မုဒုံ၊ စက်တင်ဘာ ၂၈

မုဒုံမြို့ ကန်သာယာပန်းခြံအတွင်းထားရှိမည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုလုပ်ငန်းစဉ်းအား မုဒုံမွန် လူငယ်အသင်းမှ ကန့်ကွက်သည့်စာ ဖြစ်မြောက်ရေးအသင်းသို့ ပေးပို့ကန့်ကွက်ကြောင်း သိရသည်။

ကျွန်တော် ဗိုလ်ချုပ်အောင်ဆန်းကိုလေးစားတယ်။ ကျွန်တော်တို့ကန့်ကွက်ရတာက ဗိုလ်ချုပ်အောင် ဆန်း ဦးဆောင်ခဲ့တဲ့ ပင်လုံကတိကဝတ်၊ ပင်လုံစာချုပ်ကို အကောင်အထည်မဖော်နိင်သေးတဲ့အချိန်မှာ ဒီလိုမျိုး ဗိုလ်ချုပ်အောင်ဆန်းရုပ်တု မုဒုံမြို့မှာထားရှိဖို့လုပ်တာအခုချိန်မှာမလိုအပ်သေးဘူး။ ကျွန်တော်တို့ပြောပြောနေ တဲ့စကားအတိုင်းပဲ တိုင်းရင်းသားတွေအပေါ်မှာ လူမျိုးကြီးဝါဒသွတ်သွင်းခံရမှာကို ကြောက်တယ်၊ ဒီရုပ်တု ထု တာကလည်း အများဆန္ဒနဲ့အညီဖော်ဆောင်တဲ့အလုပ်မဟုတ်ဘူး။ မျှော်လင့်မထားတဲ့ခေတ်အဆက်ဆက်တည်ငြိမ်အေးချမ်းခဲ့တဲ့ပုံစံ၊ အနေအထားမျိုးတွေက ဒီရုပ်တုကြောင့်ပျက်ပြားစေနိုင်တယ်”ဟု မွန်လူငယ်အသင်းဥက္ကဌ နိုင်ထွန်းမြင့်က သံလွင်တိုင်းမ်ကိုပြောသည်။

လုပ်ငန်းကန့်ကွက်ခြင်းစားအား မွန်ပြည်နယ်ဝန်ကြီးချုပ်သို့ပေးပို့ပြီး ဖြစ်မြောက်ရေးကော်မတီအပြင် မွန်နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလူမျိုးအခွင့်အရေးဆိုင်ရာအဖွဲ့၊ မွန်စာပေယာဉ်ကျေးမှုအဖွဲ့များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့သို့ မိတ္တူပေးပို့ခဲ့ခြင်းလည်းဖြစ်သည်။

မုဒုံမြို့နယ်မွန်လူငယ်အသင်းမှ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုလုပ်ငန်းစဉ်အားကန့်ကွက်ခြင်းတင်ပြစာတွင် အချက်(၈)ချက်ပါရှိပြီး ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ပြုလုပ်ခြင်းကို အများဆန္ဒရယူမှုမရှိခဲ့ခြင်း၊ လူမျိုး ကြီးဝါဒပိုမိုကြီးထွားလာနိုင်ခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာလူမျိုးတို့၏ အာဇာနည်ခေါင်းဆောင်ဖြစ်ခြင်း၊ ကန်သာယာပန်းခြံအတွင်း ဗိုလ်ချုပ်အောင်ဆန်းရုပ်တုထားရှိပြီးနောက် ကျန်တိုင်းရင်းသားများမှလည်း ရုပ်ထု ထားရှိရန် လျှောက်ထားလာပါက ရုပ်တုများစုပြုံသွားနိုင်ခြင်း၊ လက်ရှိဆောင်ရွက်နေသည့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို လွတ်လပ်ရေးပန်းခြံအတွင်းသာ ထားရှိစေလိုခြင်း စသည့်အချက်များပါဝင်သည့် စာကို ပေးပို့ခဲ့ခြင်း လည်းဖြစ်သည်။

letterကန့်ကွက်ခြင်းနှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဖြစ်မြောက်ရေးကော်မတီဥက္ကဌဒေါက်တာ သန်းဝင်းက “ဝန်ကြီးချုပ်ကို စာတင်ထားတာသိတယ်။ ဒါလည်း သူတို့အခွင့်အရေးလေ ဒီမိုကရေစီခေတ်မှာ ဆန္ဒပြောခွင့်ရှိတယ်”ဟုဖြေကြားခဲ့သည်။

“မွန်အချင်းချင်းဘဲ၊ပြေလည်စေချင်တယ်။ ပြောဆိုညှိနှိုင်းကြရင်ပိုကောင်းမယ်။ ဒါက ကိုယ့်မြို့နယ် အရေးဖြစ်နေပြီလေ”ဟု မုဒုံ မွန်လူငယ်အသင်းဥက္ကဌကဆက်လက်ပြောကြားခဲ့သည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.