ပေါင်၊ ဇူလိုင် ၂၅

မြို့နယ်စိုက်ပျိုးရေးဌာနက ယခုနှစ်မိုးစပါးရာသီအတွက် ခရုနှင့်ပတ်သက်သော ပညာပေးမှု (၃၄) ကြိမ် ပြုလုပ်ခဲ့သည်ဟု သိရသော်လည်း ပေါင်မြို့နယ်ရှိ ကျေးရွာအချို့တွင် စပါးပျိုးခင်းများအား ခရုဖျက်ဆီးခံရသဖြင့် မျိုးစပါးအခက်အခဲဖြစ်နေကြောင်း သဲကုန်း၊ ညောင်ကုန်းကြီး၊ ထန်းပင်ချောင်လေးကျေးရွာ တို့မှ လယ်သမား များထံမှ သိရသည်။

n10

ပေါင်မြို့နယ်အတွင်းသို့ ခရုဝင်ရောက်လာမှု(၁၀)နှစ်ခန့့်ရှိပြီ ဖြစ်သော်လည်း၊ လွန်ခဲ့သည့် (၅)နှစ်ခန့်က စတင်၍ ယခုကျေးရွာများသို့ စပါးစားခရုများ ရောက်ရှိလာခြင်းဖြစ်ပြီး စပါးပျိုးပင်များကို ဖျက်ဆီးစားသောက်ခဲ့ ကြသဖြင့် လယ်သမားများမှာ နှစ်စဉ်မျိုးစပါးအခက်အခဲများနှင့် ကြုံတွေ့နေကြရသည်။

“ပျိုးခင်းတစ်ခင်းလုံးကုန်သွားတာ၊ အသိတွေဆီမှာလိုက်အကူအညီတောင်းနေရတယ်။ သူတို့စိုက်ပြီး လ့ို့ ပိုတယ်ဆိုရင် မျိုးပင်တွေကိုယူ၊ အဲ့ဒီလယ်ကွက်ကို ကိုယ်ကစရိတ်အ ကုန်အကျခံပြီးပြန်စိုက်ပေးရမယ်”ဟု သဲကုန်းကျေးရွာမှ ဘီလူးမကွင်းတွင် လယ်(၁၀)ဧကလုပ်ကိုင်သည့်ဒေါ်ဝါဝါ၀င်းကပြောသည်။

ထို့အပြင် ညောင်ကုန်းကြီး၊ ထန်း/လေး၊ ကျုံဟော်စသည့်ကျေးရွာများတွင်လည်း အလားတူ ခရုဖျက် ဆီးခြင်းခံထားရကြောင်း အဆိုပါကျေးရွာများမှအုပ်ချုပ်ရေးမှုးများနှင့် ပေါင်မြို့နယ်အုပ်ချုပ်ရေးျမှုးရုံး၌ တွေ့ဆုံ စဉ် မေးမြန်းမှုအရသိရသည်။

ခရုများအား လယ်ကွက်ထဲတွင် တစ်ပတ်တစ်ကြိမ် လူအားဖြင့်ကောက်ယူနေကြရာ လယ်ကွက်တစ် ကွက်၌ စပါးနှစ်တင်းဝင်အိတ်တစ်လုံးအပြည့်ရရှိကြောင်းသိရပြီး ထုချေဖျက်ဆီးသတ်ပစ်ခြင်း၊ အိတ်ကိုခြည် ပိတ်၍ ၃/၄ ရက်ထား၍ သေအောင်စီံမံပြုလုပ်နေကြကြောင်းသိရသည်။

ခရုများကိုအခြားနည်းလမ်းဖြင့် သတ်ရန်အဆင်မပြေနိုင်သေးကြောင်း ပေါင်မြို့နယ်စိုက်ပျိုးရေးဌာနသို့ သွားရောက်မေးမြန်းခဲ့စဉ်သိရပြီး လူအားဖြင့် လိုက်လံကောက်ယူသည့် နည်းလမ်းကသာ အကောင်းဆုံးအခြေ အနေတွင်ရှိနေသည်ဟု အကြံပြုခဲ့သည်။

“ ခရုတွေကို ဥဘဝထဲကဖျက်ဆီးဖို့လိုတယ်။ မြန်မာ့သြဘာက ခရုသတ်ဆေးထုတ်ပေမယ့် ရေကြီးရင် အလုပ်မဖြစ်ဘူး၊ ရေနဲရင်တော့ ထိုင်းကလာတဲ့ခရုသတ်ဆေးကိုသုံးလို့ရတယ်။ ပညာပေးလုပ်ငန်းအနေနဲ့ ဒီနှစ်ထဲ (၄၃)ကြိမ်လုပ်ခဲ့ပါတယ်။ လူနဲ့ကောက်တာကပိုထိရောက်တယ်”ဟု ပေါင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုဦးစီး ဦးမင်းငြိမ်းသန်းကပြောသည်။

အဆိုပါ ခရုများမှာတစ်နှစ်ပတ်လုံး သားပေါက် ဥ ဥလေ့ရှိပြီး၊ ရေမထိသည့်နေရာ၌သာ ဥများကိုဥကြ သည်။ ထိုဥများကိုရေထဲသို့ ကျအောင်လုပ်နိုင်ပါက သားပေါက်အဆင့်သို့ရောက်မ လာတော့ပဲပျက်ဆီးသွားနိုင် ကြောင်း ၎င်းကဆက်လက်၍ ပြောဆိုရှင်းပြသည်။

ပေါင်မြို့ပေါ်ရပ်ကွက်များ၏ လမ်းဘေးရေမြောင်းများ၌ပင် ကွမ်းသီးလုံးအရွယ်ခန့်ရှိသည့် အဆိုပါ ခရုများ အများအပြားတွေ့နေရပြီး ထိုခရုများအရွယ်ရောက်သည့်အခါ ထန်းသီးလုံးအရွယ်အစားအထိရှိ ကြောင်းတွေ့ရသည်။

ပေါင်မြို့နယ်တွင် ၂၀၁၆ခုနှစ်စာရင်းအရ မိုးစပါးလယ်စိုက်ဧက စုစုပေါင်း၁၂၆၉၅၆ ဧက ၊ နွေစပါးစိုက် ဧက ၁၂၀၆၄ ဧကစိုက်ပျိုးခဲ့ကြောင်းနှင့် နွေစပါးစိုက်ပျိုးသည့်လယ်များတွင် အဆိုပါခရုဖျက်ဆီးမှု ပိုမိုခံစားနေရ ကြောင်းသိရသည်။

သတင်း – ဝရဇိန်( ပေါင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.