မုဒုံမြို့နယ်တွင် မဲဆန္ဒရှင် ၃၈ ဒသမ ၂၇ ရာခိုင်နှုန်းသာ လာရောက်မဲပေး

“ဆန္ဒမဲတော့ပေးချင်ပါရဲ့ ဒါပေမဲ့ပြည်သူများ လွယ်ကူလျင်မြန်စွာ မဲပေးနိုင်ဖို့ မဲရုံဝန်ထမ်း လုံလုံလောက်လောက်မရှိသာရယ်၊ မဲရုံဝန်ထမ်းတွေက လုပ်ငန်းမကျွမ်းကျင်သာတွေကြောင့် အချိန်ကြန့်ကြာတယ်၊ ပြည်သူတွေကနေပူထဲမှာ အချိန်အကြာကြီး ရပ်စောင့်နေရတယ်၊ ဒါတွေဟာဆန္ဒမဲပေးမှုကို အဟန့်အတားဖြစ်စေတယ်၊ နောက်ပြီး ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်သူကလည်း စိတ်ဝင်စားမှုနည်းပါးတယ်၊ အသိပညာပေးမှုတွေလည်း မရှိသလောက် နည်းတယ်လေ” ဟု မြို့မ (၁) ရပ်ကွက်မှ ကိုငယ်လေးက ပြောသည်။

မွန်ပါတီ အားလုံးပေါင်း အမတ်နေရာ ၄ နေရာသာနိုင်

နိုဝင်ဘာလ ၈ ရက်ကကျင်းပသည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်တွင် လွှတ်တော်သုံးရပ်အတွက် မဲဆန္ဒနယ် ၄၅ နေရာရှိသည့်အနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က ၄၀ နေရာ၊ မွန်အမျိုးသားပါတီက ၃ နေရာ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ၁ နေရာနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁ နေရာ အသီးသီးအနိုင်ရသည်ဟု အထက်ပါ စာရင်းအရ…

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ မွန်အမတ် ၂ ဦး ထပ်နိုင်

အနိုင်ရရှိသည့် ၉၀ မွန်အမတ်ဟောင်း ၂ ဦးမှာ မုဒုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) တွင် ဝင်ပြိုင်ခဲ့သည့် ဒေါက်တာမင်းကြည်ဝင်းနှင့် ရေးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) တွင် ဝင်ပြိုင်သည့် ဒေါက်တာမင်းစိုးလင်းတို့ ဖြစ်သည်။

ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲအပြီး ရေးမြို့အတွင်း အရောင်းအဝယ်အေး

“ရွေးကောက်ပွဲမတိုင်မီ ၅ ရက်လောက်ကတည်းက အလုပ်လာအပ်တဲ့သူ ပါးသွားတာ ခုထက်ထိပဲ၊ ကျွန်တော်တို့တွေ ကိုယ်တိုင်လည်း ရင်ထဲမှာ တစ်မျိုးပါပဲ၊ အလုပ်လုပ်ချင်စိတ် မရှိဘူး၊ ရလာဒ်ကို ရင်ခုန်နေပါတယ်။ ဒါပေမယ့် ခုလို အေးအေးချမ်းချမ်း ပြီးသွားတာကတော့ ရင်အေးရပါတယ် ” ဟု စတီးလ်လုပ်ငန်း လုပ်ကိုင်သူ ကိုဆန်းက ပြောသည်။

ကရုပ္ပိကျေးရွာရှိ မဲရုံ(၂)ရုံလုံး၏ မဲရုံပရဝဏ်အတွင်း ဓါတ်ပုံရိုက်ခွင့်မပေး

သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာရှိ မဲရုံ(၂)ရုံစလုံး၏ မဲရုံပရဝဏ်အတွင်းရော၊ ပြင်ပရောတွင် အထက်၏ ညွှန်ကြားချက်အရ ဓါတ်ပုံရိုက်ခွင့် လုံးဝမပြုကြောင်း ထိုနေရာရောက်ရှိနေသည့် သံလွင်တိုင်းမ် သတင်းထောက်မှ သတင်းပေးပို့ပါသည်။

ကျိုက်ထိုမြို့နယ် ဇေယျာမွန်ရပ်ကွက် မဲရုံအမှတ်(၂) ရလဒ်

ပြည်သူ့လွှတ်တော် NLD – 551 USDP – 206 ဖြင့် NLD ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်အနိုင်ရရှိပြီး မဲရေတွက်မှု ပြီးဆုံးကြောင်း သိရသည်။

မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် မဲရုံအမှတ်(၅)ရလဒ် NLD အနိုင်ရ

ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ကြိုတင်မဲ နိုင်သောင်းညွန့် NLD – ၅၅ မဲ ဦးလွင်မိုး USDP – ၃၀ မဲ မင်းဇေယျာဦး MNP – ၁၁ မဲ ဦးသောင်းဝင်း (တစ်သီးပုဂ္ဂလ) – ၅ မဲ ဦးအောင်ကိုကို NDP – ၆ မဲ ပယ်မဲ – ၄…

သံဖြူဇရပ် မဲဆန္ဒနယ်ရှိ ပြည်ပကြိုတင် မဲပုံးအားလုံး USDP အနိုင်ရ

ပြည်ပမှရောက်ရှိလာသော ကြိုတင်မဲပုံးများကို ရေတွက်ရာတွင် သံဖြူဇရပ်မဲဆန္ဒနယ်ရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) သုံးခုစလုံးတွင် USDP မှ အနိုင်ရရှိနေကြောင်း သိရသည်။

လမိုင်းပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် NLD နိုင်ပြီး ပြည်နယ်လွှတ်တော်တွင် MNP အနိုင်ရ

ရေးမြို့နယ် လမိုင်းမဲဆန္ဒနယ်တစ်ခုလုံးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကို NLD မှ အနိုင်ရပြိး ပြည်နယ်လွှတ်တော်ကို MNP မှ အနိုင်ရရှိခဲ့သည်။ ထို့အပြင် တိုင်းရင်းသား လွှတ်တော်အားလုံးကိုလည်း NLD မှ အနိုင်ရရှိကြောင်း သိရသည်။

မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာမဲရုံ(၃)တွင် မဲပေးခွင့်မရှိသော ရွှေ့ပြောင်းလုပ်သား(၅၀)ခန့် မဲလာပေး

ရွှေ့ပြောင်းလုပ်သား (၅၀)ဦးခန့်ကို ကားဖြင့်ခေါ်လာပြီး မဲပေးရန် ပြင်ဆင်နေစဉ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ မဲရုံကိုယ်စားလှယ်မှ ကန့်ကွက်မေးမြန်းရာ မဲစာရင်းတွင် ပါဝင်ခြင်းမရှိပဲ ခေါ်၍ လိုက်လာကြောင်း၊ မဲလာပေးကြောင်း ပြန်လည်ဖြေဆိုခဲ့