မော်လမြိုင်၊ ဇူလိုင် ၇

မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် သဘောတူညီချက်ရရှိထားသည့် မော်လမြိုင်သံလွင်တံတာအဝိုင်းထိပ်၌ တပ်ဆင်ရန်အတွက် ဟင်္သာရုပ်ထုအသစ်အား ယနေ့ဇူလိုင်လ ၇ ရက်နေ့မှ စတင်ထုလုပ်မည်ဖြစ်ပြီး နှစ်လ အတွင်း အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မတီထံမှ သိရသည်၊

hinthar-mlm-entrance

“ကျနော်တို့ ၉ ဦးပါ အဖွဲ့ကနေပြီးတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့မှာ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် သွားရောက်တွေ့ဆုံတင်ပြခဲ့တယ်။ ယခင်ဆွမ်းအုပ်မတပ်ဆင်ခင်က ခြေစုံရပ်ဟင်္သာပေါ့လေ၊ အရင်အစိုးရ ခေတ်တုန်းက တပ်ဆင်ခဲ့တယ်။ နောက်ပြီး အဲဒီအစိုးရကပဲ ယခုဆွမ်းအုပ်ပုံကို ပြောင်းလဲတပ်ဆင်လိုက်တယ်။ ယခုအစိုးရကတော့ ကျနော်တို့မွန်ပြည်သူလူထုတွေ လိုလားတဲ့ ဟသာၤအလံပေါ့၊ မွန်အမျိုးသားနေ့အခမ်း အနားတွေမှာ မွန်လူထုများက အလေးပြုနေတဲ့ ဟင်္သာအလံပုံစံကို ထုလုပ်တပ်ဆင်ချင်တယ်ဆိုပြီး မော်လမြိုင်မွန်ဓမ္မာရုံးမှာ လူထုအစည်းအဝေးပွဲတစ်ရပ် ကျင်းပဆုံဖြတ်ခဲ့လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ထံတင်ပြဆွေးနွေးခဲ့ကြတယ်။ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ကလည်း သဘောတူကြပါတယ်” ဟု ဟသာၤရုပ်ထုကို တာဝန်ယူထုလုပ်သူ အင်ဂျင်နီယာ နိုင်စိုးသိန်းက သံလွင်တိုင်မ်သတင်းဌာနသို့ပြောသည်။

ရုပ်ထု စတင်ထုတ်လုပ်သည့် အခမ်းအနားကို သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ ပရိတ်ရွတ်ခြင်း၊ ဟင်္သာရုပ်ထုပုံကြမ်းအား နံသာရည်ပတ်ဖြန်းခြင်းများ ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ သံဃာတော်အရှင်သူမြတ် ၃၀ ပါး၊ ဝန်ကြီးဒေါက်တာမင်းကြည်ဝင်း၊ မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦး ရုပ်ထု တပ်ဆင်ရေးညှိနိုင်ဆောင်ရွက်ရေးအဖွဲ့ဝင်များနှင့် မွန်ပြည်သူလူထု စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက် ကြောင်း သိရသည်။

ပြီးခဲ့သော ဇွန်လ ၂၄ ရက်နေ့က အနယ်နယ်အရပ်ရပ်ရှိ မွန်ပြည်သူများ မွန်ထေရ်ကြီးဝါကြီး သံဃာ တော် အရှင်သူမြတ်များ မွန်လူမှု အဖွဲ့အစည်းများ မွန်နိုင်ငံရေးပါတီများ၊ မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဌ၊ ဝန်ကြီးနှင့် NLD ပါတီမှ မော်လမြိုင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မွန်အမျိုးသားကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တို့ စုစုပေါင်း ၃၅၀ ဦးခန့် တက်ရောက်သည့် မွန်လူထုစုဆုံရပ်တွေ့ဆုံဆွေးနွေးပွဲမှ မော်လမြိုင်သံလွင်တံတာထိပ်ရှိ ယခုဆွမ်း အုပ်အဝိုင်းမှာ ဟင်္သာရုပ်ထုအသစ် ပြုလုပ်တပ်ဆင်နိုင်ရန် အစိုးရစာသင်ကျောင်းများတွင် မွန်ဘာသာစာပေကို ပိုမိုသင်ကြားခွင့်ရရှိရန်၊ အများနှင့် သက်ဆိုင်သည့်နေရာဌာနများတွင် ဆိုင်းဘုတ်များ/ လမ်းညွှန်းများတွင် မွန်ဘာသာကိုလည်း ထည့်သွင်းရေးသားနိုင်ရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ နဲ့ တွေ့ဆုံညှိနှိုင်ရန်း ၉ ဦးပါအဖွဲ့တစ်ဖွဲ့ကို တာဝန်ပေးရွေချယ်ပေးခဲ့သည်။

သတင်း – ပွင့်သစ်မွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.