မြို့နယ်အချို့တွင် မဲပေးပုံ ပေးနည်း သေချာနားမလည်လို့ ဆန္ဒမဲပေးရန် စိတ်ဝင်စားမှုနည်းပါး
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်တို့သည် မဲပေးပုံ ပေးနည်းနှင့် ပတ်သက်သည့် အသိပညာပေးမှုများ သေချာ နားမလည်ထားသည့်အတွက် ရွေးကောက်ပွဲရက်တွင် ဆန္ဒမဲပေးရန် စိတ်ဝင်စားမှု နည်းပါးနိုင်သည်ဟု ဒေသခံတွေက သုံးသပ်ပြောဆိုနေကြသည်။ “ကျေးရွာနေ သာမန်လူတန်းစား အများစုက လွှတ်တော်ဆိုသာ ဘာမှန်းတောင် မသိသေးသည့် အခြေအနေမှာရှိနေကြတယ်၊ ” ဟု ကွမ်တုံလူငယ်ရိပ်သာနှင့် စာကြည့်တိုက် ဒုဥက္ကဌ(၁) ဦးကျော်ဇေယျာဦးက ပြောသည်။ ၎င်းပြင်…
မွန်ပြည်နယ်တွင် သုံးရက်အတွင်း ကြိုတင်မဲပေးသူ ၃၅၀၀ ကျော်ရှိ
ကြိုတင်မဲ စတင်ပေးရမည့် အောက်တိုဘာ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့ထိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်အတွက် ကြိုတင်မဲပေးသူ ၃၀၅၃ ဦးရှိပြီး ဗမာတိုင်းရင်းသားအတွက် ၃၈၀ ဦး၊ ကရင်တိုင်းရင်းသား ကိုယ်စားလှယ်အတွက် ၁၅၂ ဦးနှင့် ပအိုဝ်းတိုင်းရင်းသား ကိုယ်စားလှယ်အတွက် ၁၅ ဦးရှိသည်။
ယခုနှစ် မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲ မော်လမြိုင်အသင်း ဗိုလ်စွဲ
“မော်လမြိုင်က ပထမ၊ ကျိုက်ထိုက ဒုတိယ၊ ပူးတွဲတတိယဆုကိုတော့ ရေးနဲ့ မုဒုံမြို့နယ်တို့ ရရှိသွားပါတယ်။ ပွဲစဉ်အလိုက် အကောင်းဆုံးဆုကိုတော့ ကျိုက်ထိုအသင်းက ထက်ထက်ဇော်ကရရှိပါတယ်။ ဂိုးသွင်း အများဆုံးဆုကိုတော့ သံဖြူဇရပ်အသင်းက စောသာကီးက ရရှိသွားခဲ့ပါတယ်။ ကျင်းပစဉ်တလျှောက်လုံး အစစအရာရာ အဆင် ပြေစွာကျင်းပနိုင်ခဲ့ပါတယ်” ဟု ရေးမြို့နယ် အားကစားမှူး ဒေါ်ခိုင်ခိုင်မိုးက ပြောသည်။ ရေးမြို့နယ်အသင်းအနေဖြင့် ဆီမီးအဆင့်ထိသာ တက်ရောက်နိုင်ခဲ့သည့်အတွက် စိတ်မကောင်း…
မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး Ocean Super Center ဇန်နဝါရီတွင် ဖွင့်မည်
Ocean Super Center အုပ်စုတွင် နေပြည်တော်ပြီးလျှင် ဒုတိယ အကြီးဆုံးဖြစ်သော မော်လမြိုင် Ocean Super Center ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဟု သိရသည်။ မော်လမြိုင် Ocean Super Center ဘိုကုန်းရပ်ရှိ သံလွင်ဥယျာဉ်မြေနေရာတွင် ၂၀၁၄ ခုနှစ် ဧပြီလခန့်က စတည် တည်ဆောက်ခဲ့သည်။…
မြဝတီ ဒေသခံအများစု မဲပေးပုံ ပေးနည်းနှင့်ပတ်သက်ပြီး အားနည်းမှုရှိနေဆဲ
အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပရန် ရက်အနည်းငယ်သာ ကျန်ရှိတော့သော်လည်း မြဝတီမြို့နယ်အတွင်းရှိ မဲဆန္ဒပြည်သူလူထုအများစုက မဲပေးပုံ ပေးနည်းနှင့် ပတ်သက်သည့် ဗဟုသုတ သိရှိနားလည်မှု အားနည်းနေဆဲဖြစ်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူနှင့် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးနေသူတို့ထံမှ သိရသည်။ ဒေသခံမဲဆန္ဒရှင်တို့က မဲပေးခြင်းဖြင့် နိုင်ငံသားတစ်ယောက်၏ တာဝန် ကျေပြွန်ရမည်ဟူသော ခံယူချက်ရှိကြသာ်လည်း လွှတ်တော်အသီးသီးအတွက် အနည်းဆုံးမဲ (၃) ပြားပေးရန်နှင့် တိုင်းရင်းသားဖြစ်ပါက နောက်ထပ်…
လုပ်ပိုင်ခွင့်ကို မည်သူ စိစစ်မလဲ ပြည်သူလူထုရဲ့နစ်နာမှုကို ဘယ်လိုတာဝန်ယူမလဲ
ပေါင်မြို့နယ်အတွင်းက သဲကုန်း၊ ကျုံထော်၊ ဖြူဘ၊ ရွာတန်းရှည်ကျေးရွာတွေက လမ်းမြေဧက ၁၀၀၀၀ ကျော်ကို ကတိုက်ရေလှောင်တမံက အကျိုးပြုနေကြောင်း သထုံမြို့ အမှတ် ၈၈ စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးမှုး ဦးရကိုင်တန်း က ပြောပါတယ်။ ၂၀၁၅ ခုနှစ်အတွင်းမှာ ကတိုက်ကျေးရွာနဲ့ အင်းပြောင်ကျေးရွာတွေမှာ ကျောက်မိုင်း ၅ ခုလာ ရောက်လုပ်ကိုင်နေလို့ ဦးမောင်မိဦးစီးပြီး ဒေသခံ (၇၀၀) လက်မှတ်ရေးထိုးထားတဲ့တိုင်စာကို…
ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မုဒုံတွင် ဇုန် ၇ ခု သတ်မှတ်ပြီး လုံခြုံရေးစောင့်ကြပ်မည်
နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပ နိင်ရေးအတွက် မုဒုံမြို့နယ်အတွင်းတွင် ဇုန် ၇ ခု သတ်မှတ်ပြီး လုံခြုံရေး အပြည့်အဝဆောင်ရွက်သွားမည်ဟု မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ မုဒုံအတွင်း ရပ်ကွက် ၉ ခုနှင့် ကျေးရွာအုပ်စု ၃၃ အုပ်စုအတွက် မဲရုံ ၁၀၂ ရုံတွင် ဇုန်…
လုံခြုံရေးအခြေအနေအရ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျေးရွာအုပ်စု (၄၁) ခု မဲရုံမဖွင့်လှစ်နိုင်
လက်ရှိအခြေအနေအရ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျေးရွာအုပ်စု (၅၁) ခုရှိသည့်အနက် ဒေသအတွင်း လုံခြုံရေးအခြေအနေကြောင့် ကျေးရွာအုပ်စု (၄၁) ခုတွင် မဲရုံဖွင့်လှစ်နိုင်ခြင်း မရှိသည့်အတွက် ဒေသခံများ မဲပေးခွင့် အခွင့်အလမ်းနည်းပါးတယ်လို့လည်း ဦးကျော်ဝင်းမောင်က ပြောသည်။
သုဝဏ္ဏဘူမိမြို့ဟောင်းကို ဒီဇင်လဆန်းတွင် ဆက်လက်တူးဖော်မည်
သုဝဏ္ဏဘူမိမြို့ဟောင်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီးဌာန၏ ရံပုံငွေ ကျပ်သိန်း ၈၀၀ နှင့် အလှူရှင်မှရရှိထားသည့် ကျပ်သိန်း ၃၀၀ စုစုပေါင်း ကျပ်သိန်း ၁၁၀၀ ဖြင့် ဒီဇင်ဘာလဆန်းတွင် ဆက်လက်တူးဖော်သွားမည်ဟု မွန်ပြည်နယ် စီမံ/စီးပွား ဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြောသည်။ ဆက်လက်တူးဖော်ရန်အတွက် မြို့ရိုး မြို့ဝင်ပေါက် မြို့အဝင်ဂိတ်နှင့် နန်းတော်လိုနေရာမျိုးတွေ့ရှိနိုင်သည့် နေရာ ၈…
စတုတ္ထအကြိမ် တိုင်းရင်းမီဒီယာညီလာခံကို မြောက်ဦးမြို့တွင် ကျင်းပမည်
စတုတ္ထအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံကို ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကျင်းပသွားမည်ဟု သိရသည်။ စတုတ္ထအကြိမ် တိုင်းရင်းမီဒီယာညီလာခံ ကျင်းပနိုင်ရန်အတွက် ရခိုင်သတင်းမီဒီယာများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းတို့ အောက်တိုဘာ ၂၅ ရက်နေ့တွင် ဆွေးနွေးခဲ့ကြပြီး ထိုကဲ့သို့ ဆုံးဖြတ်ချက် ချခဲ့ကြသည်။ ညီလာခံကို မြောက်ဦးမြို့တွင် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ထိ ကျင်းပသွားမည်ဟုလည်း…