Radio Than Lwin Times(Episode 27/3)
Sound Cloud Link
Radio Than Lwin Times(Episode 26/3)
Sound Cloud Link
ကူးစက်မှု (၅၉၈၂)ယောက်တွေ့ခဲ့တဲ့ ရှန်ဟိုင်းမှာ အုပ်ချုပ်ရေးအဖွဲ့တွေကကန်သတ်မှုတိုးမြှင့်
ဘန်ကောက် – မတ် ၃၁ ကူးစက်မှုဖြစ်ရပ်အသစ် (၅၉၈၂)ယောက်ရှိလာတယ်လို့ သတင်းအစီရင်ခံပြီးနောက် ဒီနေ့ မတ်လ(၃၀) ရက်နေ့ကစပြီး ရှန်ဟိုင်းမြို့အနောက်ဘက်တချို့နေရာတွေကို သတ်မှတ်အချိန်ဇယားထက်စောပြီး ပိတ်ထားလိုက်ပြီလို့သိရပါတယ်။ မြို့အရှေ့ဘက်နေထိုင်သူတွေကိုတော့ ပြီးခဲ့တဲ့ တနင်္လာနေ့ကစပြီး အသွားအလာကန့်သတ်ထားတာဖြစ် ပြီး အနောက်ဘက်ပိုင်းကိုတော့ သေကြာနေ့က (၄) ရက်ကြာအသွားအလာကန့်သတ်မှုစတင်ဖို့ တရားဝင်ကြေငြာချက်ထုတ်ပြန်ထားတာပါ။ လူ၂.၅ သန်းနေထိုင်တဲ့ မြို့အနောက်တောင်ဘက် မင်ဟန်ခရိုင်မှာလည်းအများပြည်သူ ဘတ်စ်ကား ဝန်ဆောင်မှုတွေကို ဧပြီ…
အာဖဂန်နစ္စတန်အရေးအတွက် ကမ္ဘာ့အင်အားကြီး(၃)နိုင်ငံနဲ့ပါကစ္စတန်နိုင်ငံတို့တွေ့ဆုံဆွေးနွေးမယ်
ဘန်ကောက်- မတ်၃၁ အာဖဂန်နစ္စတန်အရေးနဲ့ပတ်သက်ပြီး အမေရိကန်၊ တရုတ်၊ ရုရှားနဲ့ ပါကစ္စတန်နိုင်ငံတို့ ဧပြီလပထမပတ် မှာ တွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်လို့ တရုတ်နဲ့အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနတွေပြောပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို တရုတ်နိုင်ငံ မှာ ဆွေးနွေးသွားမှာဖြစ်ပြီး တာလီဘန်ကိုယ်စားလှယ်တွေကို ဖိတ်ကြား ထားတယ်လို့ သိရပါတယ်။ အာဖဂန်နစ္စတန်အတွက် အမေရိကန် အထူးကိုယ်စားလှယ် တွန်ဝက်စ် ဟာ Extended Troika လို့ခေါ်တဲ့ ကမ္ဘာ့အင်အားကြီး(၃) နိုင်ငံနဲ့…
MU 5735 လေယာဥ်ပျက်ကျမှုစုံစမ်းစစ်ဆေးဖို့ အမေရိကန်နိုင်ငံသားတွေကို တရုတ် ဗီဇာထုတ်ပေး
ဘန်ကောက် – မတ်၃၁ China Eastern Airlines ဘိုရင်း 737-800 ပျက်ကျမှု စုံစမ်းစစ်ဆေးဖို့ အတွက် အမေရိကန် စုံစမ်းစစ်ဆေးသူတွေနဲ့ နည်းပညာအကြံပေးတွေကို တရုတ်နိုင်ငံက ဗီဇာခွင့်ပြုပေးခဲ့တယ်လို့အမေရိကန်ပြည်ထောင်စုဆိုင်ရာ သယ်ယူပို့ဆောင်ရေးနဲ့လုံခြုံရေးဘုတ်အဖွဲ့ NTSB က ပြောပါတယ်။ NTSB အဖွဲ့ဝင်တွေအပြင် ဖက်ဒရယ် လေယာဥ်ထုတ်လုပ်မှု အတတ်ပညာ စီမံခန့်ခွဲ့ရေး၊ ဘိုရင်း ကုမ္ပဏီနဲ့737-800 အင်ဂျင်ထုတ်လုပ်တဲ့ CFM…
တောင်ပျောက်မှာ စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ ထွက်ပြေး
မော်လမြိုင် ၊ မတ် (၃၁) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်မှာ စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။ အင်အား ၂၀၀ လောက်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာ တောင်ပျောက်တိုက်နယ်ထဲက သဲချောင်းကြီးကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့…
ကရင်နီလူငယ်တွေရဲ့ တော်လှန်ရေးအတွက် လက်နက်နှင့်ကျည်တွေ လိုအပ်နေ
မော်လမြိုင် ၊ မတ် (၃၁) အာဏာသိမ်း စစ်ကောင်စီကို တိုက်ထုတ်ဖို့ ကရင်နီလူငယ်တွေ တော်လှန်ရေးမှာ ပိုမို ပါဝင်လာတာကြောင့် လက်နက်နှင့်ကျည်တွေ လိုအပ်နေတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ ကရင်နီပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေ ပစ်ခတ်သတ်ဖြတ်တာ၊…
အပစ်ရပ် ထိပ်သီးခေါင်းဆောင် ညီလာခံမှာ နိုင်ငံရေးလမ်းပြမြေပုံ ဆွေးနွေး အတည်ပြုမည်
မော်လမြိုင် ၊ မတ် (၃၁) NCA စာချုပ်မှာ ပါဝင် လက်မှတ်ရေး ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်တွေရဲ့ စတုတ္ထအကြိမ် ညီလာခံ (ဒုတိယပိုင်း)မှာ နိုင်ငံရေးလမ်းပြမြေပုံ ဆွေးနွေး အတည်ပြုမယ်လို့ PPST ပြောခွင့်ရ ရဲဘော်မျိုးဝင်းက ပြောပါတယ်။ အပစ်ရပ် ထိပ်သီးခေါင်းဆောင်တွေရဲ့ စတုတ္ထအကြိမ် ညီလာခံ (ဒုတိယအပိုင်း)ကိုတော့ မတ်လ ၂၉ ရက်နေ့ကနေ…
Two children shot dead in Thaton clash
Mawlamyine, March (30) Thaton Township, Two children were shot dead in a clash near the Yangon-Mawlamyine highway, Kamar Sai Village in Thaton Township between the military forces and the KNLA…
Tour guides says military council’s international tourism business will not succeed
Mawlamyine, March (30) The international tourism development plan being prepared by the junta to reopen in April will not succeed, the tour guides said. The coup council is preparing to…