ရေး ၊ ဇွန် ၃၀

ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်အတွင်းရှိ ရှေးဟောင်းကျုံးတော်ကြီးအပေါ်ကျုံးထဲတွင် ဇွန်လ ၃၀ ရက်နေ့
နံနက်ပိုင်းက မိန်းကလေးတစ်ဦး၏အလောင်းတစ်လောင်း ပေါ်ပေါက်ခဲ့သဖြင့်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ
ကြောင်း ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော်က သံလွင်တိုင်းမ်သို့ ပြောကြားသည်။

Untitled-2

“ ကျွန်တော်တို့သေမှုသေခင်းဖွင့်ထားတယ်၊ ဆေးစာတော့ ချက်ခြင်းမထွက်သေးဘူး၊ စစ်ဆေးပါဦးမယ်။
ရေနစ်သေဆုံးတဲ့အနေအထားရှိတာပေါ့၊ ဆရာဝန်မှတ်ချက်တော့ ထွက်လာမှာပေါ့ ” ဟု ၎င်းက ဆိုသည်။

ယင်းနေ့ နံနက်ပိုင်းက အပေါ်ကျုံး ကန်ဘောင်နှင့် ၄ ပေခန့်အကွာတွင် အမျိုးသမီးတစ်ဦးအလောင်း မှောက်လျက်အနေအထားဖြင့်တွေ့ရကာ သေဆုံးသူမှာ ရေးမြို့နယ်၊ ပုပ္ဖဝတီကျေးရွာတွင်နေထိုင်ပြီး အ-ထ-က(၂)၊ ရေးမြို့တွင် ကျောင်းတက်နေသူ မယွန်းယွန်း(၁၇)နှစ်ဖြစ်သည်ဟု ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

“ မနေ့ညနေကအထိ ထူးထူးခြားခြားမကြားမိဘူး၊ ကောင်းကောင်းပါပဲ၊ မနက် ၅ နာရီခွဲလောက် အားလုံးထကြ တော့ သတိမထားမိသေးဘူး၊ နောက်မှ မလာနိုင်တဲ့နေရာကိုငါသွားပြီလို့ စာရေးထားတာတွေ့တယ်၊ နောက် စိတ်ပူပြီး အားလုံးရှာကြတော့ ကျုံးမှာတွေ့ပါတယ် ” ဟု သေဆုံးသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းဖြစ်စဉ်နှင့််ပတ်သက်၍ ရေးမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂၅/၂၀၁၆ ဖြင့် ဖွင့်လှစ်ထားသည်ဟု သိရသည်။

“ ကြားရတာကတော့ စိတ်မကောင်းဘူး၊ အရွယ်က တအားငယ်တယ်။ ပထမကတော့ သို့လောသို့သောနဲ့
ထင်မြင်ယူဆသုံးသပ်ချက်တွေကတော့ ကြားရတာပေါ့၊ နောက်ဆုံးသိရသလောက်ကတော့ စာလေးနှစ်စောင်
တွေ့ရတာပေါ့၊ နှစ်စောင်လုံးက သေတမ်းစာသဘော၊ တစ်စောင်ကတော့ ကြာပြီပေါ့၊ နောက်တစ်စောင် ကတော့ သူ့သူငယ်ချင်းကို လိပ်မူပြီးရေးတဲ့သဘောပေါ့၊ ဒီဟာက ဝဋ်ကြွေးကြောင့်ပဲလို့ပဲ သုံးသပ်လို့ရပါတယ် ” ဟု အောင်သုခရပ်ကွက်နေ ပြည်သူတစ်ဦးက ဆိုသည်။

၎င်းအပေါ်ကျုံးတွင်ပင် လွန်ခဲ့သည့် ၆ နှစ်ခန့်ကလည်း မိန်းကလေးတစ်ဦး နေအိမ်တွင် စာတစ်စောင်ရေးသား ကာ ရေထဲသို့ ခုန်ချသတ်သေမှု ဖြစ်ပွားခဲ့သေးကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။
သတင်း – ရဲနိုင်ဦး (ပုံပါ-ကျော်နိုင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.