ပေါင်၊ ဇွန် ၂၆
အများသုံးသောက်ရေကန်အား မြေဖို့ပြီး အိမ်ကွက်ချရောင်းစားထားခြင်းကိစ္စအား ဖြေရှင်းရန် ပေါင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းအား တင်ပြတောင်းဆိုခဲ့ကြောင်း သတင်းရရှိပါသည်။

Untitled-2

ဇွန်လ(၂၆)ရက်နေ့က ပြုလုပ်ခဲ့သော ဇင်းကျိုက်မြို့ရှိ မဲဆန္ဒနယ်ပြည်သူများနှင့်တွေ့ဆုံပွဲတွင် ခလောက်အင်းရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်းက မြေဖို့ပြီး အိမ်ကွက်အဖြစ်ရောင်းစားထားသော အများသုံး သောက်ရေကန်နေရာကို ပြန်ရလိုကြောင်း တင်ပြခဲ့သည်။

“နွေဆိုရင်ရေအခက်အခဲဖြစ်နေတဲ့နေရာက ရေကန်ကို ရပ်ကွက်အုပ်ချုပ်ရေးမှုးဟောင်းဦးအောင်သိန်းက ရွာသားတွေရဲ့ဆန္ဒမပါဘဲမြေဖို့ပြီးအိမ်ကွက်၄ကွက်ရောင်းစားထားပါတယ်။ သိန်း၇၀နဲ့၂ကွက်၊ ၆၅သိန်းနဲ့

၂ကွက်ရောင်းထားပြီး အခုဆိုရင်အိမ်တစ်လုံးဆောက်ထားပြီးပါပြီ ရေကန်ကိုရေကန်အနေနဲ့ပဲပြန်ရချင်ပါတယ်”ဟု ခလောက်အင်း အမှတ်(၂)ရပ်ကွက်နေ အသက်(၅၃)နှစ်အရွယ် ဦးလှသိန်းက ဆိုသည်။

ပေတစ်ရာပတ်လည် အများသောက်သုံးရေကန်အားရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးဆောက်ရန်အကြောင်းပြ ချက်ဖြင့် ယခုနှစ်ဆန်းပိုင်းက ပြည်သူများကိုသဘောထားရယူခြင်းမရှိပဲ မြေဖို့ကာ ရုံးအဆောက်အဦးနှင့်အိမ်ခြံ

ကွက်(၄)ကွက်အား ရောင်းစားထားသည့်လုပ်ရပ်အပေါ် ဒေသခံပြည်သူများက မေလအတွင်းကစုပေါင်း၍ ပြည်နယ်အစိုးရထံတိုင်ကြားထားကြောင်း မြို့နယ်မှအဖွဲ့တစ်ခုလာရောက်စစ်ဆေးခဲ့သော်လည်းယခုထိဘာမှထူးခြား မှုမရှိခဲ့ကြောင်း၎င်းကဆက်လက်ပြောဆိုသည်၊

အဆိုပါတင်ပြချက်နှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြန်လည်ရှင်းလင်းမှုပြုလုပ်ခဲ့စဉ် “အစိုးရသစ်လက်ထက်မှာကတော့ ဥပဒေပေတံနဲ့ပဲတိုင်းတာပြီးဆက်လုပ်သွားမှာပါ၊ ကြာချင်တော့ကြာ မယ်။ ပြည်နယ်အစိုးရကို ကျွန်မတို့ကလည်းဖိအားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ် “ဟု ရှင်းလင်းပြောဆို ခဲ့သည်။

ခလောက်အင်းရပ်ကွက်သည် ဇင်းကျိုက်မြို့၏ရပ်ကွက် (၄)ခုအနက်တစ်ခုအပါအဝင်ဖြစ်ပြီး မိုးရာသီ တွင် ကားလမ်းပေါ်သို့ရေအမြင့်(၁)ပေခွဲကျော်အထိရေကျော်ခြင်း၊ ကွက်သစ်ပိုင်း၌ ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ပြီး အများသောက်သုံးရေကန်အားမြေဖို့ရောင်းချထားသဖြင့် နွေရာသီတွင်ကွက်သစ်ပိုင်း၌သောက်သုံးရေပြတ်လပ်မှုဖြစ်ပေါ်နေကြောင်း သိရသည်။

သတင်း – ဝရဇိန် (ပေါင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.