထားကြောင်းလည်း သိရသည်။

%e1%80%99%e1%80%ad%e1%82%88%e1%80%80%e1%80%ba%e1%80%b1%e1%80%9b%e1%80%ac%e1%80%80%e1%80%b9%e1%80%85%e1%80%95%e1%80%ab%e1%80%b8အဆိုပါမှိုသီးများ ရင့်မှည့်ပေါက်ကွဲသွားပါက အခြားစိုက်ခင်းများသို့ လေဖြင့်ကူးစက်နိုင်ပြီး လယ်နီးချင်း စပါးခင်းတွင်လည်း စပါးမှိုသီးရောဂါတွေ့ရှိရသဖြင့် Hexaconazole မှိုသတ်ဆေးအား ဖျန်းရသည့် အခြေအနေ ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။

S6001 စပ်မျိုးစပါးစမ်းသပ်ကွက်မှထွက်ရှိလာသော စပါးများကို ရပ်ကွက်၊ကျေးရွာများရှိ တောင်သူများ မျိုးအဖြစ်အသုံးပြုရန်နှင့်မှိုအဆိပ်ပါဝင်မှုကြောင့်စာသုံးရန်လည်းမဝယ်ယူသင့်ကြောင့်မြို့နယ်အုပ်ချုပ်ရေးမှတစ်ဆင့်၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးအဆင့်ဆင့်သို့ အကြောင်းကြားကာပြည်သူလူထုကျယ်ကျယ်ပြန့်ပြန့်သိရှိရန်အတွက် နှိုးဆော်ထားကြောင်းလည်းသိရသည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.