မုဒုံမြို့နယ်အတွင်းရှိ လုပ်ငန်းအများအပြားတွင်အခြေခံကျဘမ်းလုပ်သားရှားပါးပြီး ဒေသတွင်း နေထိုင် သူများလုပ်ကိုင်မှုနည်းပါးခြင်းကြောင့် ယင်းလုပ်ငန်းများတွင် အခြားဒေသများမှ နေထိုင်သူများ လာရောက်ကာ လုပ်ကိုင်လျှက်ရှိကြောင်း စီးပွားရေးလုပ်ကိုင်သူလုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရသည်။

“ဒီမှာရှိတဲ့ဈေးတို့၊ စတိုးဆိုင်တို့၊ ရာဘာရုံ၊ ဆီဆိုင်နဲ့ အခြားနေရာတော်တော်များများမှာ နယ်ခံမဟုတ် တဲ့၊ အခြားကလာရောက်ပြီး ဒီမှာစီးပွားလာရှာတဲ့သူက ဒုနဲ့ဒေးဘဲ၊ ဒါကဘာလို့လဲဆိုရင် ဒီကလူတွေက လခ၊ လုပ်ခ ဟိုရွေ့၊ဒီမျှရမှ၊မရရင်မလုပ်ဘူး၊ ခင်ဗျားအလုပ်မလုပ်ရလည်း ဘာမဖြစ်တဲ့အနေအထား၊ အခြားက လူ တွေက ငွေထက်အလုပ်အကိုင်ရဖို့သူတို့တွက်အရေကြီးတယ်။ အချို့ကလည်း ရာဘာရုံတွေမှာ မိသားစုလိုက် အလုပ်လုပ်ပြီးအပြင်မှာအိမ်ဌားနေကြသာလည်းရှိတယ်၊”ဟုကျောက်အုတ့််ကွန်ကရစ်လုပ်ငန်းရှင်ကိုမောင်ဇော်က သံလွင်တိုင်းမ်သို့ ပြောသည်။

အခြားဒေသမှလာရောက်လုပ်ကိုင်ကြရသည့်အကြောင်းအရင်းမှာ ယင်းသို့ဒေသတွင်လုပ်ခနည်းပါးပြီး

အလုပ်အကိုင်ရှားပါးခြင်း၊မုဒုံနယ်တွင်အလုပ်အကိုင်အများအပြားနှင့်အလုပ်ရှာဖွေရာလွယ်ကူခြင်း၊လုပ်အားခပိုမို ခြင်း၊ ရေရှည်အလုပ်များရှိခြင်းတို့ကြောင့်ပင်ဖြစ်ကြောင်းလည်း အခြားဒေသများက ပြောင်းရွေ့လာရောက် လုပ်ကိုင်ကြသူများက ပြောသည်။

“ကျွန်တော်ကဒီမှာအလုပ်လာလုပ်တာ(၆)နှစ်ကျော်(၇)နှစ်တန်တော့မယ်။ ဒီမှာလုပ်ကိုင်စားသောက် ရတာကလွယ်တယ်။ အလုပ်လည်းတော်ရုံမရှားဘူး။ အလွန်ဆုံးအလုပ်ပြတ်က တစ်ခါလည်လောက်ပေါ့၊ (ရက် သတ္တပတ်(၇)ရက်)၊ရောက်စက ကုန်စုံဆိုင်မှာလုပ်တယ်၊ (၂)နှစ်လောက်လုပ်ပြီးရာဘာခြံမှာ မိသားစုတွေပါ ခေါ်ပြီးသွားလုပ်တယ်။ အခုတော့အိမ်ငယ်လေးတစ်လုံးမှာဌားနေပြီး ကျွန်တော်က ပန်းရံလုပ်တယ်၊ သားသမီး တွေကလည်း ဈေးထဲနှင့်ကုန်စုံဆိုင်မှာလုပ်တယ်၊ ကျွန်တော်တို့ဒေသကလူတွေလည်း အခြေချပြီး အချို့က တောင်စီးပွားဖြစ်နေရဲ့ဗျာ”ဟု ဧရာဝတီတိုင်းဒေသကြီး၊ကဒုံကနိမှဦးသန်းနိင်က ဆိုသည်။

မုဒုံမြို့နယ် အတွင်းရှိ စတိုးဆိုင်၊ ကုန်စုံဆိုင်၊ ဈေးဆိုင်၊ စက်ရုံ၊ ရာဘာမှိုင်ရုံ၊ ဆီဆိုင်၊ ပန်းရံ၊ လက် သမား၊ ပန်းပု၊ ပရိဘောဂ၊ လယ်ယာလုပ်ငန်း၊ ဥယျာဉ်ခြံ၊ ရာဘာခြံစသော လုပ်ငန်းအများအပြားတွင် ဒေသခံ များထက် အခြားဒေသမှ လာရောက်လုပ်ကိုင်နေမှုမှာ တစ်နှစ်ထက်၊ တစ်နှစ်သိသိသာသာ များပြားမှု ရှိလာပြီး၊ အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သူအချို့တို့သည်နေရပ်ဒေသတို့မပြန်ကြတော့ပဲ ယင်းအုတ်ဖိုလုပ်ငန်းနှင့် နီးကပ် သည့် ကုန်းမြေများတွင် တဲငယ်များထိုးကာအတည်တကျနေထိုင်ပြီး၊ မိုးရာသီတွင် သား၊ငါးရှာခြင်း ကောက်စိုက် အဌားလိုက်ခြင်း၊ ကြုံရာအလုပ်များလုပ်ကိုင်ပြီး အုတ်ရာသီချိန်များတွင် အုတ်လုပ်သားအဖြစ်ပြန်လည် လုပ်ကိုင် ကြကြောင်းလည်းသိရှိရသည်။

မုဒုံမြို့နယ်တွင် ရွေ့ပြောင်းလုပ်သား အိမ်ထောင်စုစာရင်းကိုသာ အကြမ်းဖျင်းကောက်ခံထားပြီး လူဦး ရေစာရင်းကို ကောက်ခံထားရှိမှုမရှိသည့်အတွက်ကြောင့် စုစုပေါင်း လူဦးရေ တစ်မြို့နယ်လုံးတွင် (၃၀၀၀)ဝန်း ကျင်ခန့်ရှိကြောင်းခန့်မှန်းထားသည်ဟုလည်း စုံစမ်းသိရှိရသည်။
mudon
လက်ရှိအချိန်တွင်မုဒုံမြို့တွင်အခြေခံကျဘမ်းလုပ်သားတစ်ဦးလျှင် တစ်လပျမ်းမျှကျပ်(၅)သောင်းနှင့် (၆)သောင်းဝန်းကျင်၊ နေ့စားကျပ်၂၅၀၀ မှ ၆၀၀၀ ဝန်ကျင်းလုပ်ငန်း အမျိုးအစားအလိုက် လုပ်အားခကွဲပြားခြင်း များလည်း ရှိကြောင်းသိရှိရသည်။

သတင်း – မင်းဥဒါန်း
မုဒုံ စက်တင်ဘာ ၂၇

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.