မုဒုံ ဇွန် ၂၈

မုဒုံတွင် ယခုနှစ်မှိုရာသီ တောင်ပို့မှိုအထွက်များသော်လည်း တစ်ပိသာဈေးနှုန်းကျပ်(၇၀၀၀)မှ(၁၅၀၀၀) ထိ ရှိနေကြောင်းစုံစမ်းသိရှိရသည်။

Untitled-2

“ဒီနှစ်ကရာသီဥတုကလည်းပူ၊ နေပူလိုက်၊ မိုးရွာလိုက်ဆိုတော့ တောထဲမှာ တောင်ပို့မှိုတွေကယခင်နှစ်တွေထက်ပိုထွက်တယ်၊နောက်ပြီးနေရာသစ်တွေလည်းလေး၊ငါး၊ခြောက်နေရာလောက်ထပ်တွေ့ရတယ်”ဟုနှစ်စဉ်မုဒုံမြို့အရှေ့ဘက်ရာဘာတောများနှင့်လက်ခတ်တောင်၊ကျိုက်တမော့တောင်တန်းတွေမှာမှိုရှာ၊မျှစ်ချိုးရောင်းလျှက်ရှိသည့်ထိန်ကုန်းကွက်သစ်နေကိုမြင့်သော်တို့မိသားစုကပြောသည်။

တောင်ပို့မှိုသည်မိုးရာသီတွင်သဘာဝအရပေါက်ရောက်တတ်ပြီး ခြတောင်ပို့အနီးတစ်ဝိုက်သာမကဘဲတော၊တောင်များအတွင်းတစ်ပွင့်၊နှစ်ပွင့်သာမကဘဲ၊အုံလိုက်၊ကျင်းလိုက်အများအပြားပေါက်ရောက်တတ် ကြောင်းလည်း သိရသည်။

မှိုရှာ၊မျှစ်ရှာသူများကမှိုကျင်းရှိရာနေရာကိုမှတ်သားထားကြပြီးနှစ်စဉ်ယင်းနေရာ၌ပေါက်ရောက်သည့် မှိုများအားတူးဆွရောင်းချကြောင်းလည်းသိရသည်။

“တောင်ပို့မှိုကတော့အရင်ကတည်းကဈေးကြီးတဲ့အတွက်တော်တန်ရုံဝယ်စားဖို့နည်းကြတယ်၊ငွေကြေးတတ်နိင်သူနှင့်အလှူအတန်းလုပ်သူတွေလောက်ဘဲဝယ်သာများတယ်၊ကွန်မအနေနဲ့မှိုရောင်းနေပေမဲ့လည်းမချက်စားဘူး၊ဘာဖြစ်လို့လည်းဆိုဈေးကလည်းမနည်းဘူး၊ဒါကိုဈေးကြီးကြီးပေးပြီးဝယ်ချက်မဲ့တူတူအခြားအသား၊ငါးတွေကိုဝယ်မယ်”ဟု မြို့မဈေးမှဒေါ်ဘိန်ကပြောသည်။

မုဒုံတွင်တောင်ပို့မှိုအဖူးတစ်ပိသာကျပ်(၁၅၀၀၀)၊အငုံတစ်ပိသာ(၁၀၀၀၀)နှင့်အပွင့်တစ်ပိသာ (၇၀၀၀)ကျပ်ဈေးရှိကြောင်းလည်းသိရသည်။

မုဒုံမြို့နယ်အတွင်းရှိကျိုက်ရွှဲ၊ဝင်းကမော့၊တံခွန်တိုင်ကျေးရွာများ၏ပရှေ့ဘက်ရှိတောတောင်များအတွင်း၌ယင်းမှိုများအခြားနေရာနှင့်စာလျှင်အများဆုံးပေါက်ရောက်တတ်ကြောင်းလည်းသိရသည်။

သတင်း – မင်းဥဒါန်း (ပုံပါ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.