နိုင်စံဝင်း

ပြည်သူ့ကြားမှာ သမိုင်းရှာ (၁၂)

နိုင်စံဝင်း မေ (၃၁ )ရက်နေ့တွင် ကိုတင်ရီနှင့်တွေ့ရန် ကျိုက်ထိုမြို့သို့ ဦးတင်ဖေကြီး(သမဝါယမ)နှင့် အတူ လော်ကယ်ရထားဖြင့်လိုက်သွားရ၏။ ကိုတင်ရီကို ၎င်း၏ရုံးမှာပင်တွေ့ရ၏။ မြို့ဟောင်း အတွေ့အကြုံများဆွေးနွေးကြရန် တစ်ညအိပ်ပါဦးဟုပြော၏။ ယနေ့ညနေတွင် ၎င်းတို့လူကြီးနှင့် တွေ့ပေးမည်။ ပြောချင်တာ တင်ပြနိုင်သည်ဟုဆိုကာ ရုံးအနီး အခန်းတစ်ခုတွင် တည်းခိုရန် စီစဉ် ပေးပါသည်။ ဦးတင်ဖေကြီးလည်း မော်လမြိုင်လော်ကယ်ဖြင့် ရွာသို့ပြန်၏။ ညနေ ၆ နာရီခန့်၌…

ပြည်သူ့ကြားမှာ သမိုင်းရှာ (၈)

နိုင်စံဝင်း မလော့ချောင်ရွာ ဦးထွန်းအောင်၏ သမီးများပြောပြသည့်စကားတွင် မှတ်သားစရာတစ်ခုမှာ ‘ကုလား ပုတီး’ ဟူသည့်အခေါ်အဝေါ်နှင့် ရွှေကျင်သည့်အခါ ‘ကုလားပုတီးတွေ့လျင် ရွှေရသည်’ ဟူသော စကားပင် ဖြစ်၏။ ရွှေကျင်ရန် ဗျုံးမြေကို ဘယ်ကရသလဲဆို ၎င်းတို့အိမ်ရှေ့ မီးရထားလမ်းအရှေ့ဘက် ဘုရားတစ်ထောင်