မုဒုံ ဇွန် ၂၆

မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာအုပ်စုရှိ ကွမ်တာရွာဟောင်းနှင့် ကွမ်တာရွာအတွင်းနေထိုင်ကြသည့် ၂၀၁၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူး၊ ရိုးရိုးအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ အား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ဇွန်လ၂၆ရက်၊ မွန်းလွဲ (၂း၀၀)နာရီအချိန်တွင် ယင်းကျေးရွာရှိကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။

Untitled-2

“ကလေးတွေကစာတတ်ချင်ကြတယ်၊ ထူးထူးချွန်ချွန်နဲ့အောင်မြင်ချင်ကြတယ်၊ ဒီအတွက်ရပ်မိ၊ရပ်ဖတွေနဲ့ တိုင်ပင်ညှိနှိုင်းပူးပေါင်းပြီး မြေတောင်မြှောက်ပေးတဲ့သဘောပါ၊ နောင်တက်လာမဲ့ကလေးတွေလည်း အတုယူအားကျစေဖို့လည်းပါတယ်ပေါ့၊ နောက်ပြီးရွာဂုဏ်၊မြို့ဂုဏ်လည်းဆောင်နိင်အောင်စေတဲ့ရည်ရွယ်ချက်တစ်ခုလည်းဖြစ်တယ်”ဟုကွမ်တာကျေးရွာအုပ်ချုပ်ရေးမှူးဦးသာအောင်ကသံလွင်တိုင်းမ်ကိုပြောသည်။

ကွမ်တာကျေးရွာသည်မုဒုံမြို့၏မြောက်ဘက်၊ မော်-သံကားလမ်းဘေးတွင်တည်ရှိသောကျေးရွာတစ်ရွာဖြစ်ပြီး၊မြို့နှင့်၄မိုင်ခန့်အကွာအဝေးတွင်တည်ရှိသည်။ တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသား၊ကျောင်းသူ များအားဂုဏ်ပြုဆုချီးမြှင့်ခြင်းအား ယခင်က ကျေးရွာအုပ်ချုပ်သူအဆက်ဆက်ပြုလုပ်ပေးနိင်ခြင်းမရှိခဲ့ဘဲ ယခုအစိုးရသစ်လက်ထက်တွင်မှ ကျေးရွာအုပ်ချုရေးအဖွဲ့နင့်ကျေးရွာရှိရပ်မိ၊ရပ်ဖများစုစည်းညီညွတ်ခြင်း သင်္ကေတဖြင့်ပထမဦးဆုံးကျင်းပခြင်းဖြစ်ကြောင်းလည်းသိရသည်။

၂၀၁၅-၂၀၁၆ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကွမ်တာကျေးရွာရှိ ကျောင်းသား၊ကျောင်းသူ(၈) ဦးဝင်ရောက်ဖြေဆိုကြပြီးအားလုံးအောင်မြင်ခဲ့ကြောင်းလည်းသိရသည်။ ယင်း(၈)ဦးထဲတွင်နှစ်ဘာသာဂုဏ်ထူးရှင်(၂)ဦးနှင့်တစ်ဘာသာဂုဏ်ထူးရှင်(၁)ဦးပေါ်ထွက်ခဲ့ကြောင်းလည်းသိရသည်။

“ကျွန်တော်တို့တစ်တွေကိုအခုလိုကျေးရွာအုပ်ချုပ်ရေးရုံးမှာ ရွာကလူကြီးတွေအသိအမှတ်ပြုဂုဏ်ပြုပွဲပြုလုပ်ပေးတဲ့အတွက်ဝမ်းသာပါတယ်၊ကျေးဇူးလည်းတင်ပါတယ်”ဟုမောင်ရှိုင်းအာကာစိုးကပြောသည်။

အဆိုပါဆုချီးမြှင့်ခြင်းအခမ်းအနားသို့ မုဒုံမြို့နယ်၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်မြသိဂီ ၤမော်နှင့်အောင်အေဝမ်းစတား(AUNG A.1 STAR)ကုမ္ပဏီမှဒေါ်သန်းစိန်တို့ကဂုဏ်ပြုလက်မှတ်နှင့်ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြောင်းလည်းသိရသည်။

မုဒုံမြို့နယ်တွင်ရပ်ကွက်ကျေးရွာအုပ်စု(၄၄)အုပ်စုရှိပြီးကွမ်တာကျေးရွာကဲ့သို့ရွာရှိတက္ကသိုလ်ဝင်တန်းအောင်ကျောင်းသား၊ကျောင်းသူများအားဂုဏ်ပြုပွဲကျင်းပခြင်းမျိုးမရှိကြောင်းလည်းသိရှိသည်။

သတင်း – မင်းဥဒါန်း (ပုံပါ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.