ချောင်းဆုံမြို့နယ် NLD ရုံး ဗုံးခွဲ ဖျက်စီးခံရ ၊ ပေါက်ကွဲမှု ပြင်းထန်လို့ ဘေးပတ်ဝန်းကျင် နေအိမ်တွေပါ ပျက်စီး
မော်လမြိုင် ၊ နိုဝင်ဘာ (၁၃) နိုဝင်ဘာလ (၁၂)ရက်နေ့ ညပိုင်းမှာ ချောင်းဆုံမြို့နယ် ၊ မြို့မရဲစခန်းရှေ့မှာရှိတဲ့ NLD ပါတီရုံး ဗုံးဖောက်ခွဲ ဖျက်ဆီးခံခဲ့ရပါတယ်။ ပေါက်ကွဲမှုဟာ အဆောက်အဦးတစ်ခုလုံးနီးပါး ပျက်စီးတဲ့အထိ ပြင်းထန်ခဲ့ပြီး ဘေးပတ်ဝန်းကျင် နေအိမ်အချို့ပါ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက အတည်ပြုပြောဆိုပါတယ်။ လက်ရှိမှာတော့ အခင်းဖြစ်ပွားရာနေရာကို ရဲနဲ့စစ်သားတွေက ပိတ်ဆို့ပြီး စစ်ဆေးတာတွေကို လုပ်ဆောင်နေပါတယ်။ “…
CDM လုပ်ပြီး ရုံးပြန်တက်တဲ့ ဝန်ထမ်းတွေကို လျှို့ဝှက်အကြောင်းအရာတွေ အသိမပေးဖို့ စစ်ကောင်စီ ညွှန်ကြား
မော်လမြိုင် ၊ နိုဝင်ဘာ (၁၃) CDM လုပ်ပြီး ရုံးပြန်တက်တဲ့ ဝန်ထမ်းတွေကို အရေးကြီးတဲ့ လမ်းညွှန်ချက်တွေနဲ့ လျှို့ဝှက်အကြောင်းအရာတွေကို အသိမပေးဖို့ စစ်ကောင်စီ ညွှန်ကြားထားတယ်လို့ Non CDM ဝန်ထမ်းတွေက ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ဌာနဆိုင်ရာတွေရဲ့ အရေးကြီးသတင်းတွေ ပေါက်ကြားမှုများရှိနေတဲ့အတွက် CDM လုပ်ပြီး ရုံးပြန်တက်တဲ့ ဝန်ထမ်းတွေအပေါ် သံသယရှိနေတာပါ။ ဒါကြောင့် စစ်တပ်…
Radio Than Lwin Times(Episode 11/11)
https://www.youtube.com/embed/GkLhFtgbDEw
ညှိနှိုင်းလုပ်ဆောင်မှုပြီးသည့်အခါ မလေးရှား-စင်ကာပူ ကုန်းလမ်းခရီးဆက်သွယ်ရေးပြန်လည်ဖွင့်လှစ်မည်
စင်ကာပူ၊ နိုဝင်ဘာ ၁၁ စင်ကာပူနှင့် မလေးရှားနှစ်နိုင်ငံအကြား လေကြောင်းခရီးသွားများအတွက် ကာကွယ်ဆေးထိုးပြီး ခရီးသွားခြင်းအစီအစဉ်ကို လာမည့် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး လာမည့်ကာလများတွင် နှစ်နိုင်ငံအကြား ပြန်လည်ဖွင့်လှစ်လာမည့် အခြားသော အစီအစဉ်များအတွက် ပထမခြေလှမ်းဖြစ်သည်ဟု မလေးရှားနိုင်ငံက အဆင့်မြင့်အရာရှိတဦးက ပြောလိုက်ပါတယ်။ အဆိုပါပုဂ္ဂိုလ် ပြောကြားချက်အရ မလေးရှားနှင့် စင်ကာပူနိုင်ငံအတွင်းရှိ သက်ဆိုင်ရာ အေဂျင်စီများ သည် ကျန်းမာရေး၊…
မွန်ပြည်နယ် ရော်ဘာဈေးနှုန်း တဖြည်းဖြည်း ပြန်လည် ကျဆင်းလာ
မော်လမြိုင် ၊ နိုဝင်ဘာ (၁၂) မွန်ပြည်နယ်မှာတော့ အဖွင့်ရာသီမှာ ဈေးကောင်းခဲ့တဲ့ ရော်ဘာဈေးဟာ နိုဝင်ဘာပထမအပတ်ကစပြီး တဖြည်းဖြည်း ပြန်လည် ကျဆင်းလာတယ်လို့ ရော်ဘာရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။ ရော်ဘာဈေးဟာ ကမ္ဘာ့ရော်ဘာဈေး ကျဆင်းလာတာ၊ ငွေကြေး မူဝါဒနဲ့ စစ်ကောင်စီရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေကြောင့် ငွေကြေးမလည်ပတ်နိုင်လို့ ဈေးနှုန်းကျဆင်းလာတာ ဖြစ်ပါတယ်။ အခုလို ဈေးနှုန်းကျဆင်းနေပေမယ့် ရော်ဘာစေးထွက်အား ကောင်းနေတာကြောင့်…
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့် လျှောက်ထားဖို့ ညွှန်ကြားတဲ့အပေါ် ကျောင်းသားမိဘတွေ ဝေဖန်
မော်လမြိုင် ၊ နိုဝင်ဘာ (၁၂) အာဏာသိမ်း စစ်ကောင်စီက အခြေခံပညာကျောင်းတွေကို နိုဝင်ဘာလ ၁ ရက်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားဖို့ ညွှန်ကြားလိုက် တဲ့အပေါ် မဖြစ်သင့်ဘူးလို့ ကျောင်းသားမိဘတွေက ဝေဖန်လိုက်ပါတယ်။ အခြေခံပညာကျောင်းတွေ ဖွင့်လှစ်ပြီး ရက်ပိုင်းအကြာမှာပဲ စစ်ကောင်စီ လက်အောက်ခံ ပညာရေး ဝန်ကြီးဌာနက ၂၀၂၂…
Radio Than Lwin Times(Episode 10/11)
https://www.youtube.com/embed/rxNHs290H68
တနင်္သာရီဝန်ကြီးချုပ် ဦးမြင့်မောင်ကို အလုပ်နဲ့ ထောင်ဒဏ် ၁၁ နှစ် အမိန့်ချမှတ်
ထားဝယ်၊ နိုဝင်ဘာလ ၁၁ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်ကို ထားဝယ်အကျဉ်းထောင် အထူးတရားရုံးမှ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ အလုပ်နဲ့ထောင်ဒဏ် ၁၁ နှစ် ကျခံရန်အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ဦးမြင့်မောင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၂၅၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉ တို့နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။ ယနေ့မှာ တရားစွဲဆိုခံထားရတဲ့ ပုဒ်မတွေနဲ့ ဝန်ကြီးချုပ်…
ထိုင်းနိုင်ငံ အခြေခံဥပဒေခုံရုံးမှ ဘုရင်အုပ်ချုပ်မှု ဆန့်ကျင်သည့် တက်ကြွလှုပ်ရှားသူများကို စီရင်ချက်ချမည်
ဘန်ကောက်၊ နိုဝင်ဘာ ၁၀ ထိုင်းဘုရင်အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရန်အတွက် တောင်းဆိုဆန္ဒပြသူများကို ထိုင်းတော်ဝင် အင်စတီကျူးရှင်း ဖြုတ်ချရေးကို အကာအကွယ်ပြုထားသည့် စစ်တပ်မှ ရေးဆွဲထားသော ပြဌာန်း ချက်ကို ချိုးဖောက်ခြင်းရှိ မရှိ ထိုင်းနိုင်ငံ၏ အခြေခံဥပဒေဆိုင်ရာခုံရုံးမှ နိုဝင်ဘာလ (၁၀) ရက်နေ့တွင် စီရင်ဆုံးဖြတ်မည်။ အကြီးတန်းအကြံပေးပုဂ္ဂိုလ်သည် ထိုင်း တက်ကြွလှုပ်ရှားသူ ၃ ဦးနှင့် ပတ်သက်သည့် တိုင်တန်းချက်ကို စုံစမ်းစစ်ဆေးရေးအရာထံသို့…
ထိုင်းကို တရားမဝင် နယ်စပ်ဖြတ်ကျော်တဲ့ အမျိုးသမီးအချို့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရ
မော်လမြိုင် ၊ နိုဝင်ဘာ (၁၁) ထိုင်းနိုင်ငံထဲကို တရားမဝင် လမ်းကြောင်းက ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတဲ့အတွက်ကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံကို တရားမဝင် လမ်းကြောင်းတွေကနေ နေ့စဉ်ဝင်ရောက်နေကြတာ ဖြစ်ပါတယ်။ တရားမဝင် လမ်းကြောင်းက…