ပေါင်မြို့နယ်

ယခုနှစ် မိုးရာသီကာလ ဇင်းကျိုက်ရေတံခွန်တွင် အန္တရာယ်ကင်းစေရန်အစီအမံများပြုလုပ်ထားဟုဆို

ပေါင်၊ မေ ၃၀ သတင်း – ဝရဇိန် (ပေါင်) မွန်ပြည်နယ်၏ အထင်ကရတစ်ခုဖြစ်သော ပေါင်မြို့နယ်ရှိ ဇင်းကျိုက်ရေတံခွန်တွင် ယခုနှစ် မိုးရာသီ အတွင်း လာရောက်ရေကစားကြမည့်သူများအတွက် အန္တရာယ်ကင်းစေရန် အစီအမံများပြုလုပ်ထားကြောင်း ရေတံခွန်ကော်မတီထံမှ သိရသည်။

ပေါင်မြို့နယ်ရှိ ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ဌာနဆိုင်ရာများ လာရောက်တာဝန်ထမ်းဆောင်ခြင်းမရှိသဖြင့် ခေါ်ယူသတိပေးသွားရန် စီစဉ်နေ

ပေါင်၊ မေ ၃၀ ပြည်သူများ၏လိုအပ်ချက်များအားOne Stop Shop စနစ်ဖြင့်တစ်နေရာတည်း၌ပြီးစီးနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားသောပြည်သူ့ဝန်ဆောင်မှု (OSSရုံး)များတွင် ဌာနဆိုင်ရာများလာရောက် တာဝန် ထမ်းဆောင်မှုမရှိတော့သဖြင့် စည်းကမ်းစနစ်တကျဖြစ်အောင် ဌာနဆိုင်ရာများကိုခေါ်ယူသတိပေး သွားမည် ဟု ပေါင်မြို့နယ်အုပ်ချုပ်ရေးမှုး ဦးမောင်မောင်နိုင်က ပြောသည်။