ဦးစိုင်းဇော်ဇော်

မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်အမှုဆောင်(နိုင်ငံတကာပြိုင်ပွဲကျင်းပရေးတာဝန်) ဦးစိုင်းဇော်ဇော်နှင့်တွေ့ဆုံခြင်း

တွေ့ဆုံမေးမြန်းသူ – ရဲနိုင်ဦး မေး – အန်ကယ်လ်ရဲ့အမည်နဲ့ လက်ဝှေ့လောကမှာ ဘယ်လိုအခန်းကဏ္ဍကနေ တာဝန်ယူ ဆောင်ရွက်နေတဲ့အပိုင်းလေးသိပါရစေ။ ဖြေ – ဦးစိုင်းဇော်ဇော်ပါ။ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှာ အမှုဆောင်ပါ။ နိုင်ငံတကာပြိုင်ပွဲ ကျင်းပရေးတာဝန်ယူထားပါတယ်။ မိတ်ဆွေဖြစ်သူ ဦးဋ္ဌေးဝင်းနဲ့တွဲပြီး H&S Group တည်ထောင်ပြီး တော့ နိုင်ငံတကာရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွေ၊ ပြည်တွင်းပွဲတွေ၊ ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲတွေ ကျင်းပ ပေးခဲ့တာ ၁၀ နှစ်ကျော်ပါပြီ။…