October 28, 2015

လုံခြုံရေးအခြေအနေအရ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျေးရွာအုပ်စု (၄၁) ခု မဲရုံမဖွင့်လှစ်နိုင်

လက်ရှိအခြေအနေအရ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျေးရွာအုပ်စု (၅၁) ခုရှိသည့်အနက် ဒေသအတွင်း လုံခြုံရေးအခြေအနေကြောင့် ကျေးရွာအုပ်စု (၄၁) ခုတွင် မဲရုံဖွင့်လှစ်နိုင်ခြင်း မရှိသည့်အတွက် ဒေသခံများ မဲပေးခွင့် အခွင့်အလမ်းနည်းပါးတယ်လို့လည်း ဦးကျော်ဝင်းမောင်က ပြောသည်။

သုဝဏ္ဏဘူမိမြို့ဟောင်းကို ဒီဇင်လဆန်းတွင် ဆက်လက်တူးဖော်မည်

သုဝဏ္ဏဘူမိမြို့ဟောင်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီးဌာန၏ ရံပုံငွေ ကျပ်သိန်း ၈၀၀ နှင့် အလှူရှင်မှရရှိထားသည့် ကျပ်သိန်း ၃၀၀ စုစုပေါင်း ကျပ်သိန်း ၁၁၀၀ ဖြင့် ဒီဇင်ဘာလဆန်းတွင် ဆက်လက်တူးဖော်သွားမည်ဟု မွန်ပြည်နယ် စီမံ/စီးပွား ဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြောသည်။ ဆက်လက်တူးဖော်ရန်အတွက် မြို့ရိုး မြို့ဝင်ပေါက် မြို့အဝင်ဂိတ်နှင့် နန်းတော်လိုနေရာမျိုးတွေ့ရှိနိုင်သည့် နေရာ ၈…

စတုတ္ထအကြိမ် တိုင်းရင်းမီဒီယာညီလာခံကို မြောက်ဦးမြို့တွင် ကျင်းပမည်

စတုတ္ထအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံကို ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကျင်းပသွားမည်ဟု သိရသည်။ စတုတ္ထအကြိမ် တိုင်းရင်းမီဒီယာညီလာခံ ကျင်းပနိုင်ရန်အတွက် ရခိုင်သတင်းမီဒီယာများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းတို့ အောက်တိုဘာ ၂၅ ရက်နေ့တွင် ဆွေးနွေးခဲ့ကြပြီး ထိုကဲ့သို့ ဆုံးဖြတ်ချက် ချခဲ့ကြသည်။ ညီလာခံကို မြောက်ဦးမြို့တွင် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ထိ ကျင်းပသွားမည်ဟုလည်း…