မော်လမြိုင်၊ ဇူလိုင် ၂၆

NLD အစိုးရဆောင်ရွက်ရန် ယခင်အစိုးရဆိုင်းငံ့ထားသည့် စီမံကိန်း(၆)ခုကို ရပ်ထားဆဲဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးမင်းမင်းဦးက ပြောသည်။

n3

လတ်တလောတွင် စီမံကိန်းနှင့်ပတ်သက်၍ ဆောင်ရွက်သွားရန်ဆုံးဖြတ်ထားခြင်းမရှိသေးကြောင်းနှင့် ပြည်သူလိုလားချက်အရ လုပ်သင့်လျှင် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး အစိုးရအဖွဲ့အနေဖြင့် အများအကျိုးရှိသည့် စီမံကိန်းများကိုအကောင်အထည်ဖော်ပေးရသည်ဟု ၎င်းကဆက်ပြောသည်။

“အခုလက်ရှိအခြေအနေမှာ ဘာမှမလုပ်သေးဘူး သူတို့ကတော့အဆိုလာပြုနေပြီး လာပြုတဲ့ အခြေအနေကို ပြန်ကြည့်တယ်ပေါ့နော် လုပ်သင့်လား မလုပ်သင့်လားဒါပဲရှိသေးတယ် လုပ်ပါဆိုတဲ့စကားကို ဘာတခွန်းမှ မပြောသေးဘူးနော်”ဟု ဦးမင်းမင်းဦးက ပြောသည်။

ဆိုင်းငံ့ထားသည့်ပြည်ထောင်စုစီမံကိန်း ၃ခုမှာ ဘီလင်းသကြားစက်ရုံ၊ဖက်စပ်နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဖြင့် အတ္ထရံ မြစ်မှမြစ်ရေကိုသန့်စင်၍ ဖြန့်ဝေခြင်းလုပ်ငန်းကို BOTစနစ်ဖြင့်ဆောင်ရွက်မည့်အခြေအနေနှင့် မုဒုံမြို့နယ် အဝေးပြေးဂိတ်ယာဉ်နားစခန်းတည်ဆောက်အကောင်အထည်ဖော်ဆောင်ရွက်မည့်အခြေအနေတို့နှင့် စည်ပင် ဌာနနှင့်သက်ဆိုင်သည့် ပြည်နယ်အဆင့်စီမံကိန်း ၃ခုဖြစ်သည့် မန္တလေးရပ်ကွက် သစ်ပုံဆိပ်အိမ်ရာစီမံကိန်း၊ မော်လမြိုင်ဟိုတယ်များ အဆင့်မြှင့်တင်ရေးစီမံကိန်းနှင့် ဘိုကုန်းရပ် အထပ်မြင့်ဟိုတယ် စီမံကိန်းတို့ဖြစ်သည်။

စီမံကိန်းကို ယခင်အစိုးရလက်ထက်တွင် အတည်ပြုထားပြီးသားဖြစ်သည့်အတွက် ဆက်လုပ်မလုပ်ကို အစိုးရ အဖွဲ့က ဆုံးဖြတ်သွားမည်ဖြစ်ပြီး မိုးရာသီအကုန်လာမည့်ပွင့်လင်းရာသီတွင် ဆုံးဖြတ်ချက်ထွက်မည်ဟုသိရ သည်။

အစိုးသစ်တက်လာသည့်နောက်ပိုင်းတွင် စီမံကိန်းများလုပ်ဆောင်နိုင်ရန် အစိုးရအဖွဲ့သို့လာရောက်ညှိနှိုင်းသည့် ကုမ္ပဏီအဖွဲ့အစည်းပေါင်း ရာကျော်သွားပြီးဟုလည်း ၎င်းမှ သိရသည်။

တနိုင်ငံလုံးတွင် NLDအစိုးရဆောင်ရွက်ရန် ယခင်အစိုးရဆိုင်းငံ့ထားသည့် ပြည်ထောင်စုအဆင့်စီမံကိန်းလုပ် ငန်းစဉ်(၆၈)ခုရှိသည်ဟု ပြီးခဲ့သည့် ဖေဖေါ်ဝါရီလတွင် ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြထားသည့် ကိစ္စရပ်များ အနက် အချို့ကိစ္စရပ်များနောင်အစိုးရတာဝန်ယူစဉ် စဉ်းစားစီမံဆောင်ရွက်နိုင်ရန် ဆိုင်းငံ့ထားကြောင်းထုတ်ပြန် ထားသည်။

သတင်း – ချမ်းစွန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.