မုဒုံ၊ ဇူလိုင် ၁၄

မုဒုံမြို့နယ်တွင် နှစ်ပတ်အတွင်း စည်းကမ်းပျက်မော်တော်ဆိုင်ကယ်မောင်းနှင်သူများအား အမှတ်(၁၂) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ၊ အမှတ်(၇၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုတပ်ဖွဲ့စိတ်တို့မှ မုဒုံမြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြား မှုပေါင်း(၃၁)မှုရှိသည်ဟု သိရသည်။

mudon-motorpical

“ယာဉ်စည်းကမ်းနဲ့ပတ်သက်ပြီး ပညာပေးဟောပြောပွဲတွေလုပ်ခဲ့တယ်။ လုပ်လည်းလုပ်နေဆဲဖြစ်တယ်လုပ်နေရဲ့သားနဲ့လိုက်နာမှုမရှိနေတာက တော့်တော့်ကိုပဲ ပညာပေးပြန်လည်းခဏပဲ၊ အဲဒါကြောင့်ပညာပေး ကာလလည်း ကုန်ဆုံးပြီးဖြစ်လို့ တရားဝင်ကြေငြာသတ်မှတ်ထားတဲ့အတိုင်းပဲ ရက်(၁၀၀)စီမံချက်အတွင်းရော ယင်းနောက်ပိုင်းတွင်ပါ ယာဉ်တိုက်မှုမဖြစ်အောင်ရယ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်းလိုက်နာလာအောင်ရယ်၊ စည်းကမ်းပျက် မော်တော်ဆိုင်ကယ်မောင်းနှင်နေတာတွေကို ထိထိရောက်ရောက်စစ်ဆေးဖမ်းဆီအရေးယူမှုတွေ လုပ်ဆောင်နေတယ်”ဟု ဒုရဲအုပ်အေးမင်းသန်းမှသံလွင်တိုင်းမ်ကိုပြောသည်။

မုဒုံယာဉ်ထိန်းတပ်ဖွဲ့စိတ်မှ ခရီးသွားပြည်သူများယာဉ်အန္တရယ်ကင်းရှင်းရေးနှင့် ယာဉ်မတော်တဆ တိုက်မှုများမဖြစ်ပေါ်စေရေးကို ရည်ရွယ်ပြီးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဆိုင်ကယ်ဦးထုပ်များမဆောင်းခြင်း၊ ယာဉ်မောင်းလိုင်စင်မပါရှိခြင်း၊ ယာဉ်လိုင်စင်မပါရှိခြင်း၊ ဆိုင်ကယ်နံပါတ်ပြားများမတပ်ဆင်ထားခြင်း၊ မီးနီဖြတ်မောင်းခြင်းနှင့်ပါဝါအိတ်ဇောများတပ်ဆင်အသုံးပြုသူများကို အဓိကထားတားဆီးစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း လည်းသိရှိရသည်။

“ဥပဒေအတိုင်းသွားတာတော့ကောင်းပါတယ်။ ဒီလိုအရေးယူမှုရှိမှလိုက်နာမှုတွေရှိလာမယ်။ ဆိုင်ကယ်ကြောင့်လည်းလူသေ၊ ယာဉ်တိုက်တဲ့သတင်းက နေ့တိုင်းလိုလိုကြားနေရတယ်။ အသက်မပြည့်တဲ့ကလေးငယ်၊ကျောင်းသားတွေဆိုင်ကယ်မောင်းနေကြတာကိုကြည့်ပြီး လွှတ်ရဲတဲ့မိဘတွေကိုအံ့သြမိတယ်”ဟု မြို့မ(၂)ရပ်ကွက်မှဦးမျိုးအောင်ကပြောသည်။

အမှတ်(၇၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်သည် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းပညာပေးဟောပြောပွဲများ အား ဇွန်လ(၁၇၊၂၁၊၂၈)ရက်နေ့တို့တွင် မြို့ပေါ်ရှိအထက်တန်းကျောင်း(၃)ကျောင်းတို့တွင်လည်းကောင်း၊ ဇူလိုင်လ(၈၊ ၁၅၊ ၂၂၊ ၂၅)ရက်နေ့တို့တွင် မြို့နယ်အတွင်းရှိ(အ.ထ.က(ခွဲ)အချို့တို့တွင်လည်းကောင်း၊ သြဂုတ်လ(၅၊ ၁၂၊ ၁၉၊ ၂၄)ရက်နေ့တို့တွင် ထ(ခွဲ)ခွဲကျောင်းအချို့နှင့် စက်တင်ဘာ(၇)ရက်နေ့တွင် အ.ထ.က(ကွေ့ဝမ်း)တို့ တွင်ပြုလုပ်မည်ဖြစ်ကြောင်းလည်းသိရသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ ပြစ်ဒဏ်များတွင်ယာဉ်မောင်းလိုင်စင်လက်ဝယ်မပါရှိပဲ မောင်းနှင်ခြင်း၊ မော်တော်ဆိုင်ကယ်ဦးထုပ်မဆောင်းခြင်း၊ မေးသိုင်ကြိုးမတပ်ခြင်း၊ လူကူးမျဉ်းကျားတွင်အရှိန်ပြင်းမောင်နှင်ခြင်း၊ နောက်ကြည့်မှန်(သို့)အိပ်ချ်ဇောစက်သံဆူညံစွာမောင်းနှင်ခြင်း တွေ့ရှိက ဒဏ်ငွေကျပ်(၃)သောင်း၊ ယာဉ်လိုင်စင်မပါရှိခြင်း၊ ယာဉ်မောင်းလိုင်စင်မပါရှိခြင်း၊ တွေ့ရှိကဒဏ်ငွေ(၅)သောင်း၊ ထောင်ဒဏ်(၁) လစသည်ဖြင့် သတ်မှတ်ပြဌာန်းထားကြောင်းလည်းသိရသည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.