ရေးမြို့အတွင်း ကလေးသူခိုးများနှင့် ဖောက်ထွင်းခိုးယူမှုများ သိသိသာသာများပြားလာသဖြင့် အရေးယူ ဆောင်ရွက်မှုများလိုအပ်နေ

ရေး ၊ စက်တင်ဘာ ၂၇ ရေးမြို့အတွင်း ကလေးသူခိုးများနှင့် ဖောက်ထွင်းခိုးယူမှုများ သိသိသာသာများပြားလာသဖြင့် ထိုက် သင့်သည့် အရေးယူဖမ်းဆီးမှုများ ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း ရေးဒေသခံများ၏ ပြောကြားချက် အရ သိရသည်။

ပေါင်မြို့နယ်အတွင်း တရားမဝင်ဆင်ဆာမဲ့ ဗွီဒီယိုခွေများနှင့် ခွေကူးစက်များလိုက်လံဖမ်းဆီးအရေးယူထား

ပေါင်၊ စက်တင်ဘာ ၂၇ ဆင်ဆာမဲ့ VDO၊ DVD ခွေများ ကူးယူရောင်းချနေမှုအား သထုံခရိုင်ရဲတပ်ဖွဲ့နှင့် ပေါင်မြို့နယ် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ စက်တင်ဘာ ၂၇ရက်နေ့တွင် ပေါင်မြို့နယ်အတွင်း လိုက်လံဖမ်းဆီး အရေးယူခဲ့ကြပြီး တရားမဝင် ဆင်ဆာမဲ့ခွေများအပါအဝင် ခွေကူးစက်များကိုပါ သိမ်းဆည်းရမိထားကြောင်းသိရသည်။

ဆောက်သန်းမြန်မာအသင်းမှ အမြင့်ဆုံးလစာ(၁၀)သိန်းအထိချီးမြှင့်မည့် ကစားသမားအသစ်များကို ခြေစမ်းပွဲ ကစားအပြီး လူရွေးပွဲကျင်းပမည်

မော်လမြိုင်၊ စက်တင်ဘာ ၂၉ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်အခြေစိုက် ဆောက်သန်းမြန်မာဘောလုံးအသင်းမှ လာမည့် အောက်တိုဘာလ ၅၊၆၊၇ ရက်နေ့တို့တွင် ခြေစမ်းပွဲများ ကစားအပြီး လူရွေးပွဲ ကျင်းပသွားမှာ ဖြစ်ကြောင်း သိရသည်။

အံဒင်ကျောက်မီးသွေးစီမံကိန်း အလိုမရှိကြောင်း အစိုးရသစ်ထံ ဒေသခံများပထမဆုံးအကြိမ် စာပေးပို့

မော်လမြိုင်၊ စက်တင်ဘာ ၂၆ရက် မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာအနီးတွင် တိုယို – ထိုင်းကုမ္ပဏီမှ တည်ဆောက်ရန်ကြိုးပမ်းနေသည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစီမံကိန်းကို အလိုမရှိကြောင်း အစိုးရသစ်ထံ ပထမဆုံးအကြိမ် စာပေးပို့ခဲ့သည်ဟု သိရသည်။

သင်ခန်းစာလား ထင်ယောင်မှားလား

တူရကီနိုင်ငံတွင် ဇူလိုင်လအတွင်း စစ်တပ်မှ အာဏာသိမ်းရန် ကြိုးပမ်းမှု မအောင်မမြင်ဖြစ်ခဲ့ပြီး အရပ် သား(၁၁၉)ဦး အပါအဝင် လူ(၂၉၀)ကျော် သေဆုံးကာ လူပေါင်း(၂၅၀၀)ကျော် ဒဏ်ရာရခဲ့သည်။ နောက်ဆက် တွဲ ဖမ်းဆီးအရေးယူမှုများ အကြီးအကျယ်ဖြစ်ပွါးခဲ့သည်။<!--more--> စစ်တပ်၊ တရားရေးနှင့်အခြားအဖွဲ့အစည်းများမှ လူပေါင်း(၁၃၀၀၀)ကျော်ကို အခန်းဖြစ်ပွါးကတည်းက ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။ ထိုအပြင်အလုပ်ထုတ်မှုနှင့် တာဝန်မှ ဆိုင်းငံ့မှု ခြောက်သောင်းခန့်ပြုလုပ်ခဲ့သည်။ သတင်းစာအစောင်(၁၀၀)ကျော်နှင့် ရုပ်သံဌာန(၂၄)ခု၏ လိုင်စင်များ ပြန်လည်ရုပ်သိမ်းခဲ့သည်။…

အခွင့်အရေးပေးလာရင် အဆိုဘက်ကိုပါ သွားဖို့ရှိပေမယ့် အောင့်ထားရတယ်ဆိုလာတဲ့ မော်ဒယ်လ် လင်းမောင် နဲ့ တွေ့ဆုံခြင်း

တင်ဆက်သူ-TU Arkar Min မေး-အစ်ကို့ရဲ့ မိသားစုတွေနဲ့ မိတ်ဆက်ပေးပါဦးခင်ဗျ။ ဖြေ-ဦးသန်းထိုက်ဦး၊ဒေါ်အေးအေးထွန်းတို့ရဲ့ သားအကြီးပါ။ ပီတိဆိုတဲ့ ညီတစ်ယောက်လည်း ရှိပါတယ်။ မေး-လင်းမောင်ဆိုတာ အကို့ရဲ့နာမည်အရင်းပဲလား။အစ်ကိုရဲ့ ပညာအရည်အချင်းကိုလည်း သိချင် ပါတယ်။