မွန်ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် မြို့နယ်တည်ငြိမ်မှု ထိန်းသိမ်းရေးအဖွဲ့များ ဖွဲ့စည်းသွားရန် စီစဉ် နေပြီး ယင်းအဖွဲ့တွင် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်တစ်ဦးစီပါဝင်ထည့်သွင်းသွားရန်ရှိကြောင်း ပေါင်မြို့နယ်ရှိ နိုင်ငံရေးပါတီတစ်ခုထံမှ သိရသည်။

“စက်တင်ဘာ၂၇ ရက်နေ့ကစာဝင်လာတယ်။ အုပ်ချုပ်ရေးမှုးရုံးကတစ်စောင် မြို့နယ်ကော်မရှင်က လည်း စာပို့လာပြီး ပါတီတစ်ခုကို ကိုယ်စားလှယ်တစ်ဦးစီအမည်စာရင်း ဒီနေ့အရောက်ပြန်တင်ပြရမယ်“ဟု ပေါင်မြို့နယ်အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ ဒုဥက္ကဌ ဒေါ်မီမီလှိုင်ချု ိက သံလွင်တိုင်းမ်သို့ ပြော ဆိုသည်။

စက်တင်ဘာလ (၁၁)ရက်နေ့က ပြုလုပ်သော မွန်ပြည်နယ်တွင်း အရေးပေါ်ကာလစီမံန့်ခွဲရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်နယ်အရေးပေါ်ကာလစီမံခန့်ခွဲရေးကော်မတီကို အထောက်အကူပြုဆောင် ရွက်နိုင်ရန် ရည်ရွယ်ပြီး မြို့နယ်အသီးသီးတွင် ဖွဲ့စည်းခြင်းဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက် ဖြင့် ဖွဲ့စည်းခြင်းဖြစ်ကြောင်း ပေါင်မြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်က ပြောသည်။

ယခုဖွဲ့စည်းမည့် မြို့နယ်တည်ငြိမ်မှုထိန်းသိမ်းရေးပူးပေါင်းအဖွဲ့တွင် မြို့နယ်အုပ်ချုပ်ရေးမှုးက အဖွဲ့ ခေါင်းဆောင်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့မိမြို့ဖ၊ ဘာသာရေးအဖွဲ့ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီ များမှ ကိုယ်စားလှယ်တစ်ဦးစီ၊ လုပ်ငန်းရှင်တစ်ဦးလယ်သမားတစ်ဦး အလုပ်သမားတစ်ဦး၊ ပရဟိတ လုပ်ငန်း လုပ်ကိုင်နေသော လူငယ်တစ်ဦး၊ မီဒီယာတစ်ဦး၊ NG0 အဖွဲ့မှ တစ်ဦးစီပါဝင်မည်ဟု မြို့နယ် အုပ်ချုပ်ရေးဌာန ကထုတ်ပြန်သောစာတွင် ဖေါ်ပြထားသည်။

သတင်း – ဝရဇိန် (ပေါင်)
ပေါင်၊ စက်တင်ဘာ ၂၇

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.