တနင်္သာရီတိုင်းမှာ တစ်လအတွင်း အရပ်သား ၂၀ ဦး သတ် ဖြတ်ခံရ

မော်လမြိုင်၊ အောက်တိုဘာလ ၁၈ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ အရပ်သား ၂၀ ဦး သတ်ဖြတ်ခံရပြီး ၃၀၀ ကျော် ဖမ်းဆီးခံရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ သေဆုံးသူတွေထဲမှာ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ လက်နက်ကြီး၊ ဒရုန်းပစ်ခတ်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် သေဆုံးသူ ၁၇ ဦးအထိ ရှိခဲ့တာပါ။…

တပ်ရင်းတစ်ရင်းလုံး ခွဲထွက်အဖွဲ့နဲ့ ပူးပေါင်းမှု မွန်ပြည်သစ်ပါတီအတည်ပြု ၊ တပ်ဖွဲ့ဝင်တွေ ပြန်လာကြဖို့ ဖိတ်ခေါ်

ဘုရားသုံးဆူ ၊ အောက်တိုဘာ ၁၈ ထိုင်း-မြန်မာနယ်စပ်ရှိ တပ်ရင်း ၅ နဲ့ ဘုရားသုံးဆူဒေသတစ်ခုလုံး ခွဲထွက်အဖွဲ့ NMSP AD ထံ သွား ရောက်ပူးပေါင်းဖို့ နှစ်ဘက်အဖွဲ့ကြား ဆွေးနွေးသဘောတူညီခဲ့တာ လုံးဝမရှိခဲ့ဘူးလို့ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်က ပြောပါတယ်။ မွန်ပြည်သစ်ပါတီရဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်ရင်း ၅ တစ်ရင်းလုံးနဲ့ ဆက် စပ်စခန်းတွေ အားလုံးရှိ တပ်ဖွဲ့ဝင်တွေက ခွဲထွက်အဖွဲ့…

သရက်ချောင်းမှာ သန်းခေါင်စာရင်း လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

သရက်ချောင်း၊ အောက်တိုဘာ ၁၇ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ရန်တောင်ကျေးရွာမှာ သန်းခေါင်စာရင်းကောက်ယူဖို့အတွက် လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခံရတာကြောင့် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။ အင်အား ၈၀ ဝန်းကျင်နဲ့ ထားဝယ်အခြေစိုက် ခလရ ၂၅ တပ်ရင်းမှ သရက်ချောင်းမြို့နယ် ရန်တောင်ကျေးရွာထဲမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတွေကို အောက်တိုဘာ ၁၅…

အမေရိကန်ဒေါ်လာ ကြီးစိုးထားမှု အဆုံးသတ်ရေး BRICS ညီလာခံမှာ ရုရှား တွန်းအားပေးမယ်

မော်စကို၊ အောက်တိုဘာ ၁၇ လာမယ့် သီတင်းပတ်ကျရင် ကျင်းပမယ့် BRICS ညီလာခံမှာ ရုရှားက အနောက်တိုင်းရဲ့ အရေးယူ ပိတ်ဆို့မှု ဒဏ်ကို ခံနိုင်မယ့် နိုင်ငံတကာ ငွေပေးချေမှုအတွက် လမ်းကြောင်းအသစ် တစ်ခု တည်ဆောက်ရေး အဖွဲ့ဝင် နိုင်ငံတွေကို စည်းရုံးဖို့ ကြိုးပမ်းမှာ ဖြစ်ပါတယ်။ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကတို့ အပြင်…

လာမယ့်လမှာ စစ်ခေါင်းဆောင် တရုတ်သို့ သွားရောက်မယ်

နေပြည်တော်၊ အောက်တိုဘာ ၁၇ လာမယ့် နိုဝင်ဘာလမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ့ရဲ့ ရင်းနှီးတဲ့ မဟာမိတ် တရုတ်နိုင်ငံသို့ သွားရောက်မှာ ဖြစ်ကြောင်း စစ်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် နှစ်ခုက အေအက်ဖ်ပီ သတင်းဌာနသို့ အောက်တိုဘာ ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။ နိုဝင်ဘာလထဲမှာ စစ်ခေါင်းဆောင် တရုတ်ကို သွားဖို့ စီစဉ်ထားတဲ့အကြောင်း၊ အဲဒီခရီးစဉ်က…

တိုက်ပွဲပြင်းထန်နေလို့ မြိတ်-ပုလော-ထားဝယ်လမ်းပိုင်းမသုံးဖို့ PDF သတိပေး

ပုလော၊ အောက်တိုဘာ ၁၇ တနင်္သာရီတိုင်း ပုလောမြို့နယ်ထဲမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေတာကြောင့် မြိတ်-ပုလော-ထားဝယ်ပြည်ထောင်စုလမ်းမကြီး အသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်က တပ်အင်အား ၂၀၀ ကျော်နဲ့ မြိတ်အခြေစိုက် တပ်ရင်းကနေတစ်ဆင့် ပုလောမြို့နယ် ကြဲကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် အောက်တိုဘာ ၁၄ ရက်နေ့ကစပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်နဲ့…

လေးကေကော်အမြောက်ကုန်းကို KNLA/PDF သိမ်းပိုက်

မြဝတီ၊ အောက်တိုဘာ၁၇ ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေကော်မြို့သစ်အနီးမှာ တစ်ခုထဲကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ အမြောက်ကုန်းလို့ခေါ်တဲ့ စွယ်တော်ဗျူဟာကုန်းကို KNLA/PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ တယ်လို့ မြေပြင်သတင်းရင်းမြစ်အရ သိရပါတယ်။ လေးကေကော်အမြောက်ကုန်းကို ဒီနေ့ အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၄ နာရီကျော်လောက်မှာ ကရင်အ မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့တွေက…

စစ်အာဏာသိမ်း (၁၃၅၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၈၅၁) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၁၇ AAPP ရဲ့ အောက်တိုဘာ ၁၆ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာ ဏာသိမ်းမှုကာလ (၁၃၅၄) ရက်အတွင်း ပြည်သူ (၅၈၅၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၅၅၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၃၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

ရွေးကောက်ပွဲအတွက် အပစ်ရပ် EAO တွေကို လုံခြုံရေးမှာအသုံးချဖို့ စစ်ခေါင်းဆောင်လေသံပစ်

နေပြည်တော် ၊ အောက်တိုဘာ ၁၇ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲဆိုင်ရာ အကြိုလုပ်ငန်းစဉ်တွေနဲ့ ရွေးကောက်ပွဲကာလတွေမှာ လုံခြုံရေးအတွက် အပစ်ရပ်ထိုး EAO တွေကို ပူးပေါင်းပါဝင်ပေးကြဖို့ စစ်ခေါင်းဆောင်က လေ သံပစ်လာပါတယ်။ အောက်တိုဘာ ၁၅ ရက်နေ့က ကျရောက်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ချုပ်ဆိုခြင်း ၉ နှစ်မြောက် နှစ်ပတ်လည်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က…

မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၆ ထပ်မံခေါ်ယူ

မော်လမြိုင် ၊ အောက်တိုဘာ ၁၇ နိုင်ငံအနှံ့တိုက်ပွဲတွေတိုင်း စစ်ရှုံးနေတဲ့စစ်ကောင်စီဟာ သူတို့ထိန်းချုပ်ထားတဲ့ မွန်ပြည်နယ်မှာ စစ် မှုထမ်းအပတ်စဉ် ၆ ထပ်မံခေါ်ယူလိုက်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်မှုထမ်း အပတ်စဉ် ၆ အတွက် စစ်သားစုဆောင်းခံရတဲ့သူတွေကို အောက်တိုဘာ ၁၆ ရက်နေ့မှာ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ အမှတ် ၆ ပညာရေးကျောင်းမှာ…