စစ်မှုထမ်း မတရားစုဆောင်းခံရသူတွေကို ကူညီပေးမယ်လို့ ပြည်သူ့ရင်ခွင် ကြေညာ
မော်လမြိုင် ၊ ဒီဇင်ဘာ ၁၄ နိုင်ငံတဝန်း စစ်ရှုံးနေတဲ့ စစ်ကောင်စီက စစ်မှုထမ်းစုဆောင်းမှုကို တစ်ကျော့ပြန် အရှိန်မြှင့်တင်လာတဲ့အတွက် အဲဒီလို မတရားစုဆောင်းခံရသူတွေကို ကူညီပေးသွားမယ်လို့ ပြည်သူ့ရင်ခွင့်အဖွဲ့က ဒီ ဇင်ဘာ ၁၂ ရက်နေ့မှာ အသိပေးကြေညာပါတယ်။ အခုနောက်ပိုင်းမှာ စစ်ကောင်စီက လူငယ်တွေကို ရုပ်ပျက်ဆင်းပျက် မတရားစုဆောင်းဖမ်းဆီးပြီး စစ်မှုထမ်းစေတဲ့ ဖြစ်စဉ်တွေ မြင့်တက်နေတာပါ။ ဒါကြောင့် မတရား စစ်မှုထမ်းစုဆောင်းခံရသူတွေ…
အာဏာသိမ်းကာလ ၄ နှစ်နီးပါးအတွင်း မြန်မာ့စီးပွားရေး အနုတ် ၁ ရာခိုင်နှုန်းအောက်ထိကျဆင်း
မော်လမြိုင် ၊ ဒီဇင်ဘာ ၁၄ မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ အာဏာသိမ်းကာလ ၄ နှစ်နီးပါးအတွင်း နိုင်ငံ့စီးပွားရေးဟာ အနုတ် ၁ ရာခိုင်နှုန်းအောက်ထိ ကျဆင်းလာတယ်လို့ ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်အရ အခုဘဏ္ဍာနှစ် ကုန်ဆုံးမယ့် ၂၀၂၅ ခုနှစ် မတ်လအထိ မြန်မာ့စီးပွား ရေးဟာ အနုတ် ၁…
လောင်းလုံးမှာ စစ်ယာဉ်တန်းပစ်ခတ်မှုအတွင်း အမျိုးသမီး ၁ ဦးသေဆုံး
လောင်းလုံး၊ ဒီဇင်ဘာလ ၁၄ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အင်းစောက်ကျေးရွာ ပြည်လုံးချမ်းသာဘုရားအနီးမှာ ဒီဇင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းက စစ်ယာဉ်တန်းပစ်ခံရပြီး စစ်ကောင်စီဘက်က ပြန်ပစ်ရာကနေ အမျိုးသမီး ၁ ဦးသေဆုံးတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ပြောပါတယ်။ ဒီဇင်ဘာ ၁၃ ရက် မနက် ၆ နာရီခန့်မှာ မင်းရပ်ကျေးရွာဘက်ကနေ လောင်းလုံးဘက်ကို ပြန်တက်လာတဲ့ စစ်ကောင်တပ်သားတွေလိုက်ပါလာတဲ့ကား ၃…
ဘီးလင်းမှာ စစ်ယာဉ်တန်းလုံခြုံရေး ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရလို့ ၄ ဦးသေဆုံး
ဘီးလင်း၊ ဒီဇင်ဘာလ ၁၄ မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးလေးကျေးရွာအနီးမှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက ယာဉ်တန်းလုံခြုံရေး ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးခဲ့ကြောင်း KNU သထုံခရိုင်တာဝန်ရှိသူက သံလွင်တိုင်းမ်ကိုပြောပါတယ်။ အဲဒီနေ့ နေ့လယ် ၁၂ နာရီ မိနစ် ၄၀ ခန့်မှာ ရန်ကုန်-မော်လမြိုင်လမ်းအတိုင်းလာမယ့် စစ်ယာဉ်တန်းအတွက် လုံခြုံရေးလာယူတဲ့ စစ်ကောင်စီအဖွဲ့ကို…
ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ သန်း ၅၀၀ ထပ်မံ ပေးအပ်မယ့် အစီအစဉ် အမေရိကန် ကြေညာ
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၃ သမ္မတ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ်ထရန့် အိမ်ဖြူတော်သို့ ရောက်မလာခင် ကိဗ်စစ်တပ်ကို အားဖြည့်ရေး အလျင်အမြန် ကြိုးပမ်းနေချိန် ယူကရိန်းအတွက် ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိ စစ်ရေးအကူအညီ ထပ်မံ ပေးပို့မယ့် အစီအစဉ်ကို အမေရိကန်အစိုးရက ဒီဇင်ဘာ ၁၃ ရက်မှာ ကြေညာလိုက်ပါတယ်။ ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်တားဆီးနေရတဲ့…
အမေရိကန်ရဲ့ ထောက်ခံမှုနဲ့ ဖိလစ်ပိုင်က တောင်တရုတ်ပင်လယ်မှာ ပြဿနာဖြစ်အောင် လုပ်နေတယ်လို့ တရုတ် စွပ်စွဲ
ဘေဂျင်း၊ ဒီဇင်ဘာ ၁၃ အငြင်းပွားနေတဲ့ ရေပြင်မှာ နောက်ဆုံး ထိပ်တိုက်တွေ့မှုအတွက် ဘေဂျင်းနဲ့ မနီလာတို့ အပြန်အလှန် အပြစ်တင်ခဲ့ပြီး သီတင်းတစ်ပတ် အကြာမှာ ဖိလစ်ပိုင်ဟာ တောင်တရုတ်ပင်လယ်မှာ အမေရိကန်ရဲ့ ကျောထောက်နောက်ခံပြုမှုနဲ့အတူ ပြဿနာဖြစ်အောင် ရန်စနေတယ်လို့ ဒီဇင်ဘာ ၁၃ ရက်မှ တရုတ်က စွပ်စွဲလိုက်ပါတယ်။ အမေရိကန်က ထောက်ပံ့ကူညီပေးမှုနဲ့ အတူ ကိုယ်စားလုပ်ခိုင်းနေပြီး ဖိလစ်ပိုင်ဟာ တောင်တရုတ်ပင်လယ်ထဲရှိ…
စစ်အာဏာသိမ်း (၁၄၁၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၀၄၆) ဦးအထိရှိလာ
မော်လမြိုင်၊ ဒီဇင်ဘာ၁၃ AAPP ရဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၁၁) ရက်အတွင်း ပြည်သူ (၆၀၄၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၈၆၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၇၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…
မွန်နိုင်ငံရေးအဖွဲ့တွေ စစ်ကောင်စီခင်းပေးတဲ့လမ်းအတိုင်း လျှောက်လှမ်းနေပြီလား
မော်လမြိုင်၊ ဒီဇင်ဘာ ၁၃ အာဏာသိမ်းမှု လေးနှစ်ပြည့်လုနီးပါးအချိန်မှာ မြေပေါ် မွန်နိုင်ငံရေးအုပ်စုက စစ်ကောင်စီခင်းပေးတဲ့ နိုင်ငံရေးလမ်းပြမြေပုံနောက် လိုက်နေပြီလားဆိုတဲ့ မေးခွန်းထုတ်တွေးတောစရာ သုံးသပ်ချက်တွေ ရှိနေပါတယ်။ တိုင်းရင်းသားဒေသတွေအပါအဝင် မြန်မာ့အရေးနဲ့ဆိုင်တဲ့ စစ်ရေးနဲ့နိုင်ငံရေးကဏ္ဍတွေကို သုံးသပ်ချက် အစီရင်ခံစာတွေ ထုတ်ပြန်နေတဲ့ RICE အဖွဲ့ ရဲ့ ၂၀၂၅ ရွေးကောက်ပွဲအကြို သုံးသပ်ချက်မှာ ထည့်သွင်းဖော်ပြထားတာပါ။ သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီက နိုင်ငံရေးပြ…
တရားမဝင်ကုန်ပစ္စည်းတွေ လေးဆခန့်ပိုဖမ်းဆီးဖို့ ညွှန်ကြား ချက်ကြောင့် ကုန်ဈေးနှုန်းထပ်တက်လာနိုင်
နေပြည်တော် ဒီဇင်ဘာ ၁၃ အိမ်နီးချင်းနိုင်ငံတွေကနေ ဝင်ရောက်လာတဲ့ တရားမဝင်ကုန်ပစ္စည်းတွေကို အခုထက်လေးဆခန့် ထိထိရောက်ရောက် ပိုမိုဖမ်းဆီးဖို့ အာဏာသိမ်းဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လက်အောက်ခံ ဌာနဆိုင်ရာတွေကို ညွှန်ကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီရဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ကုန်သွယ်ဖက် အိမ်နီးချင်းနိုင်ငံတွေရဲ့ ပို့ကုန်၊ သွင်းကုန်လက်ခံစာရင်းကို တိုက်ဆိုင်စစ်ဆေးတဲ့နေရာမှာ…
ပွင့်ဖြူ မဲဇလီရဲစခန်းမှာ စစ်ကောင်စီတပ်သား အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေဆုံး
မကွေး၊ ဒီဇင်ဘာ ၁၃ မကွေးတိုင်း ပွင့်ဖြူမြို့နယ် မဲဇလီရဲစခန်းမှာ စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက် မနက် ၁ နာရီဝန်းကျင်မှာ အဲဒီရဲစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်သား အ ချင်းချင်းပစ်ခတ်မှုဖြစ်ပွားပြီး အဲဒီနေ့မနက်ပိုင်းမှာပဲ အလောင်းနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို နာရေးယာဉ်နဲ့ လာရောက်သယ်ဆောင်သွားတယ်လို့ သိရပါတယ်။ ညသန်းခေါင်ကျော် ၁…