မွန်ပြည်သစ်ထိန်းချုပ်နယ်မြေက ဒေသခံတွေကို ရွေးကောက်ပွဲအသိပညာပေးမှုလိုအပ်

ရေး ၊ ဩဂုတ် (၂၁) ရေးမြို့နယ်အရှေ့ပိုင်း မွန်ပြည်သစ်ထိန်းချုပ်နယ်မြေမှာ နေထိုင်တဲ့ ပြည်သူတွေကို ရွေးကောက်ပွဲ အသိပညာပေးမှုတွေလုပ်ဖို့ လိုအပ်နေတယ်လို့ ဒေသခံအဖွဲ့အစည်းတွေက ပြောပါတယ်။ မွန်ပြည်သစ်ထိန်းချုပ်ဒေသဝန်းကျင် ကျောင်းရွာကျေးရွာအုပ်စုအတွင်း ကျေးရွာပေါင်း ၂၀ ရွာက လူဦးရေတစ်သောင်းကျော် မဲထည့်ဖိုအတွက် မဲရုံ ၆ ရုံဖွင့်လှစ်ပေးသွားဖို့ရှိနေပြီး ဒေသခံတွေအတွက်မဲထည့်ဖို့အတွက် အသိပညာပေးမှုတွေလုပ်ဖို့လိုအပ်နေကြောင်း ဒေသခံအဖွဲ့အစည်းတွေက ဆိုပါတယ်။ ” အရင်ရွေးကောက်ပွဲတုန်းက လူထက်ဝက်ကျော်လောက်ပဲ…

ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်မှာ အထူးရဲ (၁၀၀၀)ကျော် ခန့်မည်

မော်လမြိုင် ၊ ဩဂုတ် (၂၀) နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် လုံခြုံရေးဆိုင်ရာ တာဝန်ထမ်းဆောင်ဖို့ မွန်ပြည်နယ်မှာ အထူးရဲ (၁၀၀၀) ကျော် ခန့်အပ်သွားမယ်လို့ မွန်ပြည်နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ မွန်ပြည်နယ်မှာ လျာထားမဲရုံ (၉၅၄) ရုံရှိပြီး အဲဒီမဲရုံတွေမှာ လုံခြုံရေးဆိုင်ရာ တာဝန်ထမ်းဆောင်ဖို့ အထူးရဲတပ်ဖွဲ့ဝင်တွေကို ခန့်အပ်မှာ…

မွန်မှာယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း(၃၀၃)ဦးမှာ အမျိုးသမီး(၆၇)ဦးပါ

မော်လမြိုင် ၊ ဩဂုတ် (၁၉) ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်း ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း (၃၀၃) ဦးမှာ အမျိုးသမီးကိုယ်စားလှယ်လောင်း (၆၇) ဦး ပါဝင်တယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရဲ့ စာရင်းတွေအရ သိရပါတယ်။ မွန်ပြည်နယ်အတွင်း နိုင်ငံရေးပါတီ (၁၇) ခုက ကိုယ်စားလှယ်လောင်း (၂၉၁) ဦးနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း (၁၂)ဦး စုစုပေါင်း…

ကိုဗစ်ကာလ ကျန်းမာရေးဌာန လမ်းညွှန်ချက်အတိုင်း ရေးမြို့လူငယ် သင်တန်းကျောင်းဖွင့်လှစ်

ရေး ၊ ဩဂုတ် (၁၉) နယ်စပ်ရေးရာဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ ရေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းကို ကိုဗစ်ကာလအတွင်း ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်တွေနဲ့အညီ ဖွင့်လှစ်နေပါတယ်။ အဲဒီကျောင်းမှာ အခြေခံပညာအထက်တန်းအဆင့်‌ ကျောင်းသားကျောင်းသူ ၅၂ ဦး ပညာသင်ကြားနေကြပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်းချက်အတိုင်း လိုက်နာနေတယ်လို့ သင်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသက်သက်ခိုင်က ပြောပါတယ်။ ” ကျောင်းအတွင်းအပြင်သွားလာနေထိုင်စားသောက်တာကအစ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနညွှန်ကြားချက်တွေအတိုင်း အလေးအနက်ထား တိတိကျကျနေထိုင်နေပါတယ်၊…

ကိုဗစ်ကြောင့် ရေးမြို့နယ် မဟာဓာတ်အားလိုင်းရဖို့ (၃) နှစ်ခန့် ထပ်စောင့်ရမည်

ရေး၊ ဩဂုတ် (၁၈) ကိုဗစ်-၁၉ ကြောင့် ရေးမြို့နယ်ဟာ မဟာဓာတ်အားလိုင်းရရှိဖို့ ၃ နှစ်ခန့် စောင့်ဆိုင်းရဦးမယ်လို့ ရေးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောပါတယ်။ ရေးမြို့နယ်ဟာ မွန်ပြည်နယ်အတွင်း မဟာဓာတ်အားလိုင်းမရသေးတဲ့ တစ်ခုတည်းသော မြို့နယ်ဖြစ်ပါတယ်။ မဟာဓာတ်အားလိုင်းကနေ ရေးမြို့နယ်ကို ၂၃၀ကေဗီ ဓာတ်အားလိုင်း သွယ်တန်းတာကို၂၀၁၉-၂၀၂ဝ ဘဏ္ဍာရေးနှစ်အတွင်းမှာ အပြီးသတ်ဆောင်ရွက်ဖို့ လျာထားခဲ့ပေမယ့် ကိုဗစ်အခြေအနေကြောင့် ယခုနှစ် အောက်တိုဘာ…

မွန်ပြည်နယ်ငါးလုပ်ငန်းအပေါ် ကိုဗစ်ရိုက်ခတ်မှု ပြင်းထန်

မော်လမြိုင် ၊ ဩဂုတ် ၁၈ ၂၀၂၀-၂၀၂၁ ခုနှစ် ငါးလုပ်ငန်းရာသီအတွက် မွန်ပြည်နယ်အတွင်းက ငါးဖမ်းပိုက်ချက်တွေကို တင်ဒါရောင်းချခဲ့ရာမှာတော့ ကိုဗစ်-၁၉ ရဲ့ စီးပွားရေးရိုက်ခတ်မှုတွေကြောင့် ဝယ်ယူသူ အလွန် နည်းပါးခဲ့ပါတယ်။ မွန်ပြည်နယ်က စျေးကောင်းရတဲ့ ငါး (၈၀) ရာခိုင်နှုန်းဟာ တရုတ်စျေးကွက်ကို အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်ကစပြီး မွန်ပြည်နယ်ထွက်ငါးတွေ ပြည်ပတင်ပို့မှု ရာနှုန်းပြည့်…

မွန်မှာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့ လျှောက်ထားသည့် အဖွဲ့မရှိသေး

မော်လမြိုင် ၊ ဩဂုတ် ၁၇ မွန်ပြည်နယ်မှာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ ဩဂုတ်လ (၁၇)ရက်နေ့အထိ လာရောက်လျှောက်ထားသူ မရှိသေးဘူးလို့ မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာလိုသူတွေအနေနဲ့ ကော်မရှင်အဖွဲ့ခွဲမှာ ဇူလိုင်လ (၇)ရက်နေ့ကနေ အောက်တိုဘာလ (၁၅)ရက်နေ့အထိ လာရောက်လျှောက်ထားနိုင်ပါတယ်။ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးစောင့်ကြည့်လေ့လာမယ့်အဖွဲ့တွေနဲ့ နိုင်ငံတကာအဖွဲ့တွေက…

တစ်နိုင်ငံလုံးအခွန်အများဆုံး ထမ်းဆောင်သူတွေထဲမှာမွန်ပြည်နယ် ကလုပ်ငန်းရှင်နှစ်ဦးပါ

မော်လမြိုင် ၊ ဩဂုတ် ၁၇ ၂၀၁၈-၂၀၁၉ အခွန်စည်းကြပ်နှစ်အတွက် တစ်နိုင်ငံလုံး အခွန်အများဆုံးထမ်းဆောင်သူ (၁၀၀၀)ထဲမှာ မွန်ပြည်နယ်က လုပ်ငန်းရှင် နှစ်ဦး ပါဝင်တယ်လို့ မွန်ပြည်နယ် အခွန်ဦးစီးဌာနရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။ တစ်နိုင်ငံလုံး အခွန်အများဆုံးထမ်းဆောင်သူ (၁၀၀၀)ထဲမှာ ပါဝင်တဲ့ လုပ်ငန်းရှင်နှစ်ဦးဟာ ကျိုက်ထိုမြို့က ကျောက်ထုတ်လုပ်ငန်းရှင် ဦးစိုးလင်းနဲ့ မော်လမြိုင်မြို့က မြေကွက်ရောင်းချသူ ဦးမိုးကျော်တို့ပဲ ဖြစ်ပါတယ်။ ဦးစိုးလင်းဟာ…

မွန်ပြည်နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ရဲမင်းနှင့်တွေ့ဆုံခြင်း

မေး – မွန်ပြည်နယ်မီးသတ်ဦးစီးဌာနအနေနဲ့ မီးဘေးအပြင် သဘာဝဘေးနဲ့ အခြားသောအကူအညီတောင်းခံလာမှုတွေကို ကူညီဆောင်ရွက်နေတာတွေ့ရပါတယ်။ ဘယ်လို အရေးကိစ္စမျိုးတွေကို ဆောင်ရွက်ပေးနေပါသလဲ၊ ပြည်သူတွေအနေနဲ့ ဘယ်လိုအရေးကိစ္စတွေကို အကူအညီတောင်းခံနိုင်ပါသလဲ။ ဖြေ – မီးသတ်ဦးစီးဌာနမှာ ရည်မှန်းချက်တာဝန် (၄) ရပ်ဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနဲ့ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးတာဝန်တွေ ထမ်းဆောင်နေပါတယ်။ ဘေးအန္တရာယ်မျိုးစုံနဲ့ဆောင်ရွက်တဲ့နေရာမှာ လူကြောင့်နဲ့ သဘာဝကြောင့် ဖြစ်တဲ့ဘေးအန္တရာယ်တွေရှိပါတယ်။ မြေပြိုတာတွေ၊ ရေကြီးတာတွေ၊…

မွန်ပြည်နယ် မဲစာရင်းမှာ အမည်မပါလို့ ပြန်လျှောက်ထားသူ (၂၁၀၀၀) ကျော်ရှိ

မော်လမြိုင် ၊ ဩဂုတ် ၁၆ မွန်ပြည်နယ်အတွင်း ပထမအကြိမ် ကပ်ထားကြေညာတဲ့မဲစာရင်းမှာ အမည်မပါလို့ ပြန်လျှောက်ထားသူ (၂၁၀၀၀) ကျော်ရှိတယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။ မဲစာရင်းစတင်ကြေညာတဲ့ ဇူလိုင်လ ၂၅ ရက်နေ့ကနေ သြဂုတ်လ ၁၄ ရက်နေ့အထိ မဲစာရင်းလာကြည့်သူ နှစ်သိန်းခွဲကျော် ရှိပြီး မဲစာရင်းထဲအမည်မပါလို့ ပုံစံ(၃) နဲ့ ပြန်လျှောက်ထားသူက (၂)သောင်းကျော်…