ပေါင်၊ ဇူလိုင် ၂၈

ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ရှိ နေအိမ်တစ်ခုအတွင်းသို့ ချေတစ်ကောင်ဝင်ရောက် လာခဲ့ပြီး လက်ရှိအချိန်တွင် အဆိုပါနေအိမ်တွင်ပင် ထိန်းသိမ်းထားကြောင်း
သတင်းရရှိသည်။

n9

“ချေမှ အထီးဖြစ်ပြီး လာစဉ်က နှစ်ကောင်ဖြစ်တယ်။ တောပြုန်းပြီး မျက်စိလည် ရောက်လာတာဖြစ်နိုင်တယ်”ဟု ထိန်းသိမ်းထားသူ ကိုမျိုးမင်းအောင်က သံလွင်တိုင်းမ်သို့ပြောသည်။

ဆက်လက်ပြီး ယင်းကပင် ရောက်ရှိနေသော ချေမှာ ခြောက်ပိဿာခန့်ရှိပြီး ခြေတစ်ဖက်တွင် ခွေးကိုက်ထား သည့် ဒဏ်ရာများတွေ့ရကြောင်း၊ ယင်းချေမှာ နံနက်(၅)နာရီက တည်းက အိမ်သို့ရောက်ရှိနေကြောင်းလည်း ဆက်ပြောသည်။

ရောက်ရှိနေသော ချေကို ဇင်းကျိုက်ရှိ ဝါဆိုဘုန်းကြီးကျောင်းသို့ သွားရောက်လှူဒါန်းသွားရန် ရှိကြောင်းလည်း သိရသည်။

“ချေများရွာထဲသို့ဝင်လာပါက မကောင်းသောနိမိတ်များဖြစ်တတ်တယ်လို့ အယူရှိတယ်။ ဒါကြောင့် အရင်က ဆိုရင်ဆနွင်းလိမ်းပြီး အမွှေးနံ့သာဖြန်းကာ တောထဲပြန်လွှတ်လေ့ရှိကြောင်း” ကျေးရွာအုပ်ချုပ်ရေးမှုးဟောင်း မွန်လူမျိုးဖြစ်သည့် ဦးအောင်မင်းနိုင်ကပြောသည်။

သတင်းနှင့် ဓါတ်ပုံ – ဝရဇိန် (ပေါင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.