မော်လမြိုင်၊ ဇူလိုင် ၂၅

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးမှ ပူးတွဲတာဝန်ယူထားသည့် ဌာန(၂)ကို ပြင်ပပညာရှင်(သို့) ကိုယ်စားလှယ်ထဲမှ ကိုယ်စားလှယ်အား တာဝန်များကိုပြန်လည်လွှဲအပ်သွားမည်ဟု ပြည်နယ်အစိုးရရုံးမှ သိရ သည်။

n4
ဝန်ကြီးချုပ်အပြင် စည်ပင်နှင့်ဆောက်လုပ်ရေးဝန်ကြီးဌာနတိုက်ရိုက်ကိုင်တွယ်ရာတွင် ဝန်ပိသလိုဖြစ် သွားသည့်အတွက် ပြတ်သားသည့်ကာလအပိုင်းအခြားမရှိသေးဘဲ ပြန်လည်လွှဲအပ်ရန် အစီအစဉ်ရှိနေပြီးဖြစ် ကြောင်း ဝန်ကြီးချုပ်ဦးမင်းမင်းဦးကပြောသည်။

“လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်နိုင်တယ် တကယ်လို့သိပ်တော်တဲ့ပညာရှင်လည်းဖြစ်လာနိုင်တယ် အဓိကကတော့ လွှတ်တော်မှာအတည်သွားပြုရမှာလေ”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၄ရက် ဒုတိယကြိမ်မြောက် ပထမပုံမှန်အစည်းဝေးပဉ္စမမြောက်နေ့တွင် သမ္မတက ဝန်ကြီးဌာန(၇)ခုကို အဆိုပြုခဲ့ပြီး စည်ပင်နှင့်ဆောက်လုပ်ရေးဝန်ကြီးဌာနကို ဝန်ကြီးချုပ်က တိုက်ရိုက်ကိုင် တွယ်ခဲ့သည်။

ထိုနောက်ဝန်ကြီးချုပ်ဦးမင်းမင်းဦးက ဝန်ကြီးဌာန(၂)ခုကို တိုက်ရိုက်ကိုင်တွယ်ရခြင်းနှင့် ပတ်သက်ပြီး လွှတ်တော်အတွင်း ပြန်လည်းရှင်းလင်းရာတွင် “ဒီကိစ္စကလည်း နိုင်ငံတော် ဘဏ္ဍာငွေကို အတတ်နိုင်ဆုံး ခြိုးခြံချွေတာချင်တဲ့အတွက် ဝန်ကြီးဌာနတခုကို ကျွန်တော့်ရဲ့လက်အောက်မှာ တိုက်ရိုက်ကြီးကြပ် ဆောင် ရွက်ချင်တာပါ”ဟု ရှင်းလင်းခဲ့သည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက ပြည်နယ်ဝန်ကြီးချုပ်တာဝန်က များပြီး ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေအရ ပြည်နယ်ဝန်ကြီးချုပ်တာဝန်က နိုင်ငံရေးသဘောပိုဆောင်ပြီး စည်ပင်ဝန်ကြီးတာဝန်မှာ ဝန်ဆောင်မှု (service delivery) သဘောပိုဆောင်သည်ဟု ပြောသည်။

“လုပ်နိုင်မယ်ဆိုရင် တာဝန်တွေ အများကြီး တာဝန်ရှိပါတယ်။ ယခင် ပူးတွဲ တာဝန်ယူထားတယ် ကြား တုန်းက ယာယီသဘောပဲလို့ ထင်ခဲ့ပါ တယ်။ အလုပ်များလွန်းလို့ ဖြစ်နိုင်မယ် မထင်ခဲ့ပါ။ အခု ပြန်လွှဲပြောင်း တာဝန်ချထားပေးမယ်ဆိုရင် သင့်ပါတယ်” ဟု၎င်းက ပြောသည်။

ဝန်ကြီးချုပ်က တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးများခန့်အပ်ရန် လွှတ်တော်ကိုယ်စားလှယ်များထဲမှ(သို့) လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲမှ အမည်စာရင်းရွေးချယ်၍ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ရယူကာ နိုင်ငံတော်သမ္မတမှ ခန့်အပ်ပေးရန် တင်ပြရသည်။

မွန်ပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ်လောင်း (၃၁)နေရာအနက် တပ်မတော်သားကိုယ်စားလှယ် (၈) ဦး၊ မွန်အမျိုးသားပါတီမှ (၂)ဦး၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ (၁)ဦး၊ ကြံ့ခိုင်ရေးပါတီမှ (၁)ဦးနှင့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ (၁၉)ဦးရှိသည်။

ပြည်ထောင်စုလွှတ်တော်တွင်လည်း မတ်လ ၂၂ရက်က ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုဝန်ကြီးဌာန ၂၁ ခုတွင်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပညာရေး ဝန်ကြီး ဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သမ္မတရုံးနှင့် လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန(၄)ခုကို တာဝန်ယူခဲ့ပြီးနောက် ဧပြီလ ၄ ရက်နေ့တွင် သမ္မတကအဆိုပါ ဝန်ကြီးဌာန လေးခုမှ ပညာရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဌာနနှစ်ခုကိုပြည်ထောင်စုဝန်ကြီးသစ်များသို့ ပြန်လည်လွှဲပြောင်းခဲ့သည်။

သတင်း – ချမ်းစွန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.