KNU

KNU၊ BGF ၊ KNU/KNLA (PC)၊ နယ်မြေခံရဲတပ်ဖွဲ့နှင့်ကျောင်းသားပြည်သူများပူးပေါင်း၍ မူးယစ်ဆေးဝါး ဆန့်ကျင်ရှုတ်ချပွဲကျင်းပ

ဘားအံ၊ အောက်တိုဘာ ၂၅ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့သံခါကျေးရွာတွင် အောက်တိုဘာ ၂၅ ရက်နေ့ နံနက်ပိုင်းက မူးယစ်ဆေးဝါးဆန့်ကျင်ရှုတ်ချရေးနှင့် မူးယစ်ဆေးဝါးကင်းစင်နယ်မြေဆိုင်းဘုတ်တင်စိုက်ထူပွဲအား ကော့သံခါ ကျေးရွာဘော်လုံးကွင်း၌ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်သစ်ပါတီ နှင့် KNU ပစ်ခတ်မှု ထပ်ဖြစ်

|Dawei Watch| မော်လမြိုင်၊ အောက်တိုဘာ ၂၆ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် အခြေစိုက် လှုပ်ရှားနေသည့် မွန်ပြည်သစ်ပါတီ(NMSP)နှင့် ကရင်အမျိုးသား အစည်း အရုံး(KNU)တို့အကြား ပစ်ခတ်မှု ထပ်မံဖြစ်ပွားကြောင်း နှစ်ဘက် တာဝန်ရှိသူတို့က အတည်ပြုပြောခဲ့သည်။

မွန်ဒေသ မြေယာမူဝါဒရေးဆွဲရန်အတွက် ၁၅ဦးကော်မတီဖွဲ့

မော်လမြိုင်၊ စက်တင်ဘာ ၈ မွန်ဒေသ မြေယာမူဝါဒရေးဆွဲရန်အတွက် ၁၅ဦးပါဝင်သည့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီဟု မွန်ဒေသ မြေယာမူဝါဒရေးဆွဲရေးကော်မတီထံမှ သိရသည်။

ကအဲန်ယူနှင့် မွန်ပြည်သစ်ပါတီ ရေဖြူမြို့နယ်တွင် တိုက်ပွဲငယ်ဖြစ်

ရေဖြူ၊ စက်တင်ဘာ ၈ ၂၁ ရာစုပင်လုံညီလာခံကျင်းပပြီး (၅) ရက်အကြာ စက်တင်ဘာ (၈) မွန်းလွဲပိုင်းက မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အစပ် တနင်္သာရီတိုင်း ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအုပ်စု သဲချောင်းဖျားကျေးရွာအနီးတွင် မွန်ပြည်သစ်ပါတီပါတီ (NMSP) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု နှစ်ဖက်တာဝန်ရှိသူများထံမှသိရသည်။

ငြိမ်းချမ်းရေးအရိပ်အောက်မှ နာခိုရာ

ကရင်ပြည်နယ် မြဝတီခရိုင် ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆)တွင် အစိုးရနှင့် (NCA)လက်မှတ်ထိုးပြီးနောက် စစ်ဘေးဒဏ်ကြောင့်ထွက်ပြေးသွားသည့် ရွာပေါင်း(၂၀)ကို ဒုက္ခသည်များပြန်လည်နေရာချထားရေးအတွက် လေးကေ့ကော်မြို့သစ်စီမံကိန်းကို ၂၀၁၅ ဖေဖေါ်ဝါရီ(၁)ရက်တွင် တည်ဆောက်ထားသည်။ လူဦးရေ ၄၀၀၀ကျော်၊ အိမ်ခြေ ၁၇၀၀၊ဧကပေါင်း ၇၅၀ရှိပြီး (KNU)နှင့် နိုင်ငံတော်တည်ငြိမ်းအေးချမ်းရေးနှင့် လုံခြုံရေးကောင်စီ ပူးပေါင်းကာအိမ်ခြေ ၂၁၃လုံးဆောက်လုပ်ခဲ့ကာ နီပွန်းဖောင်းဒေးရှင်းအနေဖြင့် အိမ်ခြေ ၂၀၀နီးပါးကို ကူညီဆောက်လုပ်သွားမည်။ ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်က…