စတုတ္ထတန်း (Grade 4) ကလေးတွေ ဘာတတ်မြောက်သင့်သလဲ။

ဘာသာစကား အနုပညာ (Language Art)

အိုင်ဒီယာများနှင့် ဇာတ်ကောင်များကို နှိုင်းယှဉ်ခြင်း၊ စကားပြောခန်း များဖြင့် ပုံပြင် ဇာတ်လမ်းများ ရေးသားခြင်း။

• ဇာတ်လမ်း၊ ပြဇာတ်၊ သို့မဟုတ် ကဗျာ၏ ပင်မ ပြောလိုသည့်အချက်၊ အိုင်ဒီယာကို ဖော်ပြပါ။
• ဇာတ်လမ်းတစ်ခု၏ အခြေခံပါဝင်မှုများကို ဖော်ပြပါ။ ဥပမာအားဖြင့်-ဇာတ်ကောင်များ၊ ဖြစ်ရပ်များ၊ နောက်ခံကြောင်းရာများ။ ယင်းတို့ကို အသေးစိတ်အချို့ကို ထုတ်နှုတ်ပြပါ။
• စာရေးဆရာက အချက်အလက်များ၊ အသေးစိတ်များနှင့် သက်သေ အထောက်အထားများကို သုံး၍ သူ၏ ဦးတည်ချက်များ မည်သို့ ပံ့ပိုးပေးပုံကို ရှင်းပြပါ။
• မတူကွဲပြားသည့် ယဉ်ကျေးမှုများရှိ ပုံပြင်ဇာတ်လမ်းများနှင့် ဒဏ္ဍာရီများမှ အိုင်ဒီယာများ၊ ဇာတ်ကောင်များ၊ ဖြစ်ရပ်များ၊ နောက်ခံကြောင်းရာများကို နှိုင်းယှဉ်ပြပါ။
• ပုံကားချပ်များ၊ ဂရပ်များ၊ ပုံများရှိ သတင်း အချက်အလက်များကို ဖတ်ရှုပါ။ အဓိပ္ပါယ် ဖွင့်ဆိုပြပါ။
• နားထောင်ခြင်း၊ မေးခွန်းများ မေးမြန်းခြင်း၊ အိုင်ဒီယာများ ဖလှယ်ခြင်းဖြင့် ပါဝင် ဆောင်ရွက်ပါ။
• စာအုပ်များ၊ ဆောင်းပါးများ၊ အခြား အွန်လိုင်းရင်းမြစ်များမှ မှတ်စု ထုတ်နှုတ်ပါ။ သတင်းများကို စနစ်တကျ စုဆောင်းပါ။
• စာအုပ်များ၊ အင်တာနက်များမှ အထောက်အထားများ စုဆောင်း အသုံးချ၍ ခေါင်းစဉ်ကြောင်းရာ တစ်ခု၏ ရှုထောင့်အမျိုးမျိုးကို တစ်ကိုယ်တော် လွတ်လပ်စွာ သုတေသန စီမံချက်များ ဆောင်ရွက်ပါ။
• p ဝါကျများကို သဒ္ဒါထားသို၊ စာလုံးပေါင်း၊ ပုဒ်ဖြတ်မှန်မျန်ဖြင့် အပြည့်အစုံ ရေးသားပါ။
• စာဖတ်ရှုရာတွင် တွေ့ရများသော အထွေထွေ ဝေါဟာရများကို အဓိပ္ပါယ်အတူတူ ဖြင့် ဆက်စပ်ပြပါ။ ကြောင်းတူသံကွဲ (Synonyms)။ သူတို့၏ ဆန့်ကျင်ဖက် ဝေါဟာရများ (antonyms) ကိုလည်း ရှာဖွေ ဖော်ပြပါ။
• စကားပြောခန်းများ၊ ဇာတ်ကောင်များ၏ လှုပ်ရှားမှုများ၊ အတွေးအခေါ်များ၊ ခံစားချက်များဖြင့် ဇာတ်လမ်းများ ရေးသားပါ။
• အချိန်ယူ၍ သုတေသနစာတမ်းများ၊ ထင်မြင်ချက် စာတမ်းများ ရေးသားပါ။

သင်္ချာ

ကိန်းဂဏန်းအများပာသော၊ အပိုင်းဂဏန်းများပါသော၊ ဒဿမကိန်းများပါသော ပုစ္ဆာများကို ဖြေရှင်းခြင်း။
• တစ်သန်းအထိ ကိန်းဂဏန်းများကို ပေါင်းခြင်း၊ နှုတ်ခြင်းကို လျှင်မြန်စွာ၊ မှန်ကန်စွာ ဆောင်ရွက်နိုင်ခြင်း။
• (တိုင်းထွာခြင်း၊ တိုင်းထွာမှုကို ယူနစ် ပြောင်းလဲခြင်း စသည့်) အဆင့်များစွာ ပါဝင်သော ပုစ္ဆာများကို ဖြေရှင်းပါ။ (ဥပမာ- ပေါင်မှ အောင်စသို့ ပြောင်းလဲခြင်း)
• ရိုးရှင်းသော ကိန်းဂဏန်း အများကို မြှောက်ခြင်း၊ စားခြင်း။ (ဥပမာ- 1,638 x 7 သို့မဟုတ် 24 x 17 မြှောက်ခြင်း နှင့် 6,966 ကို 6 ဖြင့် စားခြင်း)။
• အပိုင်းကိန်းများကို မတူညီသော အပေါ်ကိန်းများ/ မတူညီသော အောက်ကိန်းများဖြင့်၊ နှစ်ခု ပမာဏ နှိုင်းယှဉ်ခြင်းဖြင့် နားလည် သဘောပေါက်မှုကို ပိုမိုချဲ့ထွင်ခြင်း။ ဥပမာ- 1/4 သည် 3/8 ထက်နည်းကြောင်း၊ အဘယ်ကြောင့်ဆိုသော် 2/8 သည် 3/8 ထက် နည်းသည်ကို သဘောပေါက် နားလည်စေရမည်။
• တူညီသော အပိုင်းဂဏန်းများကို ဖန်တီးခြင်း။ (ဥပမာ 3/4 = 3 x 2/4 x 2 = 6/8)
• အောက်ခြေကိန်း အတူတူဖြင့် အပိုင်းဂဏန်းများကို ပေါင်းခြင်း၊ နှုတ်ခြင်း။ (ဥပမာ ¾ – 2/4) • လွယ်ကူသောကိစ္စများတွင် အပိုင်းကိန်း များကို ပေါင်းခြင်း၊ နှုတ်ခြင်း၊ မြှောက်ခြင်း။ (ဥပမာ 2 ¾ – 1 ¼ သို့မဟုတ် 3 x 5/8)၊ သက်ဆိုင်သည့် ပုစ္ဆာများကို ဖြေရှင်းခြင်း။
• အပိုင်းဂဏန်းများကို ဒဿမ သဘောဖြင့် နားလည်ခြင်း။ (ဥပမာ- 0.62 ကို 62/100 အဖြစ် ဖော်ပြခြင်း။)
• ကိန်းဂဏန်းလိုင်းပေါ်တွင် ဒဿမ အမှတ်အသားကို နေရာဖော်ပြခြင်း။
• အပိုင်းကိန်းများနှင့် ဒဿမကိန်းများကို သင်္ကေတသုံး၍ နှိုင်းယှဉ်ခြင်း။ > (ပိုကြီးသည်)၊ = (တူညီသည်) and < (ပိုနည်းသည်)။ • p ထောင့်များ (angles) ကို တိုင်းတာခြင်း နှင့် ပုံတွင် မသိသေးသော ထောင့်များကို ရှာဖွေခြင်း။ သိပ္ပံ

လူ၏စနစ်ကို အခြားသော သက်ရှိပစ္စည်းများနှင့် နှိုင်းယှဉ်ခြင်း၊ ကမ္ဘာမြေ၏ မြေမျက်နှာပြင် ပြောင်းလဲမှု ရုပ်ပိုင်းဆိုင်ရာသိပ္ပံ (ရုပ်ပိုင်းနှင့် ဓာတုပိုင်းဆိုင်ရာ ဂုဏ်သတ္တိများကို စစ်ဆေးဖော်ထုတ်ခြင်း)
• အရောအနှောတွင် ပါဝင်နေသည့် အရာဝတ္ထုများကို မည်သို့ပင် ဖန်တီးထားသည်ဖြစ်စေ၊ ခွဲထုတ်နိုင်သည်။ ဥပမာ- ပါဝင်သည့် ဂုဏ်သတ္တိသည် မည်သို့ အရောအနှောကို ခွဲထုတ်ရမည်ကို ဆုံးဖြတ်ပေးသည်။
• အရောအနှော၏ အလေးချိန်နှင့် ထုထည်သည်၊ ယင်းတွင်ပါဝင်သည့် အစိတ်အပိုင်းများ၏ အလေးချိန်နှင့် ထုထည် စုစုပေါင်းအတိုင်း တူညီကြောင်း လေ့လာပါ။
သက်ရှိသိပ္ပံ (ဂေဟစနစ်ကို စစ်ဆေးဖော်ထုတ်ခြင်း)
• သက်ရှိအရာဝတ္ထုများအကြား တူညီမှုများ နှင့်/သို့မဟုတ် ကွဲပြားမှုများကို သိပ္ပံနည်းကျ ရှင်းလင်းပြနိုင်ရန် သက်သေ အထောက်အထားများ စုဆောင်း အသုံးပြုခြင်း၊ ဥပမာ- လူသားများက အပူပေးခြင်း၊ လေအေးပေးစက်သုံးခြင်း စသည့် နည်းပညာကို အသုံးပြု၍ အချို့သော ရာသီဥတုများတွင် ရှင်သန်နိုင်ရန် အသုံးပြုကြသည်။

ကမ္ဘာမြေစနစ်များ သိပ္ပံ (ပြောင်းလဲနေသော ကမ္ဘာကြီးကို စစ်ဆေးလေ့လာခြင်း)
• ကမ္ဘာမြေကြီး၏ မျက်နှာပြင်သည် အထွေထွေသော ဖြစ်ရပ်လုပ်ငန်းစဉ်များကြောင့် နှင့် တိုက်စားခြင်း၊ ရာသီဥတု ဒဏ်သင့်ခြင်း စသည့် အင်အားများကြောင့် အမြဲတစေ ပြောင်းလဲနေကြောင်း နားလည်စေရန်။
• မြေကမ္ဘာနှင့် နေက ပြန်၍ဖြည့်ဆည်းနိုင်သော၊ ပြန်၍ မဖြည့်ဆည်းနိုင်သော အရင်းအမြစ်များ ပေးအပ်ကြောင်း လေ့လာရန်။ လူမှုရေး လေ့လာမှု (Social studies) ကိုလိုရာဒိုပြည်နယ်၏ သမိုင်း၊ ပထဝီ နှင့် အစိုးရတို့ကို လေ့လာခြင်း။
• အချိန်အလိုက် ဖြစ်စဉ်သမိုင်းကြောင်းကို နားလည်စေရန် ဖြစ်စဉ်များကို စုစည်းခြင်း၊ ရှေ့နောက်စီစဉ်ခြင်း။
ကိုလိုရာဒိုပြည်နယ်၏ သမိုင်းကြောင်းကို အကျိုး-အကြောင်းဖြင့် စုစည်း လေ့လာခြင်း။
• ကိုလိုရာဒိုပြည်နယ် သမိုင်းကို အချိန်ဇယား၊ ဖြစ်ရပ်များကို နှိုင်းယှဉ်ပြသ၍ အမေရိကန်သမိုင်း၊ ကမ္ဘာ့ သမိုင်းဖြစ်စဉ်များနှင့် ဆက်စပ်ခြင်း။
• ကိုလိုရာဒိုပြည်နယ်နှင့် ပတ်သက်၍ သမိုင်းကြောင်း ပင်မရင်းမြစ်များကို သုံးသပ်ခြင်း။
• ကိုလိုရာဒိုပြည်နယ် သမိုင်းတွင် နိုင်ငံရေး ဖွဲ့စည်းပုံ ဖွံ့ဖြိုးလာခြင်းကို ဖော်ပြခြင်း။ ကိုလိုရာဒိုပြည်နယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ နှင့် ပြည်နယ်/ ဗဟိုအစိုးရအကြား ဆက်စပ်မှုများ အပါအဝင် ဖြစ်သည်။
• မြေပုံနှင့် အခြားပထဝီဆိုင်ရာ ကိရိယာများ ကိုသုံး၍ ကိုလိုရာဒိုပြည်နယ်၏ ပထဝီဆိုင်ရာ မေးခွန်းများကို ဖြေဆိုခြင်း။
• ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်က လူတစ်ဦးချင်းနှင့် စီးပွားရေးလုပ်ငန်းများကို ကိုလိုရာဒိုပြည်နယ်တွင် အခြေချရန် မည်သို့မည်ပုံ သြဇာသက်ရောက်ပုံကို ရှင်းပြပါ။ ဥပမာ- ကိုလိုရာဒို ဆောင်းဦးရာသီသည် ခြောက်သွေ့သော ဥတုဖြစ်၍ ကွန်ပြူတာကုမ္ပဏီများ၊ စကီ အပန်းဖြေစခန်းများက ရောကီမောင်းတိန်း ဒေသတွင် အခြေချရန် ကြိုက်နှစ်သက် ကြသည်။
• အပြုသဘော နှင့် အနှုတ်သဘော စီးပွားရေး ဆွဲဆောင်မှုမက်လုံးများ သဘောကို ဖွင့်ဆိုပြပါ။ ဥပမာ- ခရီးသွားလုပ်ငန်းက မက်လုံးများသုံး၍ တိုးရစ်များ ကို ဆွဲဆောင်ကြသည်။ အစိုးရများက လက်မှတ် (Ticket) များကိုသုံး၍ အမြန် မမောင်းနှင်ကြစေရန် တားမြစ်သည်။
• ပြဿနာကိစ္စတစ်ခု အပေါ်တွင် ဖက်စုံ ထောင်စုံမှ မည်သို့ သုံးသပ်မည်၊ ငြင်းခုံ ဆွေးနွေးမည်ကို လေ့လာခြင်း။
• လက်ရှိ ပြည်သူ့ရေးရာ မူဝါဒ ငြင်းခုံမှုတစ်ခု အပေါ်တွင် ဖက်နှစ်ဖက်အပေါ် ထောက်ခံသည့် ငြင်းခုံဆွေးနွေးချက် များ ပြုစေခြင်း။
• ကိုလိုရာဒိုပြည်နယ် အစိုးရ၏ မူလဖြစ်စဉ်၊ ဖွဲ့စည်းပုံ နှင့် လုပ်ငန်းတာဝန်များကို လေ့လာခြင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.