ချမ်းစွန်း

အံဒင်ကျောက်မီးသွေးစီမံကိန်း အလိုမရှိကြောင်း အစိုးရသစ်ထံ ဒေသခံများပထမဆုံးအကြိမ် စာပေးပို့

မော်လမြိုင်၊ စက်တင်ဘာ ၂၆ရက် မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာအနီးတွင် တိုယို – ထိုင်းကုမ္ပဏီမှ တည်ဆောက်ရန်ကြိုးပမ်းနေသည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစီမံကိန်းကို အလိုမရှိကြောင်း အစိုးရသစ်ထံ ပထမဆုံးအကြိမ် စာပေးပို့ခဲ့သည်ဟု သိရသည်။

အဆင့်မြင့်အစိုးရဧည့်ရိပ်သာနှင့် ဥပဒေချုပ်ရုံးတည်ဆောက်မည့် စီမံကိန်းနှစ်ခုအစား ပြည်သူအကျိုးရှိ သည့် စီမံကိန်းများပြောင်းလဲဆောင်ရွက်ရန် အဆို အနိုင်ရ

မော်လမြိုင်၊ အောက်တိုဘာ ၄ ပြီးခဲ့သည့်အစိုးရလက်ထက်တွင် အတည်ပြုထားသည့် မွန်ပြည်နယ်အတွင်း တည်ဆောက် မည့် စီမံကိန်း(၂)ခုဖြစ်သော အဆင့်မြင့်အစိုးရဧည့်ရိပ်သာနှင့် ဥပဒေချုပ်ရုံးတည်ဆောက်မည့် ကုန်ကျ မည့်ငွေအား လွှတ်တော်မှပြောင်းလဲသုံးစွဲသင့်ကြောင်း အဆိုအောင်မြင်သွားကြောင်းသိရသည်။

ပထမတရက်သာ လွှတ်တော်တက်ပြီး နောက်ရက်များခွင့်ယူသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်ကို လွှတ်တော် ကိုယ်စားလှယ်များ ဝေဖန်

မော်လမြိုင်၊ အောက်တိုဘာ ၄ရက် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့တရက်သာ တက်ရောက်ပြီး နောက်ပိုင်း ရက်များတွင် ခွင့်ယူသွားသည့် မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးမင်းမင်းဦးအား လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့သည်။

သစ်တောဦးစီးဌာန စီမံပိုင်ခွင့်မြေပေါ်တွင် ရော်ဘာနှင့် အခြားစက်မှုကုန်ကြမ်း သီးနှံစိုက်ခွင့် မပြုတော့

မော်လမြိုင်၊ စက်တင်ဘာ ၇ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်နှင့် သဘာဝကာကွယ်တောများအတွင်း ရော်ဘာ၊ ဆီအုန်းနှင့် စက်မှုကုန်ကြမ်း သီးနှံစိုက်ပျိုးမှုအား ခွင့်ပြုတော့မည်မဟုတ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန (မွန်ပြည်နယ်) သစ်တောရေးရာဦးစီးဌာနထံမှ သိရသည်။

အစိုးရသစ်အနေဖြင့် သံလွင်မြစ်ရေကာတာ (၆) ခုကို ဆက်မလုပ်ဖို့တိုက်တွန်း

မော်လမြိုင်၊ စက်တင်ဘာ ၇ အစိုးရသစ်အနေဖြင့် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့်ရေကာတာလျှပ်စစ်စီမံကိန်း(၆)ခုကို ဆက်မလုပ် သွားရန် တိုက်တွန်းသည့်အစီရင်ခံစာကို (MYPO)အဖွဲ့က စက်တင်ဘာ (၇)ရက်တွင် ထုတ်ပြန်ခဲ့သည်။

ခေါဇာက ရွာသား ၂ ဦး သေနတ် ပစ်သတ်ခံရသည့်ကိစ္စ ၆ လကြာအမှုမှန်မပေါ်သေး

မော်လမြိုင်၊ စက်တင်ဘာ ၈ ခေါဇာမြို့နယ်ခွဲရှိ မန်းကျည်းချောင်းဝရွာသား ၂ ဦးသေနတ်ပစ်သတ်ခံရသည့် အမှုကိစ္စနှင့် ပတ်သက်ပြီး ၆ လကြာသွားသော်လည်း တစုံတရာထူးခြားမှုမရှိကြောင်း ကာယကံရှင်နှင့် အမှုမှန် ပေါ်ပေါက်ရန်လိုက်လံကူညီဆောင်ရွက်ပေးနေသည့် လူမှုအဖွဲ့အစည်းတို့က ပြောသည်။

လူငယ်ရေးရာမူဝါဒ ရေးဆွဲမှုအတွက် မွန်ပြည်နယ်အတွင်းရှိ လူငယ်များ၏ သဘောထားအမြင်များ စစ်တမ်းကောက်ယူနေ

မော်လမြိုင်၊ စက်တင်ဘာ ၈ လူငယ်ရေးရာမူဝါဒ ရေးဆွဲမှုအတွက် မွန်ပြည်နယ်အတွင်းရှိ လူငယ်များနှင့် အသိပညာပေးဆွေးနွေး ခြင်း၊ သဘောထား အမြင်များအား စစ်တမ်း ကောက်ယူခြင်းများကို လုပ်ဆောင်နေကြောင်း ပြည်နယ် လူငယ် ကွန်ယက်ထံမှ သတင်းရရှိသည်။

မွန်ဒေသ မြေယာမူဝါဒရေးဆွဲရန်အတွက် ၁၅ဦးကော်မတီဖွဲ့

မော်လမြိုင်၊ စက်တင်ဘာ ၈ မွန်ဒေသ မြေယာမူဝါဒရေးဆွဲရန်အတွက် ၁၅ဦးပါဝင်သည့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီဟု မွန်ဒေသ မြေယာမူဝါဒရေးဆွဲရေးကော်မတီထံမှ သိရသည်။

ကအဲန်ယူနှင့် မွန်ပြည်သစ်ပါတီ ရေဖြူမြို့နယ်တွင် တိုက်ပွဲငယ်ဖြစ်

ရေဖြူ၊ စက်တင်ဘာ ၈ ၂၁ ရာစုပင်လုံညီလာခံကျင်းပပြီး (၅) ရက်အကြာ စက်တင်ဘာ (၈) မွန်းလွဲပိုင်းက မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အစပ် တနင်္သာရီတိုင်း ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအုပ်စု သဲချောင်းဖျားကျေးရွာအနီးတွင် မွန်ပြည်သစ်ပါတီပါတီ (NMSP) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု နှစ်ဖက်တာဝန်ရှိသူများထံမှသိရသည်။

၂၁ပင်လုံအပြီး NCA လက်မှတ်ထိုးနိုင်ခြေ နိုင်ငံရေးဆွေးနွေးရေးမူဘောင်အပေါ်မှာမူတည်

နေပြည်တော်၊ စက်တင်ဘာ ၃ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ပင်လုံအပြီးတွင် NCAစာချုပ်လက်မှတ်မထိုးထားသည့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများမှာ လက်မှတ်ထိုးနိုင်ရန်နိုင်ငံရေးဆွေးနွေးရေးမူဘောင်အပေါ်တွင် မူတည်ကြောင်း တိုင်းရင်းသားခေါင်း ဆောင်များက ပြောသည်။