နောင်ချိုမှာ စစ်တပ်လက်နက်ကြီးကြောင့် အရပ်သားသုံးဦးဒဏ်ရာရ
နောင်ချို၊ ဒီဇင်ဘာ ၁၀ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။ မနေ့ ဒီဇင်ဘာ ၉ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်က သရက်ကုန်းတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ ဆမ္မဆယ်ကျေးရွာဘက်ကို လက်နက်ကြီးသုံးလုံးထက်မနည်း ပစ်ခတ်ခဲ့တာပါ။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆမ္မဆယ်ကျေးရွာရှိ အမှတ် ၁…
စစ်အာဏာသိမ်း (၁၄၀၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၀၂၅) ဦးအထိရှိလာ
မော်လမြိုင်၊ ဒီဇင်ဘာ၉ AAPP ရဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၀၈) ရက်အတွင်း ပြည်သူ (၆၀၂၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၈၁၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၆၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…
ရွေးကောက်ပွဲကို စောင့်ကြည့်ခွင့်ပြုမယ်လို့ စစ်ကောင်စီဝါဒဖြန့်
နေပြည်တော် ၊ ဒီဇင်ဘာ ၁၀ လာမယ့်နှစ် ကျင်းပမယ့် ရွေးကောက်ပွဲမှာ နိုင်ငံတကာ ထောက်ခံမှုရဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီက ပြည်တွင်းပြည်ပ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို စံနှုန်းနဲ့အညီ ခွင့်ပြုသွားမယ်လို့ ရွေး ကောက်ပွဲကော်မရှင်က ပြောလာပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့က စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့မှတ်ပုံတင်ခွင့်ပြုပြီးတဲ့ နိုင်ငံရေးပါတီ ၅၀ ကျော်တို့ တွေ့ဆုံခဲ့ကြချိန်မှာ ကော်မရှင်ဥက္ကဋ္ဌဦးကိုကိုက ထည့်သွင်းပြောကြားခဲ့တာပါ။ ပွင့်လင်းမြင်သာတဲ့…
သထုံခရိုင်မှာ အခုရက်ပိုင်းအတွင်း ဒေသခံ ၆၀ ထက်မနည်းဖမ်းဆီးခံရ
သထုံ၊ ဒီဇင်ဘာ ၁၀ မွန်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း ဒေသန္တရအမိန့် ဖောက်ဖျက်မှုစွပ်စွဲချက်နဲ့ ဒေသခံ ၆၀ ထက်မနည်း ဖမ်းဆီးခံထားရပြီး အဲဒီထဲကလူငယ်တချို့ စစ်သားစုဆောင်းခံထားရတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။ စစ်ကောင်စီဟာ ဒီဇင်ဘာ ၆ ရက်နေ့ကစပြီး သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ ပေါင်မြို့နယ်တို့မှာ အမျိုးသားနှစ်ယောက် ဆိုင်ကယ်အတူစီးနင်းမှုကို စီမံချက်အနေနဲ့ ဖမ်း ဆီးနေတာပါ။…
မော်လမြိုင်မှာ စစ်မှုထမ်းအငှားမရလို့ ဒေသတွင်းက လူငယ်တွေကိုဆင့်ခေါ်ဖို့ ပြင်ဆင်နေ
မော်လမြိုင် ၊ ဒီဇင်ဘာ ၁၀ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ပြည်သူ့စစ်မှုထမ်းအပတ်စဉ် ၈ အတွက် လူစားထိုးဖို့ လူငှားမရတာကြောင့် ဒေသတွင်းက လူငယ်တွေကို စစ်မှုထမ်းဆင့်ခေါ်ဖို့ ပြင်ဆင်နေတယ်လို့ အမည်မဖော်လိုတဲ့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေထံကနေ သိရပါတယ်။ အရင်ကစစ်မှုထမ်းဖို့အတွက် ဒေသတွင်းက လူငယ်တွေအစား ရွှေ့ပြောင်းလုပ်သားတွေနဲ့ ရပ်ကွက် တွေအတွင်းက ဆိုးသွမ်းသူတွေကို အခကြေးငွေပေးပြီး ငှားရမ်းအသုံးပြုခဲ့ရာမှ လက်ရှိမှာတော့ စစ်မှုထမ်းလူစားထိုး…
မင်းဘူး ရွှေစက်တော်ဘုရားအနီး စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ချထား
မကွေး ဒီဇင်ဘာ ၉ မကွေးတိုင်း မင်းဘူးမြို့နယ် ရွှေစက်တော်ဘုရားအနီးမှာ စစ်ကောင်စီက လုံခြုံရေး တိုးချတာ၊ လက်နက်ကြီး အထိုင်ချတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ဒုတိယပတ်ကစပြီးတော့ စစ်ကောင်စီနဲ့ ကာကွယ်ရေးအဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် ဒီဇင်ဘာ ၉ ရက်နေ့ကစလို့ လုံခြုံရေးထပ်ပြီးချလာတာ ဖြစ်ပါတယ်။ “အများစုကတော့ ပျူစောထီးနဲ့ ပြည်သူ့စစ်တွေများပါတယ်။…
လွှတ်တော် ဝင်ရောက် စီးနင်းသူတွေကို လွတ်ငြိမ်းခွင့်ပေးမယ်လို့ ထရန့် ပြော
ဝါရှင်တန်၊ ဒီဇင်ဘာ ၉ လာမယ့်လ သမ္မတ ရာထူး စတင် လက်ခံတဲ့ ပထမဆုံးရက်မှာပဲ ၂၀၂၁ ခုနှစ်တုန်းက လွှတ်တော်ထဲ ဝင်ရောက် စီးနင်းသူတွေကို ပြစ်ဒဏ် ကင်းလွတ်ခွင့် ပေးသွားမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ် ထရန့်က ပြောကြားလိုက်ပါတယ်။ လွှတ်တော်ထဲ ဝင်ရောက်စီးနင်းခဲ့သူတွေဟာ ငရဲခန်းတွေထဲမှာ နေနေရတယ်လို့ ထရန့်က…
နိုင်ငံကနေ ထွက်ပြေးလာတဲ့ ဆီးရီးယား သမ္မတကို ရုရှား ခိုလှုံခွင့်ပေးမယ်
မော်စကို၊ ဒီဇင်ဘာ ၉ ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်ဟာ ဒမတ်စကတ်မြို့က ထွက်ပြေးလာပြီးနောက် မော်စကိုသို့ ရောက်ရှိနေကြောင်း ရုရှား နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။ အာဆတ် အစိုးရရဲ့ အဓိက မဟာမိတ် ရုရှားက ဆီးရီးယားသမ္မတနဲ့ သူ့ရဲ့ မိသားစုကို ခိုလှုံခွင့် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ HTS က…
ထားဝယ်က ကျေးရွာချင်းဆက် တံတားတစ်ခုကို စစ်ကောင်စီတပ် မိုင်းခွဲဖျက်ဆီး
ထားဝယ်၊ ဒီဇင်ဘာ ၉ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာချင်းဆက် တံတားတစ်ခုကို မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေး အင်အားစုတွေထံက သိရပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ မောင်မယ်ရှောင်ကျေးရွာအုပ်စုထဲ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာ ၇ ရက်နေ့ နေ့လယ်ပိုင်းမှာတော့ မောင်မယ်ရှောင်ကျေးရွာနဲ့ ရေဝိုင်းကျေးရွာကြားရှိ ကင်းကုန်းတံတားကို မိုင်းခွဲဖျက်ဆီးခဲ့တာပါ။…
မောင်တောက နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ နခခ ၅ တပ်စခန်းကို AA သိမ်းပိုက်
မောင်တော၊ ဒီဇင်ဘာ ၉ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ ၅ ကို အပြီးသတ်သိမ်းယူနိုင်ခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မောင်တောမြို့မှာ စစ်ကောင်စီရဲ့ နောက်ဆုံးစခန်းဖြစ်တဲ့ နခခ ၅ ရှိ စစ်ကောင်စီတပ်ဖွဲ့တွေအားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားတာကြောင့်…