ရေး ၊ ဇူလိုင် ၁၇

ရေးမြို့နယ်၏ ပညာရေးဖောင်ဒေးရှင်းတစ်ခုဖြစ်သော မာရဒေဝီပညာရေးဖောင်ဒေးရှင်းသို့ ယခုနှစ် တက္ကသိုလ် ဝင်ခွင့်ကျပြီးသည့်အချိန်တွင် ပညာသင်ထောက်ပံ့ကြေးများ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ယင်းဖောင်ဒေး ရှင်းဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ဖြူက ပြောသည်။

maradawi

ဇူလိုင်လ ၁၇ ရက်နေ့နံနက်ပိုင်းက မာရဒေဝီပညာရေးဖောင်ဒေးရှင်း၏ ရေးမြို့၊ အ-ထ-က(၁)၊ ပညာရတနာခန်းမတွင်ပြုလုပ်သည့် ၂၀၁၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများအား ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ မူနဲ့ကိုက်ညီပြီး ပညာသင်ထောက်ပံ့ကြေးလိုအပ်သူများ တက္ကသိုလ်ဝင်ခွင့်ကျတဲ့အချိန်မှာ ဖောင်ဒေးရှင်းကို လျှောက်ထားနိုင်ကြောင်း အသိပေးအပ်ပါတယ်၊ ပြီးခဲ့တဲ့နှစ်ကတော့ ဆေးတက္ကသိုလ်ကျောင်း သားတစ်ဦး၊ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကျောင်းသားတစ်ဦး၊ အဝေးသင်တက္ကသိုလ်ကျောင်းသားတစ်ဦး၊ ကျောင်းသူ နှစ်ဦးကို ပညာသင်ထောက်ပံ့ကြေးပေးနိုင်ခဲ့ပါတယ် ” ဟု ၎င်းက ဆိုသည်။

မာရဒေဝီပညာရေးဖောင်ဒေးရှင်းသို့ ပညာသင်ထောက်ပံ့ကြေးလျှောက်ထားသူများအနေဖြင့် ရွေးချယ် ရေးမူအရ ထောက်ပံ့ကြေးပေးအပ်မည်ဖြစ်ပြီး နိုင်ငံသားမိဘနှစ်ပါးက မွေးဖွားသူဖြစ်ရမည်ဖြစ်ကြောင်း၊ ရေးမြို့ နယ်အတွင်း အထက၊ အထက(ခွဲ)ကျောင်းများတွင် ပညာသင်ကြားပြီး ရေးမြို့နယ်စာစစ်ဌာနမှ တက္ကသိုလ် ဝင်တန်းဖြေဆို အောင်မြင်ခဲ့သူဖြစ်ရမည်ဖြစ်ကြောင်း၊ ကျောင်းသား၏မိဘ(သို့မဟုတ်)အုပ်ထိန်းသူအနေဖြင့် ငွေရေးကြေးရေးချို့တဲ့သူဖြစ်ရမမည်ဖြစ်ကြောင်း၊ ကျောင်းသားအတွက် ထောက်ပံ့မှု သာမန်လို၊ အလွန်လို၊ မဖြစ်မနေလိုသူဖြစ် ရမည်ဖြစ်ပြီး သက်ဆိုင်ရာ အထက်တန်းကျောင်းအုပ်ကြီးနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးတို့ထံမှ ထောက်ခံချက်တင်ပြရမည်ဖြစ်သည်ဟု မူဝါဒချမှတ်ထားကြောင်းလည်း ယင်းဖောင်ဒေးရှင်း ထံက သိရသည်။

ထို့ပြင် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်တင်ပြရမည်ဖြစ်ပြီး ချို့တဲ့ခြင်းတူနေပါက ပညာရည်ချွန် သူကို ဦးစားပေးမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

“ ပညာသင်ထောက်ပံ့ကြေးရထားတဲ့ကျောင်းသားအနေနဲ့ တက္ကသိုလ်တက်နေစဉ်မှာ စာမေးပွဲကျရှုံးရင် ပညာသင်ထောက်ပံ့ကြေး ရပ်ဆိုင်းခံရပါ့မယ်။ သက်မွေးဝမ်းကျောင်းတက္ကသိုလ်အတွက် တစ်နှစ်မှာ သုံးသိန်း၊

ဝိဇ္ဇာသိပ္ပံတက္ကသိုလ်အတွက် တစ်နှစ်လျှင် နှစ်သိန်း၊ အဝေးသင်အတွက် တစ်နှစ်လျှင် တစ်သိန်းနှုန်းနဲ့ တက္ကသိုလ်ပညာပြီးဆုံးတဲ့အထိပေးအပ်မှာပါ ” ဟု မာရဒေဝီပညာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးခင်မောင်ဖြူက ဆိုသည်။

မွန်ပြည်နယ်အတွင်း ရေးမြို့နယ်အနေဖြင့် ယခုနှစ်တွင် ဖြေဆိုသူ ၁၄၆၃ ဦးရှိပြီး အောင်မြင်သူ ၅၂၉ ဦးရှိကာ ၃၆.၁၆ ရာခိုင်နှုန်းဖြင့် မြို့နယ်အဆင့် ၅ ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်က ၃၉.၆၃ ရာခိုင်နှုန်းဖြင့် ပြည်နယ် အဆင့် ၇ ကိုလည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် ၃၆.၇၃ ရာခိုင်နှုန်းဖြင့် ပြည်နယ်အဆင့် ၁၀ ကိုလည်းကောင်း၊

၂၀၁၅ ခုနှစ်တွင် ၃.၇၄ ရခိုင်နှုန်းဖြင့် ပြည်နယ်အဆင့် ၈ ကိုလည်းကောင်း ရရှိခဲ့သည်။

အဆိုပါဖောင်ဒေးရှင်းကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ရေးမြို့နယ် ပညာရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထူထောင်ခဲ့သော ရေးမြို့နယ်၏ တစ်ခုတည်းသော ပညာရေးဖောင် ဒေးရှင်တစ်ခုလည်းဖြစ်သည်။

သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.